Pawfection-Pet Hotel & Spa

Pawfection-Pet Hotel & Spa Your Pet's Luxury Escape Awaits at Pawfection! 🐾We're the premier hotel & spa, offering unmatched care and royal treatment for your cherished companion.
(1)

Because they deserve the very best!

ကျန်းမာပျော်ရွှင်ပြီး ဉာဏ်ရည်ထက်မြက်တဲ့ Pet လေးတွေဖြစ်ဖို့ IQ Training & Interactive Toys 🧠 🐾အိမ်မှာ ပျင်းနေတတ်တဲ့၊ ပစ္စ...
09/09/2026

ကျန်းမာပျော်ရွှင်ပြီး ဉာဏ်ရည်ထက်မြက်တဲ့ Pet လေးတွေဖြစ်ဖို့ IQ Training & Interactive Toys 🧠 🐾

အိမ်မှာ ပျင်းနေတတ်တဲ့၊ ပစ္စည်းတွေ ကိုက်ဖြက်တတ်တဲ့ သားသားမီးမီးတို့အတွက် ဦးနှောက်ဉာဏ်ရည်ဖွံ့ဖြိုးစေပြီး စိတ်ထွက်ပေါက်ရစေမယ့် IQ Training Toys Collection လေးတွေ Pawfection Pet Spa & Hotel မှာ မှာယူနိုင်ပါပြီ!

📦 Waiting Time: (၃) ရက် သာ ကြာမြင့်ပါမည်။

💡 IQ Training Toys တွေကို သားသားမီးမီးတို့ကို ဘာကြောင့် ပေးဆော့သင့်တာလဲ?

1. 10 Mins Sniffing = 1 Hour Walking
၁၀ မိနစ်လောက် အနံ့ခံပြီး ဉာဏ်စမ်းဆော့ကစားခြင်းဟာ ၁ နာရီနီးပါး ပြင်ပမှာ လမ်းလျှောက်သလိုမျိုး ခန္ဓာကိုယ်နဲ့ ဦးနှောက်စွမ်းအင်ကို ကုန်ဆုံးစေလို့ အိမ်ထဲမှာပဲ နေရတဲ့ ကလေးတွေအတွက် အထူးသင့်တော်ပါတယ်။

2.Prevents Destructive Behavior
ပျင်းရိခြင်းနဲ့ စွမ်းအင်ပိုလျှံခြင်းတွေကြောင့် ဖိနပ်၊ ဆိုဖာနဲ့ ပရိဘောဂတွေကို ကိုက်ဖြက်ဆော့ကစားတတ်တဲ့ အကျင့်ကို လျှော့ချပေးပြီး အရုပ်ဆီမှာပဲ အာရုံစိုက်သွားစေပါတယ်။

3. Eases Separation Anxiety
Pawrents အပြင်သွားချိန်မှာ ကျန်ခဲ့ရလို့ စိတ်ဓါတ်ကျခြင်း၊ စိုးရိမ်ပူပန်ခြင်းတွေကို သက်သာစေပြီး အရုပ်ထဲက အစာကို ရှာဖွေရတဲ့ ပျော်ရွှင်မှုနဲ့ အာရုံပြောင်းပေးထားနိုင်ပါတယ်။

4. Mental Stimulation
အစာရဖို့အတွက် တွန်းရမလား၊ ဆွဲရမလား၊ ခြေသည်းနဲ့ ယှက်ရမလားဆိုတာကို ကိုယ်တိုင် စဉ်းစားတွေးခေါ်ရတဲ့အတွက် ဦးနှောက်ဉာဏ်ရည်ကို အစဉ်အမြဲ ထက်မြက်နေစေပါတယ်။

5. Promotes Slow Feeding & Digestion
အစာကို ရုတ်တရက် မြန်မြန် စားသောက်တတ်တဲ့ Pet လေးတွေအတွက် အစာအန်ခြင်း၊ လေထခြင်းနဲ့ အစာမကြေခြင်းတို့မှ ကာကွယ်ပေးပြီး ဖြည်းဖြည်းချင်း ဝါးစားတတ်အောင် လေ့ကျင့်ပေးပါတယ်။

