Renaissance Institute

Renaissance Institute The Renaissance Institute (RI) is a policy research institute focused on supporting the Myanmar

The Renaissance Institute (RI) is a policy research institute focused on supporting the Myanmar's economic reform.

COVID19 ရောဂါဖြစ်ပွားနေစဉ် ကာလအတွင်း စီးပွားရေး၊ ကုန်သွယ်ရေး၊ ဘဏ္ဍာရေး၊ ငွေရေးကြေးရေး ဆိုင်ရာအချက်အလက်များကို တစ်စုတစ်စည...
29/01/2021

COVID19 ရောဂါဖြစ်ပွားနေစဉ် ကာလအတွင်း စီးပွားရေး၊ ကုန်သွယ်ရေး၊ ဘဏ္ဍာရေး၊ ငွေရေးကြေးရေး ဆိုင်ရာအချက်အလက်များကို တစ်စုတစ်စည်းထဲ သိရှိစေရန် နေ့စဉ်တင်ပြသွားပါမည်။

ဤသတင်းလွှာများမှတစ်ဆင့် COVID19 ၏ စီးပွားရေးအပေါ် သက်ရောက်မှုများ၏ အတိုင်းအတာကို သိရှိနိုင်ရန်၊ သက်ရောက်မှုများကို အထိရောက်ဆုံးလျှော့ချနိုင်ရန်၊ ပြန်လည်ကုစားမှုများဆောင်ရွက်ရာတွင် သတင်းအချက်အလက်များက အထောက်အပံ့ဖြစ်စေရန် ရည်ရွယ်ပါသည်။

သတင်းများကို နေရာဒေသအလိုက်၊ အကြောင်းအရာများအလိုက် စစ်ထုတ်ရယူနိုင်ပါသည်။

https://docs.google.com/spreadsheets/d/1lPkVCpx93RhcFeZlyPRX9FRaCgdgib4Nmi0_y99eqRU/edit?ts=5e81aae9 =1758209966

၂၀၂၀ -၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ် မကွေးတိုင်းဒေသကြီး၏ ရသုံးခန့်မှန်းခြေငွေစာရင်းစာစောင်ကို မကွေးတိုင်းဒေသကြီး ရသုံးမှန်းခြေငွေ...
25/01/2021

၂၀၂၀ -၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ် မကွေးတိုင်းဒေသကြီး၏ ရသုံးခန့်မှန်းခြေငွေစာရင်းစာစောင်ကို မကွေးတိုင်းဒေသကြီး ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၊စီမံကိန်းရေးဆွဲရေးဦးစီးဌာန နှင့် Renaissance Institute တို့က ပူးပေါင်းထုတ်ဝေထားပါသည်။ ယခုစာစောင်တွင် မကွေးတိုင်းဒေသကြီး၏ ဘတ်ဂျက်ရငွေများ၊အသုံးစရိတ်ခွဲဝေလျာထားသုံးစွဲမှုများနှင့် အခြားစီမံကိန်းနှင့် ဘတ်ဂျက်သိကောင်းစရာများကို လွယ်လင့်တကူနားလည်နိုင်အောင် ရှင်းလင်းတင်ပြထားပါသည်။
မြန်မာဘာသာဖြင့် အောက်ပါအင်တာနက်စာမျက်နှာတွင် အသေးစိတ်ဖတ်ရှုနိုင်ပါသည်။
https://rimyanmar.org/en/publication/magway-region-citizens-budget-2020-2021-fiscal-year

အလုပ်ခေါ်ယူခြင်း~~~~~~~~~~~~~Renaissance Institute တွင် Program Associate ရာထူးဖြင့် တာဝန်ထမ်းဆောင်နိုင်ရန် ဖိတ်ခေါ်အပ်ပ...
22/01/2021

