30/04/2026
🌸 ပုဂံအမ်ဘရာဟိုတယ် မိသားစုများ၏ ယနေ့ပြုလုပ်ခဲ့သော လှူဒါန်းကုသိုလ်မြတ်များအား နတ်၊ လူ သာဓုခေါ်ဆို၍ ကုသိုလ်အကျိုးများ ပြည့်ဝစုံလင်စွာ ခံစားရရှိကြပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါသည်။ 🙏🌿💦
🙏🙏🙏ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာနှင့် ဆရာဦးဝင်းဆွေ+ အမဒေါ်တင်တင်ခိုင် တို့ကို ဦးထိပ်ထား၍
ပုဂံအမ်ဘရာဟိုတယ် မိသားစု၏နှစ်စဥ်နှစ်တိုင်း ကျင်းပပြုလုပ်ခဲ့သော " လောကမုနိ မြတ်စွာဘုရား စေတီတော်မြတ်ကြီး၏ (ဒသမ)အကြိမ်မြောက် ဗုဒ္ဓပူဇနိယ မင်္ဂလာ"အဖြစ် ယနေ့ ၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့တွင်💦🙏
⚛✳ဗုဒ္ဓဘိသေက အနေကစာတင်လှုခြင်း၊
⚛✳ထေရဝါဒ ဗုဒ္ဓသာသနာတော်မြတ်ကြီးကို စဉ်ဆက်မပြတ် ဆက်လက် ထိန်းသိမ်းရန် ရည်ရွယ်သော ကုသိုလ်စိတ်ဖြင့် တရားတော်များ ချီးမြှင့်နာယူခြင်း ဓမ္မပူဇနိယ မင်္ဂလာ၊
⚛✳သံဃပူဇနိယ မင်္ဂလာ အဖြစ် မြစည်းခုံကျောင်းဆရာတော်ဘုရားကြီး ဘဒ္ဒန္တသုဇာတအမှုုးထားရျ် ဘုန်းတော်ကြီးကျောင်း (၂၅) ကျောင်းသို့ လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခြင်း၊
⚛✳လောကမုနိ ဗောဓိညောင်ပင်တွင်လည်း ညောင်ရေသွန်းလောင်း ကုသိုလ်ယူခြင်း..🙏🙏🙏များကို ပြုလုပ် အမျှပေးဝေခဲ့ကြပါသည်...🙏
ကဆုန်လပြည့်နေ့သည် သုံးလောကထွဠ်ထား သဗ္ဗညုမြတ်စွာဘုရား၏...
🙏 ဗျာဒိတ်ခံယူသောနေ့၊
🙏 ဖွားမြင်တော်မူသောနေ့၊
🙏 ဘုရားဖြစ်တော်မူသောနေ့၊
🙏 ပရိနိဗ္ဗာန်စံတော်မူသောနေ့
များဖြစ်သည့် ထူးခြားသော နေ့ထူးနေ့မြတ်မှစ၍ ကောင်းမှုကုသိုလ်များ ပြည့်ဝကာ သောကဟူသမျှကင်းဝေးပြီး တရားစစ်၊တရာမှန်များ ကျင့်ကြံပွားများအားထုတ်နိုင်သောသူများဖြစ်ကြပါစေ.....🌿💦🙏
🌼(၃၁)ဘုံသားအားလုံး၊ အငှားခန္ဓာ ရရှိကြသူများအားလုံး၊ ရှိရှိသမျှအနန္တသတ္တဝါအားလုံး ကိုယ်စိတ်နှလုံး ကျန်းမာရွှင်ပြုံးနိုင်ကြပါစေ အေးချမ်းသာယာရှိကြပါစေကြောင်း ပုဂံအမ်ဘရာဟိုတယ်မိသားစုများမှ ဆုတောင်းမေတ္တာပို့သအပ်ပါသည်။🙏🙏🙏
ပုဂံအမ်ဘရာဟိုတယ် မိသားစု
09-455011033
09-256016382
061-2460034
Date-30.04.2026
ကဆုန်လပြည့်နေ့