6. စိတ်ဖိစီးမှု လျှော့ချပေးပြီး စိတ်ဓာတ်ကျခြင်းမှ ကာကွယ်ပေးခြင်း (Reduces Stress & Boredom)

အနံ့ခံခြင်း (Sniffing) နဲ့ လျှာနဲ့ လျှက်ခြင်း (Licking) လုပ်ဆောင်မှုများသည် Pet လေးတွေရဲ့ ခန္ဓာကိုယ်ထဲမှာ စိတ်ငြိမ်စေတဲ့ Hormone များကို ထွက်ရှိစေလို့ စိတ်ဖိစီးမှုကို သိသိသာသာ လျော့ကျစေပါတယ်။

7. ရေချိုး/အမွှေးညှပ်ချိန် စိတ်ငြိမ်စေခြင်း (Easy Grooming & Bath Time Distraction)
Suction Lick Mat လေးတွေမှာ Peanut Butter (သို့) Wet Food လေးတွေ သုတ်ပြီး နံရံမှာ ကပ်ပေးထားခြင်းဖြင့် ရေချိုးရမှာ ကြောက်တဲ့၊ ဆေးထိုးရမှာ ကြောက်တဲ့ ကလေးတွေကို အလွယ်တကူ အာရုံပြောင်းထားနိုင်ပါတယ်။

8. အသက်အရွယ်ကြီးရင့်ချိန် ဦးနှောက်ဇရာစော
ခြင်းကို ကာကွယ်ပေးခြင်း (Prevents Cognitive Decline)
အသက်ကြီးလာတဲ့ Pet လေးတွေမှာ ဖြစ်တတ်တဲ့ မှတ်ဉာဏ်ချို့ယွင်းခြင်းနှင့် ဦးနှောက်ဇရာစောခြင်းတို့ကို ပုံမှန် ဉာဏ်စမ်းဆော့ကစားပေးခြင်းဖြင့် ကာကွယ်တားဆီးပေးနိုင်ပါတယ်

📩 အသေးစိတ်နဲ့ စျေးနှုန်းများကို မေးမြန်းလိုပါက Pawfection Page Chat Box (or) Phone: 09 777 222 069 သို့ ဆက်သွယ် မှာယူနိုင်ပါတယ်ရှင့်

📍 ဆိုင်လိပ်စာ - No.340, Yin Mar Myaing Street, VIP (1), Thuwana Thingangyun Township, Yangon.
🗺 Google Map Link - https://maps.app.goo.gl/1vMCdhBf9S6UFAWBA?g_st=ic
⏰ ဆိုင်ဖွင့်ချိန် - [ မနက် ၉:၀၀ မှ ည ၆:၀၀ ထိ ]
📞 ဆက်သွယ်ရန် ဖုန်းနံပါတ် - 09 777 222 069 , 09 266 538 266

သခင်တို့မရှိတုန်း Pawfection မှာ Secret Club ထောင်ပြီး ပါတီလုပ်နေကြတဲ့ ကလေးများ... 🎉🐾"အိမ်မှာတုန်းက 'ငါ့အနား လာမရှုပ်နဲ့...
08/09/2026

သခင်တို့မရှိတုန်း Pawfection မှာ Secret Club ထောင်ပြီး ပါတီလုပ်နေကြတဲ့ ကလေးများ... 🎉🐾

"အိမ်မှာတုန်းက 'ငါ့အနား လာမရှုပ်နဲ့' လုပ်နေပြီး၊ Pawfection ရောက်မှ သူငယ်ချင်းတွေနဲ့ ဖက်ပြီး အချစ်တွေ ဝေမျှနေတဲ့ ရုပ်တွေကို ကြည့်ပါဦး! 🙄

📌 Pawfection မှာ ကလေးတို့ကို စိတ်ချလက်ချ အပ်နှံဖို့အတွက် ဒါလေးတွေ ပြင်ဆင်ပေးပါဦးနော် မေမေဖေဖေတို့ရေ -