အလုပ်ခေါ်ယူခြင်း
~~~~~~~~~~~~~
Renaissance Institute တွင် Program Associate ရာထူးဖြင့် တာဝန်ထမ်းဆောင်နိုင်ရန် ဖိတ်ခေါ်အပ်ပါသည်။ ခေါ်ယူသည့်ရာထူးနှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို ဖတ်ရှု၍ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်နေ့မတိုင်မီ [email protected] ထံ email ပေးပို့ လျှောက်ထားနိုင်ပါသည်။
Download link:
https://drive.google.com/file/d/1NITfkq7FKCpMLNTd9Uor15icLyrO5JFI/view?fbclid=IwAR1SRd7eErhfgPV2FjuTP4Dc__6RKpHkXv2tQCIrknGC-6ru8vpKSLN9Ces

၂၀၂၀ -၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ် မန္တလေးတိုင်းဒေသကြီး၏ ရသုံးခန့်မှန်းခြေငွေစာရင်းစာစောင်ကို မန္တလေးတိုင်းဒေသကြီး ရသုံးမှန်းခြ...
17/01/2021

၂၀၂၀ -၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ် မန္တလေးတိုင်းဒေသကြီး၏ ရသုံးခန့်မှန်းခြေငွေစာရင်းစာစောင်ကို မန္တလေးတိုင်းဒေသကြီး ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန နှင့် Renaissance Institute တို့က ပူးပေါင်းထုတ်ဝေထားပါသည်။ ယခုစာစောင်တွင် မန္တလေးတိုင်းဒေသကြီး၏ ဘတ်ဂျက်ရငွေများ၊အသုံးစရိတ်ခွဲဝေလျာထားသုံးစွဲမှုများနှင့် အခြားစီမံကိန်းနှင့် ဘတ်ဂျက်သိကောင်းစရာများကို လွယ်လင့်တကူနားလည်နိုင်အောင် ရှင်းလင်းတင်ပြထားပါသည်။
မြန်မာဘာသာဖြင့် အောက်ပါအင်တာနက်စာမျက်နှာတွင် အသေးစိတ်ဖတ်ရှုနိုင်ပါသည်။
https://rimyanmar.org/en/publication/mandalay-region-citizens-budget-2020-2021-fiscal-year

၂၀၂၀ -၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ် ကရင်ပြည်နယ်၏ ရသုံးခန့်မှန်းခြေငွေစာရင်းစာစောင်ကို The Asia Foundation ၏ ဘဏ္ဍာငွေပံ့ပိုးမှုဖြ...
22/12/2020

၂၀၂၀ -၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ် ကရင်ပြည်နယ်၏ ရသုံးခန့်မှန်းခြေငွေစာရင်းစာစောင်ကို The Asia Foundation ၏ ဘဏ္ဍာငွေပံ့ပိုးမှုဖြင့် ကရင်ပြည်နယ် ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာနနှင့် Renaissance Institute တို့က ပူးပေါင်းထုတ်ဝေထားပါသည်။ ယခုစာစောင်တွင် ကရင်ပြည်နယ်၏ ဘတ်ဂျက်ရငွေများ၊အသုံးစရိတ်ခွဲဝေလျာထားသုံးစွဲမှုများနှင့် အခြား စီမံကိန်းနှင့် ဘတ်ဂျက်သိကောင်းစရာများကို လွယ်လင့်တကူနားလည်နိုင်အောင် ရှင်းလင်းတင်ပြထားပါသည်။
