K- Brand & Franchise & OEM Products for Myanmar

K- Brand & Franchise & OEM Products for Myanmar Provide & Introduce Korea products(so called, K-Products) for better choose & better knowledge than

We will introduce K-products from Korea as below :
1) IT (LED desklamp, Bluetooth device for music)
2) Skin Care & Health Care
3) Korean brand Franchise & OEM
4) Valve / Hose

09/11/2023
07/11/2023
25/09/2022

ရွှေတိဂုံစေတီတော်ကြီးရဲ့ ဧည့်သည်တော်မှတ်တမ်းမှာ ဟယ်လင်ကဲလား လက်မှတ်ထိုးနေတဲ့ ဓါတ်ပုံပါ။ သူမကို ဘေးကကူညီပေးနေတာကတော့ ပေါ်လီသော်မဆင် ဖြစ်ပါတယ်။

ဟယ်လင်ကဲလား (Helen Keller) ဆိုတာ အသက်တစ်နှစ်နဲ့ ခုနှစ်လသမီးလေးကတည်းက မျက်မမြင် နားမကြား ဖြစ်ခဲ့ရသူပါ။ သူမဘဝကို တစ်ကမ္ဘာလုံးက စိတ်ဝင်တစားဖြစ်ကြရပါတယ်။ မျက်စေ့လည်းမမြင် နားလည်းမကြားပဲ အရာဝတ္ထုတွေကို လက်နဲ့စမ်းပြီး စာသင်လာတာ နောက်ဆုံးကောလိပ်က ဘွဲ့ရတဲ့အထိပါပဲ။ ကင်းဘရစ်တက္ကသိုလ်ကတောင် ဂုဏ်ထူးဆောင်ဘွဲ့ ရခဲ့ပါသေးတယ်။

စာအုပ်ဆယ့်နှစ်အုပ်နဲ့ ဆောင်းပါးတွေ တော်တော်များများလည်း ရေးခဲ့ပါတယ်။ သူမအကြောင်းကို အများကတော့ သိပြီးဖြစ်မှာပါ။ မဖတ်ဖူးရင်လည်း အသက်ရှူမှားလောက်တဲ့ ဟယ်လင့်ဘဝအကြောင်း ဖတ်ကြည့်ကြပါ။ ရုပ်ရှင်တွေ မှတ်တမ်းတွေလည်း ရိုက်ထားပါတယ်။

ပေါ်လီသော်မဆင်(Polly Thomson)က စကော့တလန်သူဖြစ်ပြီး၊ ဟယ်လင်ရဲ့ကူဖေါ်လောင်ဖက်အဖြစ် ရောက်လာပြီးမှ တစ်ဘဝလုံး စောင့်ရှောက်ပေးခဲ့သူပါ။ ပေါ်လီအပြင် ဟယ်လင်ရဲ့ဘဝမှာ အရေးပါလှတဲ့ သူတစ်ယောက်ရှိပါသေးတယ်။ အန်း (Anne Sullivan)ပါ။

အန်းဟာ သူမကိုယ်တိုင် အမြင်ချို့ယွင်းသူတစ်ဦးဖြစ်ပြီး ဟယ်လင်ရဲ့ဆရာမ ပါရမီဖြည့်ဖက်ပါ။ စုံလုံးကန်း နားမကြား ဟယ်လင်ကို စာသင်ပေးခဲ့တဲ့ အာဂမိန်းမပါ။ အန်းက ဟယ်လင်ကို ရေဘုံဘိုင်ဆီ ခေါ်လာပြီး ရေကိုလက်နဲ့ထိစေပါတယ်။ ပြီးမှ မျက်မမြင်စာ (Braille)နဲ့ အက္ခရာတစ်လုံးချင်းစီကို ထိစေပြီး w a t e r လို့ ပေါင်းခိုင်းရပါတယ်။

ဟယ်လင်ဟာ သူမဘဝရဲ့ ပထမဆုံးသိခွင့်ရတဲ့ စာလုံး water ကို စိတ်အလှုပ်ရှားဆုံးနဲ့ အမှတ်တရအရှိဆုံးလို့ ပြောလေ့ရှိပါတယ်။ နိုင်ငံပေါင်း ၃၅ နိုင်ငံကို ခရီးသွားခဲ့တဲ့ ဟယ်လင်ကဲလားဟာ မြန်မာပြည်ကိုလည်း ၁၉၅၅ မေလမှာ ရောက်ခဲ့ပါတယ်။ ရွှေတိဂုံစေတီတော်ကို ရောက်ဖူးတဲ့ ကမ္ဘာအနှံ့က ထင်ရှားတဲ့ဧည့်သည်တော်တွေထဲမှာ ဟယ်လင်ကဲလားကတော့ အထူးခြားဆုံးတစ်ယောက်ပါ။

22/12/2021
11/10/2020

Address

Mya Nyu Street
Yangon

Alerts

Be the first to know and let us send you an email when K- Brand & Franchise & OEM Products for Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to K- Brand & Franchise & OEM Products for Myanmar:

Share