• Boarding လုပ်မယ်ဆိုပါက ကလေးများ အမြဲသန့်ရှင်းလန်းဆန်းနေစေရန် Mini Spa service ဝန်ဆောင်မှု မဖြစ်မနေ ယူပေးရပါမယ်ရှင့်။
• 💉Update ဖြစ်ပြီးသား ကာကွယ်ဆေးအပြည့်အစုံ ကတ်ပြား ယူဆောင်လာပေးရပါမယ်။
• 🐜 ကလေးအချင်းချင်း သန်း/မွှား/ သန် မကူးစက်စေဖို့ ဆေးတိုက်/ချပြီး (၁) လအတွင်း ဖြစ်ရပါမယ်။

⚠️ [အရေးကြီးအသိပေးချက်]
အခြားကလေးများနှင့် ဝန်ထမ်းများ၏ ဘေးကင်းလုံခြုံရေးအတွက် Aggressive ဖြစ်သော (ကိုက်တတ်သော) ကလေးများကို လုံးဝ(လုံးဝ) လက်ခံပေးမည်မဟုတ်ပါရှင်။ အကယ်၍ ကိုက်ခံရမူကြောင့်နောက်ဆက်တွဲ ပြဿနာများ တစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက ပိုင်ရှင် (မိဘ) ဘက်မှ တာဝန်ယူ ဖြေရှင်းပေးရပါမည်။
ကလေးများကို လှောင်အိမ်ထဲတွင် တစ်နေကုန် မပိတ်ထားဘဲ သူ့အချိန်နဲ့သူ Nanny များရဲ့ အနီးကပ်စောင့်ရှောက်မှုနဲ့ လွတ်လပ်စွာ အတူတူ ပြေးလွှားဆော့ကစားစေသည့် Social Playtime ပေးထားတာကြောင့်၊ အချင်းချင်း ပျော်ရွှင်စွာ ဆော့ကစားရင်း မတော်တဆ အနည်းငယ် ခြစ်မိ၊ ဆွဲမိတာမျိုးလေးများ ရှိနိုင်ပါသဖြင့် Pawrents တို့ဘက်မှ နားလည်ပေးပါရန် မေတ္တာရပ်ခံအပ်ပါတယ်ရှင်။

ကလေးတွေအားလုံး သန့်ရှင်းဘေးကင်းစွာနဲ့ ပျော်ပျော်ပါးပါး ဆော့ကစားနိုင်ဖို့ နားလည်ပေးမှုအတွက် အထူးပင် ကျေးဇူးတင်ရှိပါတယ်ရှင်။ 🙏❤️

🐾 No.340, Yin Mar Myaing Street, VIP (1), Thuwana Thingangyun Township, Yangon.

📞 09 777 222 069, 09 266 538 266


အပန်းဖြေဖို့ Pawfection လာတာလေ... Medical check up လုပ်ရမယ်လို့ ဘယ်သူကထင်မှာလဲ 🙄 သဘော သဘော... ကြိုက်သလိုသာ လုပ်ကြတော့!🙂
05/09/2026

အပန်းဖြေဖို့ Pawfection လာတာလေ... Medical check up လုပ်ရမယ်လို့ ဘယ်သူကထင်မှာလဲ 🙄

သဘော သဘော... ကြိုက်သလိုသာ လုပ်ကြတော့!🙂

Pawfection CSR Mission - Day 2 🐾🤍'Every Paw Matters, Every Tail Deserves Love' ✨ဒီနေ့ Day 2 မေတ္တာအလှူအဖြစ် လေလွင့်ဝုလေး...
30/08/2026

Pawfection CSR Mission - Day 2 🐾🤍

'Every Paw Matters, Every Tail Deserves Love' ✨

ဒီနေ့ Day 2 မေတ္တာအလှူအဖြစ် လေလွင့်ဝုလေး (၃၂)ကောင် ကို သားကြောဖြတ် (Spay & Neuter) ပေးမယ့် အစီအစဉ်လေး အောင်အောင်မြင်မြင် ပြီးမြောက်ခဲ့ပါတယ်။