မြန်မာဘာသာဖြင့် အောက်ပါအင်တာနက်စာမျက်နှာတွင် အသေးစိတ်ဖတ်ရှုနိုင်ပါသည်။
https://rimyanmar.org/en/publication/kayin-state-citizens-budget-2020-2021-fiscal-year

ကိုဗစ်-၁၉ ကာလအတွင်း စည်ပင်သာယာရေးရငွေများကို စီမံခန့်ခွဲခြင်း-----------------------------------------------------------...
06/12/2020

ကိုဗစ်-၁၉ ကာလအတွင်း စည်ပင်သာယာရေးရငွေများကို စီမံခန့်ခွဲခြင်း
-------------------------------------------------------------------------------

ကိုဗစ်-၁၉ကပ်ရောဂါ၏ ဆင့်ကဲသက်ရောက်မှုများကြောင့် ကမ္ဘာ့နိုင်ငံအသီးသီး၌ နိုင်ငံရေးဖြစ်စဉ်အပါအဝင် လူမှုစီးပွားဘဝကဏ္ဍအသီးသီးတွင် ရုန်းကန်ရမှုများနှင့် ရင်ဆိုင်ရလျက်ရှိပါသည်။ မြန်မာနိုင်ငံတွင်လည်း ကိုဗစ်-၁၉ ကူးစက်ရောဂါ ပျံ့နှံ့မှုကို တားဆီးထိန်းချုပ်နိုင်ရန် ပြည်ထောင်စုအစိုးရအပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ် အစိုးရများမှ မူဝါဒများချမှတ်ဆောင်ရွက်နေကြသော်လည်း ကပ်ရောဂါ၏ နောက်ဆက်တွဲ သက်ရောက်မှုများကို အလုံးစုံထိန်းချုပ်ဟန့်တားနိုင်ရန်မှာ စိန်ခေါ်မှုများနှင့် ပြည့်နှက်နေဆဲဖြစ်ပါသည်။
မြန်မာနိုင်ငံရှိ စည်ပင်သာယာရေးအဖွဲ့များအနေဖြင့် ကိုဗစ်-၁၉ကပ်ရောဂါနှင့် ကာလရှည်ရင်ဆိုင်ရဖွယ်ရှိသည့် ယခုကဲ့သို့ အနေအထားတွင် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် လိုအပ်သည့် လုံလောက်သော ရငွေများ ရရှိနိုင်ရန် အခွန်ကောက်ခံခြင်းလုပ်ငန်းများကို မည်သို့ဆက်လက်ဆောင်ရွက်ကြမည်ဆိုသည်နှင့်စပ်လျဉ်း၍ ထိရောက်သော မူဝါဒများချမှတ်ဆောင်ရွက်သင့်ကြောင်းကို ယခုစာတမ်းတွင် အကြံပြုတင်ပြထားပါသည်။
“ စိန်ခေါ်မှုမှန်သမျှကို ပြေလည်စေရန် ဖြေရှင်းပေးနိုင်သည့် တစ်ခုတည်းသော မူဝါဒဖြေရှင်းချက်ဟူ၍ မရှိနိုင်ပါ ” ဆိုသည့် လက်တွေ့ကျမှုအပေါ်တွင် ဤမူဝါဒစာတမ်းပါ ဖြစ်ရပ်နမူနာပုံစံများကို အခြေခံတည်ဆောက်ထားခြင်း ဖြစ်ပါသည်။ ကိုဗစ်-၁၉ ကပ်ရောဂါ၏ သက်ရောက်မှုကြောင့် လူမှုစီးပွားဘဝနစ်နာရမှုများနှင့် ကြုံတွေ့နေရသည့် မြို့နေပြည်သူများနှင့် မြို့ပြဝန်ဆောင်မှုလုပ်ငန်းများဆက်လက်ဆောင်ရွက်နိုင်ရန် ခိုင်မာတောင့်တင်းသည့် ရန်ပုံ ငွေတစ်ရပ် လိုအပ်လျက်ရှိသည့် စည်ပင်သာယာရေးအဖွဲ့များအကြား လက်တွေ့အလုပ်ဖြစ်နိုင်သည့် မူဝါဒတစ်ရပ် ကို ချမှတ်နိုင်ရန်မှာ ကပ်ရောဂါကာလတွင် ဦးစားပေးစဉ်းစားသင့်ကြောင်းကို ယခုမူဝါဒစာတမ်းတွင် အခွန်အမျိုး အစားအလိုက် ပြည့်စုံစွာ နှိုင်းယှဉ်တင်ပြထားပါသည်။