Pawfection မှ မတည်လှူဒါန်းပြီ Let’s Save The Strays-Myanmar မှ ဆရာဝန်များ ဦးစီးဆောင်ရွက်ပေးခဲ့တဲ့ ဒီအလှူလေးအတွက် အမြဲအားပေးကြတဲ့ Pawrents အယောက်စီတိုင်းကို ကျေးဇူးအထူးတင်ရှိပြီး ကုသိုလ်အစုစုကို ထပ်တူထပ်မျှ ရရှိကြပါစေရှင့်

ကြောင်လေးတွေရဲ့ သဘောသဘာဝအရ အေးဆေးစိတ်ငြိမ်မှုကို ပိုကြိုက်ကြတာမို့လို့ ကြောင်လေးတွေအတွက် သန့်ရှင်းသပ်ရပ်ပြီး အနီးကပ်ဂရုစ...
30/08/2026

ကြောင်လေးတွေရဲ့ သဘောသဘာဝအရ အေးဆေးစိတ်ငြိမ်မှုကို ပိုကြိုက်ကြတာမို့လို့ ကြောင်လေးတွေအတွက် သန့်ရှင်းသပ်ရပ်ပြီး အနီးကပ်ဂရုစိုက်ပေးမယ့် Cat Hotel သီးသန့်လေး ရှာနေတယ်ဆိုရင်တော့ BaoBao Cat Hotel လေးကို Pawfection ကနေ ညွှန်းပေးပါရစေနော်... ကြောင်ချစ်သူ မေမေဖေဖေတို့ စိတ်အေးချမ်းသာစွာနဲ့ အပြည့်အဝ ယုံကြည်အပ်နှံနိုင်ပါတယ်ရှင်။😍

"Every Paw Matters, Every Tail Deserves Love 🐾✨ Every Paw Matters, Every Tail Deserves Love' ဆိုတဲ့အတိုင်း  Let’s Save T...
29/08/2026

"Every Paw Matters, Every Tail Deserves Love 🐾✨


Every Paw Matters, Every Tail Deserves Love' ဆိုတဲ့အတိုင်း Let’s Save The Strays-Myanmarအဖွဲ့မှ ဦးစီးပြီး Pawfection မှ မတည်လှူဒါန်းမှုနဲ့အတူ ပထမနေ့အဖြစ် နာဂလိူက်ဂူဘုန်းကြီးကျောင်းသို့ သွားရောက်ကာ ခွေးရူးရောဂါ အသိပညာပေး ဟောပြောပွဲလေး ပြုလုပ်ခဲ့ပါတယ်။ မနက်ဖြန်မှာလည်း လေလွင့်ဝုလေးတွေအတွက် သားကြောဖြတ် မေတ္တာအလှူလေး ဆက်လက် ပြုလုပ်သွားပါမယ်။

ဒီအလှူလေးကို Pawfection မှ မတည်လှူဒါန်းပေးခဲ့တာ ဖြစ်သလို၊ ဒါဟာ Pawfection ကို အစဉ်အမြဲ ယုံကြည်အားပေးကြတဲ့ Pawrents နဲ့ Pawpies လေးများ တယောက်စီတိုင်းရဲ့ အားပေးမှုတွေကြောင့် ပြုလုပ်ခွင့်ရခဲ့တာ ဖြစ်ပါတယ်။
ဒါကြောင့်မို့လို့ ဒီနေ့ပြုလုပ်ခဲ့တဲ့ မေတ္တာအလှူရဲ့ ကုသိုလ်ကောင်းမှု အစုစုကို Pawrents များအားလုံး ထပ်တူထပ်မျှ ရရှိကြပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင် 🙏❤️

အဓိက ဦးစီးဆောင်ရွက်ပေးခဲ့ကြတဲ့ Let’s Save the Strays Myanmar မှ ဆရာဝန်များနှင့် အဖွဲ့သားများ အားလုံးကိုလည်း Pawfection မိသားစုမှ အထူးပင် ကျေးဇူးတင်ရှိပါတယ်ရှင်။

📍 Pawfection Pet Spa & Hotel

အိမ်မှာတစ်ယောက်ထဲ ပျင်းနေတဲ့ သင့်အိမ်မွေးကလေးလေးရဲ့ အကူအညီတောင်းသံကို ကြားရဲ့လား? 🐾🥺အလုပ်တွေရှုပ်၊ အပြင်တွေထွက်နေရလို့ အ...
28/08/2026

အိမ်မှာတစ်ယောက်ထဲ ပျင်းနေတဲ့ သင့်အိမ်မွေးကလေးလေးရဲ့ အကူအညီတောင်းသံကို ကြားရဲ့လား? 🐾🥺

အလုပ်တွေရှုပ်၊ အပြင်တွေထွက်နေရလို့ အိမ်မှာ သင့်ရဲ့ အသည်းစွဲလေး တစ်ယောက်ထဲ ကျန်ခဲ့တဲ့အခါ သူတို့လေးတွေ ပျင်းရိပြီး စိတ်ဓာတ်ကျနေတတ်ပါတယ်။ ကလေးလေးတွေက စကားမပြောနိုင်ပေမယ့် ဒီလို လက္ခဏာလေးတွေပြပြီး သင့်ကို "အဖော်လိုချင်ပြီ" လို့ ပြောလေ့ရှိပါတယ်

🔹 အိမ်သုံးပစ္စည်းများကို ကိုက်ဖြတ်ဆော့ကစားခြင်း
🔹 အကြောင်းမဲ့ အမြဲဟောင်ခြင်း သို့မဟုတ် အူခြင်း
🔹 တက်ကြွမှုမရှိဘဲ မှိုင်နေခြင်း
🔹 ကိုယ်လက်လှုပ်ရှားမှု လျော့နည်းလာခြင်း

💡 အလုပ်တွေ မအားလို့ အချိန်မပေးနိုင်ရင်လည်း စိတ်မပူပါနဲ့တော့!

Pawfection Spa & Luxury Lounge မှာ ကလေးလေးတွေအတွက် အဖော်ရမယ့် Daycare & Hotel ဝန်ဆောင်မှုတွေ ရှိပါတယ်

လှပသန့်ရှင်းပြီး လုံခြုံတဲ့ ပတ်ဝန်းကျင်မှာ တခြားသူငယ်ချင်းလေးတွေနဲ့ အတူဆော့ကစားခွင့်ရမယ့်အပြင် သက်တောင့်သက်သာ နားခိုနိုင်မယ့် Lounge တွေပါ စီစဉ်ပေးထားတာမို့ သင့်ကလေးလေး ပျင်းရိတဲ့ဒုက္ခကနေ လုံးဝ ကင်းဝေးသွားမှာပါ

Pawfection မှာ ကလေးလေးတွေကို ပျော်ရွှင်စွာ အပန်းဖြေဖို့ အခုပဲ ဆက်သွယ်လိုက်ပါ

📍 ဆိုင်လိပ်စာ - No.340, Yin Mar Myaing Street, VIP (1), Thuwana Thingangyun Township, Yangon.
🗺 Google Map Link - https://maps.app.goo.gl/1vMCdhBf9S6UFAWBA?g_st=ic
⏰ ဆိုင်ဖွင့်ချိန် - [ မနက် ၉:၀၀ မှ ည ၆:၀၀ ထိ ]
📞 ဆက်သွယ်ရန် ဖုန်းနံပါတ် - 09 777 222 069 , 09 266 538 266

📸 Pawfection Snap & Win 📸သားသားမီးမီးတို့ရဲ့ အလှဆုံး Moment ပြိုင်ပြီး ၁သိန်းတန် Gift Voucher ယူကြမယ်! 🐾✨Pawfection မှာ ...
25/08/2026

📸 Pawfection Snap & Win 📸

သားသားမီးမီးတို့ရဲ့ အလှဆုံး Moment ပြိုင်ပြီး ၁သိန်းတန် Gift Voucher ယူကြမယ်! 🐾✨

Pawfection မှာ ဝန်ဆောင်မှု လာရောက်ယူဖူးတဲ့ သားသားမီးမီးတို့ရဲ့ ဆိုင်မှာ ရိုက်ထားတဲ့ အလှဆုံး၊ အချစ်ရဆုံး၊ (သို့) အဟားရဆုံး ပုံလေးတွေ ရှိကြလားဟင်? 📸🤩