မူဝါဒစာတမ်းအပြည့်အစုံကို အောက်ပါ link တွင် မြန်မာ၊ အင်္ဂလိပ်နှစ်ဘာသာဖြင့် ဝင်ရောက် ဖတ်ရှုနိုင် ပါသည်။
https://rimyanmar.org/en/publication/managing-municipal-revenues-time-covid-19

Renaissance Institute (RI) နှင့် Fulbright University Vietnam (FUV) တို့ ပူးပေါင်း၍ ပြည်သူ့ဘဏ္ဍာရေးဆိုင်ရာ Executive Lev...
04/12/2020

Renaissance Institute (RI) နှင့် Fulbright University Vietnam (FUV) တို့ ပူးပေါင်း၍ ပြည်သူ့ဘဏ္ဍာရေးဆိုင်ရာ Executive Level Training Course ကို အွန်လိုင်းမှတစ်ဆင့် zoom application အသုံးပြုပြီး ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၁ မှ ၄ ရက်နေ့အထိ ၄ ရက်တာ ပြုလုပ်ကျင်းပခဲ့ပါသည်။

ယခုသင်တန်းတွင် နေပြည်တော် ရုံးချုပ်များနှင့် တိုင်းဒေသကြီး၊ ပြည်နယ်များတွင် တာဝန်ထမ်းဆောင်နေသော ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာနနှင့် ပြည်တွင်းအခွန်များဦးစီးဌာန တို့မှ အဆင့်မြင့်အရာထမ်းများနှင့် မုံရွာစီးပွားရေးတက္ကသိုလ်မှ ပါမောက္ခများနှင့် Renaissance Institute မှ ဝန်ထမ်းများ စုစုပေါင်း ဦးရေ ၇၀ ကျော် တက်ရောက်ခဲ့ကြပါသည်။

သင်တန်းအစီအစဉ်တွင် စီမံအုပ်ချုပ်ရေးမျက်နှာစာ၌ ဗဟိုချုပ်ကိုင်မှုလျှော့ချခြင်း၊ ဘတ်ဂျက်နှင့် စီမံကိန်းရေးဆွဲခြင်းဆိုင်ရာ အမျိုးအစားများနှင့် စံနည်းလမ်းများ၊ အသုံးစရိတ်များ ဦးစားပေးရွေးချယ်ခြင်းနှင့် ကုန်ကျ စရိတ်-အကျိုးရလဒ်ဆန်းစစ်ခြင်း၊ ဘတ်ဂျက်ရငွေနှင့် အသုံးစရိတ်များ၏ စွမ်းဆောင်ရည်ကို ပြန်လည်ဆန်းစစ်ခြင်း နှင့် COVID-19 ကာလအတွင်း အကျပ်အတည်းစီမံခန့်ခွဲမှုစသည့် အကြောင်းအရာများကို Harvard University မှ Professor Jay Rosengard ၊ Fulbright University Vietnam မှ Professor Du The Huynh နှင့် ပြည်တွင်းပြည်ပ တတ်သိပညာရှင်များက ပါဝင်ပို့ချဆွေးနွေးခဲ့ပါသည်။

မြန်မာနိုင်ငံရှိ မြို့များကို ဘဏ္ဍာရေးအရ ခံနိုင်ရည်မြင့်မားစေရန် ဆောင်ရွက်ခြင်း-----------------------------------------...