Pawfection ကို အမြဲမပြတ် အားပေးကြတဲ့ Pet Parents တွေအတွက် 1 Lakh Gift Voucher ဆုကြီး (၃) ဆုကို မေတ္တာတုံ့ပြန်တဲ့အနေနဲ့ မဲဖောက်/ရွေးချယ်ပေးသွားပါမယ်ရှင့်

💡 ဆိုင်မှာ ရိုက်ထားတဲ့ ပုံမရှိသေးရင်လည်း စိတ်မပူပါနဲ့နော်...
၁ လတောင် ပုံရိုက်ဖို့ အချိန်ရှိလို့ အခုပဲ ဆိုင်မှာ မြန်မြန် လာရိုက်လိုက်တော့နော်! Spa လည်း လုပ်ရင်း၊ ပုံလှလှလေးတွေလည်း ရိုက်ပြီး ၁ သိန်း Voucher ဆုကြီး ရယူဖို့ ပါဝင်လိုက်ပါ။ 🐾💖

✨🎁 ဆုလက်ဆောင် ✨🎁
Grand Prize (၃ဦး): 1 Lakh Gift Voucher
(Pawfection Pet Spa, Hotel သို့မဟုတ် Store တွင် မိမိစိတ်ကြိုက် ပြန်လည် အသုံးပြုနိုင်ပါသည်)

📌 ပါဝင်ယှဉ်ပြိုင်နည်း 📌
1. Pawfection မှာ ဝန်ဆောင်မှုယူစဉ်က (သို့) ယူပြီးစ ဆိုင်မှာ ရိုက်ထားတဲ့ သားသားမီးမီးတို့ရဲ့ ပုံလေးကို Comment မှာ မန့်ပေးပါ။
2. ဒီ Post ကို Public ဖြင့် Like & Share ပြုလုပ်ပါ။
3. Comment ထဲမှာ Pet Parent သူငယ်ချင်း (၂) ယောက်ကို Tag တွဲပေးပါ။

🗓 Campaign ကာလ: [၂၆.၈.၂၀၂၆မှ [၂၆.၉.၂၀၂၇] အထိ

📢 ဆုမဲပေါက်သူ ကြေညာမည့်ရက်: [၂၇.၉.၂၀၂၆)(Pawfection Page တွင် ကြေညာပါမည်)

📍 ဆိုင်လိပ်စာ - No.340, Yin Mar Myaing Street, VIP (1), Thuwana Thingangyun Township, Yangon.
🗺 Google Map Link - https://maps.app.goo.gl/1vMCdhBf9S6UFAWBA?g_st=ic
⏰ ဆိုင်ဖွင့်ချိန် - [ မနက် ၉:၀၀ မှ ည ၆:၀၀ ထိ ]
📞 ဆက်သွယ်ရန် ဖုန်းနံပါတ် - 09 777 222 069 , 09 266 538 266

Pawpies လေးတွေ နာကျင်သွားမှာကို မကြည့်ရက်နိုင်လွန်းလို့ပါ... 🥺❤️ ဆိုးပေမယ့်လည်း ချစ်ရပါသော ကလေးလေးတွေကို Pawfection က ခေ...
23/08/2026

Pawpies လေးတွေ နာကျင်သွားမှာကို မကြည့်ရက်နိုင်လွန်းလို့ပါ... 🥺❤️ ဆိုးပေမယ့်လည်း ချစ်ရပါသော ကလေးလေးတွေကို Pawfection က ခေတ္တငင်းရတဲ့ အကြောင်းအရင်း

Pawrents တို့ရေ... တစ်ခါတစ်လေ ကျွန်မတို့ Pawfection မှာ ဂျီကျတတ်တဲ့၊ ကိုက်တတ်တဲ့ ကလေးလေးတွေကို Spa နဲ့ Grooming ဝန်ဆောင်မှုပေးဖို့ ခေတ္တငြင်းပယ်လိုက်ရတဲ့အခါ မိဘတွေဘက်က စိတ်မကောင်းဖြစ်သွားရတာမျိုး ရှိပါတယ်နော်။