03/12/2020

မြန်မာနိုင်ငံရှိ မြို့များကို ဘဏ္ဍာရေးအရ ခံနိုင်ရည်မြင့်မားစေရန် ဆောင်ရွက်ခြင်း
------------------------------------------------------------------------------------------

မိတ်ဆွေတို့အနေဖြင့် မိမိတို့နေ့စဉ်ဘဝတွင် မျှော်လင့်ထားခြင်းမရှိသည့် အရေးပေါ်ဖြစ်ရပ်များနှင့် ရင်ဆိုင်ရသည့် အခါ မည်သို့ တုံ့ပြန်တတ်ကြပါသနည်း။ ယေဘုယျအားဖြင့် မိမိတို့တစ်ဦးချင်းစီ၏ ကြိုတင်ပြင်ဆင်ထားနိုင်မှု အရည်အသွေး၊ စီးပွားရေးခိုင်မာတောင့်တင်းမှုတို့ပေါ်တွင် မူတည်ပြီး ထိုအရေးပေါ်ဖြစ်ရပ်၏ ပြင်းအားကို တစ်ဦး နှင့်တစ်ဦး သက်ရောက်မှုပမာဏ ကွဲပြားစွာ ခံစားရမည်သာဖြစ်ပါသည်။
အလားတူပင် ကိုဗစ်-၁၉ ကမ္ဘာ့ကူးစက်ရောဂါသည် အရေးပေါ်ဖြစ်ရပ်တစ်ခုဖြစ်သည့်အတွက် ထိုကပ်ရောဂါ နှင့် ရုတ်ခြည်းရင်ဆိုင်ရသည့်အခါ မြန်မာနိုင်ငံ၏စည်ပင်သာယာရေးအဖွဲ့များအနေဖြင့် ခံနိုင်ရည်သက်လုံ ကောင်းမွန်စွာ တုံ့ပြန်ဆောင်ရွက်နိုင်ကြပါသလား၊ အထူးသဖြင့် မိမိတို့၏ အခွန်ရငွေပေါ်တွင်သာ အားပြုရပ်တည်နေရသည့် စည်ပင်သာယာရေး အဖွဲ့များ အနေဖြင့် မမျှော်လင့်ထားသည့် ကိုဗစ်-၁၉ ကပ်ရောဂါနှင့် ရုတ်တရက် ရင်ဆိုင်ရသည့်အခါ မြို့ပြဝန်ဆောင်မှု လုပ်ငန်းများကို ပုံမှန်အတိုင်းဆက်လက်ဆောင်ရွက်နိုင်စေရန် လုံလောက်သည့် ဘဏ္ဍာရေးခံနိုင်ရည်ကို ပိုင်ဆိုင် ထားကြပါသလား။
အထက်ပါမေးခွန်းများနှင့်စပ်လျဉ်း၍ ယခုမူဝါဒစာတမ်းတွင် ဘဏ္ဍာရေးအရခံနိုင်ရည်မြင့်မားခြင်း၏ အဓိပ္ပာယ်ကို ကနဦးဖွင့်ဆိုတင်ပြထားပြီး မြန်မာနိုင်ငံ၏ စည်ပင်သာယာရေးအဖွဲ့များနှင့် ၎င်းတို့၏ လက်ရှိဘဏ္ဍာရေး စွမ်းဆောင်ရည်၊ ကြုံတွေ့နေရသည့် စိန်ခေါ်မှုများ၊ အရေးပေါ်ဖြစ်ရပ်များနှင့် ကြုံတွေ့လာရသည့်အခါ ဘဏ္ဍာရေး အရ ခံနိုင်ရည်မြင့်မားစေရန် ဆောင်ရွက်သင့်သည့် မူဝါဒပိုင်းဆိုင်ရာ အကြံပြုချက်များကို ကဏ္ဍအလိုက် ဆွေးနွေး တင်ပြထားပါသည်။

မူဝါဒစာတမ်းအပြည့်အစုံကို အောက်ဖော်ပြပါ link တွင် မြန်မာ၊ အင်္ဂလိပ်နှစ်ဘာသာဖြင့် ဝင်ရောက် ဖတ်ရှုနိုင် ပါသည်။
https://rimyanmar.org/en/publication/making-myanmars-cities-financially-resilient

အလုပ်ခေါ်ယူခြင်း~~~~~~~~~~~~~Renaissance Institute တွင် Program Associate ရာထူးဖြင့် တာဝန်ထမ်းဆောင်နိုင်ရန် ဖိတ်ခေါ်အပ်ပ...
28/08/2020

အလုပ်ခေါ်ယူခြင်း
~~~~~~~~~~~~~