ဘာကြောင့် Pawfection အနေနဲ့ ဒီလိုကလေးလေးတွေကို စိတ်မကောင်းစွာနဲ့ ငြင်းရတာလဲဆိုရင်တော့... ❤️

✨ Pawpies လေးတွေ ထိခိုက်ဒဏ်ရာရသွားမှာကို မကြည့်ရက်နိုင်လွန်းလို့ပါ

အသစ်တွေ့တဲ့ Groomer တွေကို ကိုက်တာ၊ ရေချိုးတာနဲ့ အမွှေးညှပ်တာကို ကြောက်လို့ ရုန်းကန်တာမျိုးတွေမှာ အတင်းအကျပ် Grooming ဆက်လုပ်ပေးဖို့ဆိုရင် ခန္ဓာကိုယ်ကို ချုပ်တာ၊ ပါးစပ်စွပ် စွပ်ပေးရတာမျိုးတွေ ပြုလုပ်ရပါတယ်။ ဒီလိုအတင်းချုပ်ရတဲ့အခါ ကလေးလေးတွေ ရုန်းရင်းနဲ့ မတော်တဆ ထိခိုက်ဒဏ်ရာရသွားတာ၊ အဆုတ်နဲ့ နှလုံး ပင်ပန်းပြီး စိတ်ဒဏ်ရာ ရသွားမှာကို Pawfection က အရမ်းစိုးရိမ်တာ ကြောင့်ဖြစ်ပါတယ်။

✨ ကျနော်တို့အတွက် ကလေးလေးတွေရဲ့ ဘေးကင်းမှုက အဓိကပါ

Groomer တွေ အကိုက်ခံရလို့ ရတဲ့ဒဏ်ရာထက်... အတင်းချုပ်ပြီး လုပ်ပေးရင်း ကလေးလေးတွေမှာ တစ်ခုခု ထိခိုက်ဒဏ်ရာရသွားရင် Pawfection အဖွဲ့သားတွေအနေနဲ့ ပိုပြီး ရင်ကျိုးရလို့ပါ။ ကလေးလေးတွေအတွက် အပန်းပြေရမယ့် Spa အချိန်လေးမှာ စိတ်ရောခန္ဓာပါ မပင်ပန်းစေချင်တာ ကျနော်တို့ရဲ့ မေတ္တာနဲ့ စေတနာအမှန်ပါနော်။

⚠️ Pawrents တို့ကို အလေးအနက် မေတ္တာရပ်ခံချင်တာလေးတစ်ခုရှိပါတယ်ရှင့်

ကလေးလေးက -
❌ အရင်က ရေချိုး/အမွှေးညှပ်ရင် ကိုက်တတ်တာ၊
❌ အသံဆူဆူ သို့မဟုတ် ရေချိုးတာကို လန့်ပြီး ကြောက်တတ်တာ၊
❌ Groomer အသစ်ဆိုရင် စိတ်ဆိုးတတ်တာမျိုး အကျင့်ရှိရင်...
Pawfection ကို ရောက်တာနဲ့ ကလေးလေးရဲ့ အခြေအနေမှန်ကို ပွင့်ပွင့်လင်းလင်း ကြိုတင်အသိပေးပေးကြပါရှင့်

Pawpies လေးတွေအားလုံး စိတ်ရောခန္ဓာပါ ကျန်းမာပျော်ရွှင်စေဖို့ Pawfection နဲ့အတူ ပူးပေါင်းပေးကြပါဦးရှင့်

📍 ဆိုင်လိပ်စာ - No.340, Yin Mar Myaing Street, VIP (1), Thuwana Thingangyun Township, Yangon.

🗺 Google Map Link - https://maps.app.goo.gl/1vMCdhBf9S6UFAWBA?g_st=ic

⏰ ဆိုင်ဖွင့်ချိန် - [ မနက် ၉:၀၀ မှ ည ၆:၀၀ ထိ ]

📞 ဆက်သွယ်ရန် ဖုန်းနံပါတ် - 09 777 222 069 , 09 266 538 266

မိုးတွင်းမှာ Pawpiesတွေကို ဘာလို့ အမွှေးညှပ်ပေးသင့်တာလဲ? 🌧️✂️မိုးရာသီရောက်ရင် "ရာသီဥတုက အေးတာမို့လို့ အမွှေးမညှပ်ဘဲ ထားလ...
20/08/2026

မိုးတွင်းမှာ Pawpiesတွေကို ဘာလို့ အမွှေးညှပ်ပေးသင့်တာလဲ? 🌧️✂️

မိုးရာသီရောက်ရင် "ရာသီဥတုက အေးတာမို့လို့ အမွှေးမညှပ်ဘဲ ထားလိုက်မယ် (သို့) အအေးမိမှာစိုးလို့ အမွှေးရှည်ထားပေးမယ်" ဆိုတာ မေမေတို့ အမှားအယွင်းဆုံး အယူအဆလွဲလေးတစ်ခုပါပဲ! တကယ်တော့ မိုးတွင်းမှာ အမွှေးညှပ်ပေးတာဟာ အလှပြင်တာထက် ကလေးတွေရဲ့ ကျန်းမာရေးကို ကာကွယ်ပေးတာ ဖြစ်ပါတယ်။

မိုးရာသီရဲ့ စိုထိုင်းဆနဲ့ အပူချိန်ဟာ သန်း၊ မွှား နဲ့ ဗက်တီးရီးယားတွေ ပေါက်ဖွားဖို့ အကောင်းဆုံး ပတ်ဝန်းကျင်ဖြစ်ပါတယ်။ အမွှေးထူထူ ရှည်ရှည်တွေထဲမှာ သန်းနဲ့မွှားတွေ ပုန်းအောင်းရလွယ်ကူပြီး အရေပြားအထိ မြန်မြန်ကူးစက်နိုင်တာကြောင့် အမွှေးတိုတို သပ်သပ်ရပ်ရပ် ညှပ်ထားပေးမှ သန်း/မွှား အန္တရာယ်ကို စောစောစီးစီး မြင်တွေ့စစ်ဆေးနိုင်မှာ ဖြစ်ပါတယ်။

လေထုစိုထိုင်းဆကြောင့် အမွှေးရှည်တွေထဲမှာ အစိုဓာတ်တွေ ခိုအောင်းကျန်ခဲ့ပြီး Ringworm နဲ့ အရေပြား ယားယံပြီ ရောဂါတွေ အလွယ်တကူ ဖြစ်ပွားစေပါတယ်။

မိုးတွင်းမှာ အပြင်ထွက်ရင် ရွှံ့နဲ့ အညစ်အကြေးတွေ၊ စိုထိုင်းဆတွေ ခြေဖဝါးနဲ့ ဗိုက်အမွှေးမှာ ကပ်ကျန်ခဲ့တတ်ပါတယ်။ အမွှေး Trim လုပ်ထားပေးခြင်းဖြင့် အနံ့ဆိုးထွက်တာနဲ့ အညစ်အကြေး ကပ်တာကို လွယ်လွယ်ကူကူ သန့်ရှင်းရေး လုပ်ပေးနိုင်ပါတယ်။

ဒီမိုးတွင်းမှာ ကလေးတွေ အေးချမ်းသန့်ရှင်းနေဖို့ Pawfection Pet Spa ရဲ့ ကျွမ်းကျင် Groomer လေးတွေဆီ အမြန်ဆုံး ခေါ်ခဲ့လိုက်တော့နော်

📍 ဆိုင်လိပ်စာ - No.340, Yin Mar Myaing Street, VIP (1), Thuwana Thingangyun Township, Yangon.
🗺 Google Map Link - https://maps.app.goo.gl/1vMCdhBf9S6UFAWBA?g_st=ic
⏰ ဆိုင်ဖွင့်ချိန် - [ မနက် ၉:၀၀ မှ ည ၆:၀၀ ထိ ]
📞 ဆက်သွယ်ရန် ဖုန်းနံပါတ် - 09 777 222 069 , 09 266 538 266

MonsoonPetCare

Address

No. 340 , Yin Mar Myaing Street, VIP 1 , Thuwunna Bogyoke Ywar , Thingangyun Township
Yangon
11071

Website

Alerts

Be the first to know and let us send you an email when Pawfection-Pet Hotel & Spa posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category