Renaissance Institute တွင် Program Associate ရာထူးဖြင့် တာဝန်ထမ်းဆောင်နိုင်ရန် ဖိတ်ခေါ်အပ်ပါသည်။ ခေါ်ယူသည့်ရာထူးနှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို ဖတ်ရှု၍ ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့မတိုင်မီ [email protected] ထံ email ပေးပို့ လျှောက်ထားနိုင်ပါသည်။

Download link: https://drive.google.com/file/d/1_cbgmeldbdj4e3JXghulRHgR0eggRtiq/view?usp=sharing

တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရများက COVID-19 ကို မူဝါဒပိုင်းအရ တုံ့ပြန်ဆောင်ရွက်ရာတွင် အထောက်အပံ့ဖြစ်စေရန် Renaissance Ins...
03/08/2020

တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရများက COVID-19 ကို မူဝါဒပိုင်းအရ တုံ့ပြန်ဆောင်ရွက်ရာတွင် အထောက်အပံ့ဖြစ်စေရန် Renaissance Institute က တိုင်းဒေသကြီး၊ ပြည်နယ်ဆိုင်ရာ အနှစ်ချုပ်အချက်အလက်များကို စုစည်းထားပါသည်။ Renaissance Institute ၏ website page ၏ အောက်ပါ link များတွင် ဖတ်ရှုနိုင်ပါသည်။
https://rimyanmar.org/en/publication/covid-19-policy-makers-factsheet-mandalay
https://rimyanmar.org/en/publication/covid-19-policy-makers-factsheet-rakhine
https://rimyanmar.org/en/publication/covid-19-policy-makers-factsheet-sagaing
https://rimyanmar.org/en/publication/covid-19-policy-makers-factsheet-mon
https://rimyanmar.org/en/publication/covid-19-policy-makers-factsheet-tanintharyi
https://rimyanmar.org/en/publication/covid-19-policy-makers-factsheet-chin
https://rimyanmar.org/en/publication/covid-19-policy-makers-factsheet-bago
https://rimyanmar.org/en/publication/covid-19-policy-makers-factsheet-kachin
https://rimyanmar.org/en/publication/covid-19-policy-makers-factsheet-ayeyarwady
https://rimyanmar.org/en/publication/covid-19-policy-makers-factsheet-kayah
https://rimyanmar.org/en/publication/covid-19-policy-makers-factsheet-kayin
https://rimyanmar.org/en/publication/covid-19-policy-makers-factsheet-shan
https://rimyanmar.org/en/publication/covid-19-policy-makers-factsheetshan
https://rimyanmar.org/en/publication/covid-19-policy-makers-factsheetmagway
အချက်အလက်ကိုအခြေခံသော ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်စေရန်နှင့် လိုအပ်သော ကိန်းဂဏန်းအချက်အလက်တွေ စုစည်းထားနိုင်ရန် ရည်ရွယ်ပါသည်။ ထပ်မံဖြည့်စွက်ပေးစေလိုသောအချက်အလက်များရှိပါက messenger မှတဆင့် အကြံပြုပြောကြားစေလိုပါသည်။
Renaissance Institute is introducing Policy Maker's Fact-sheet for States and Regions in considering policy response related to COVID-19 and here available at:
https://rimyanmar.org/en/publication/covid-19-policy-makers-factsheet-mandalay
https://rimyanmar.org/en/publication/covid-19-policy-makers-factsheet-rakhine
https://rimyanmar.org/en/publication/covid-19-policy-makers-factsheet-sagaing
https://rimyanmar.org/en/publication/covid-19-policy-makers-factsheet-mon
https://rimyanmar.org/en/publication/covid-19-policy-makers-factsheet-tanintharyi
https://rimyanmar.org/en/publication/covid-19-policy-makers-factsheet-chin
https://rimyanmar.org/en/publication/covid-19-policy-makers-factsheet-bago
https://rimyanmar.org/en/publication/covid-19-policy-makers-factsheet-kachin
https://rimyanmar.org/en/publication/covid-19-policy-makers-factsheet-ayeyarwady
https://rimyanmar.org/en/publication/covid-19-policy-makers-factsheet-kayah
https://rimyanmar.org/en/publication/covid-19-policy-makers-factsheet-kayin
https://rimyanmar.org/en/publication/covid-19-policy-makers-factsheet-shan
https://rimyanmar.org/en/publication/covid-19-policy-makers-factsheetshan
https://rimyanmar.org/en/publication/covid-19-policy-makers-factsheetmagway
It is aimed for policymakers to make data-based decisions and to equip them with the required basic information. Further suggestions or comments are welcomed via messenger.

Address

Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

951555879

Alerts

Be the first to know and let us send you an email when Renaissance Institute posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share