Bagan Umbra Hotel

Bagan Umbra Hotel The Hotel Umbra Bagan is a 3 Star Rated World Class Service Hotel and one of the Partner of Swiss Contact. Situated at the heart of Ancient City Bagan.

Bagan Umbra Hotel is Three Star Rated World Class Service Hotel and one of the Partner Hotels of Swisscontact.

‎✨🌟မြန်မာသက္ကရာဇ် ၁၃၈၇ ခု နှစ်ဟောင်းမှ ၁၃၈၈ ခု နှစ်သစ်သို့ ကူးပြောင်းသော‎‎မြန်မာ့နှစ်သစ်ကူး မဟာသင်္ကြန်ပွဲတော်💦💦🏵💛အခါသမယ...
10/03/2026

‎✨🌟မြန်မာသက္ကရာဇ် ၁၃၈၇ ခု နှစ်ဟောင်းမှ ၁၃၈၈ ခု နှစ်သစ်သို့ ကူးပြောင်းသော
‎
‎မြန်မာ့နှစ်သစ်ကူး မဟာသင်္ကြန်ပွဲတော်💦💦🏵💛အခါသမယကို ပုဂံဒေသမှာ အပန်းဖြေဆင်နွဲဖို့ ပြင်ဆင်နေတဲ့ ချစ်ဧည့်သည်များအတွက်........✍️
‎
‎🙋🤷💁ဝမ်းမြောက်ဖွယ်သတင်းကောင်း
‎လေးတစ်ခုရှိပါတယ်ရှင့်။ 🫶🙏
‎
‎✨🌟ပုဂံမြို့ဟောင်း၏ သမိုင်းဝင်အလှတရားများကြားတွင် အထူးခြားဆုံးသော
‎ပျော်ရွှင်စရာ လမ်းလျှောက် မဟာသင်္ကြန်ပွဲတော်ကို ပုဂံမြို့ဟောင်းအတွင်းမှာ
‎စည်းကားသိုက်မြိုက်စွာ စုပေါင်းကျင်းပသွားမှာ ဖြစ်ပါတယ်ရှင့်🙏🤷💁
‎
အဲဒါကြောင့် ယခုနှစ်သစ်ကူးအားလပ်ရက်များ မှာ Bagan Umbra Hotel ကို လာရောက် တည်းခိုအနားယူရင်း
‎လမ်းလျှောက် မဟာသင်္ကြန်ပွဲတော်ကို 👫👯‍♀️🕺💃အတူတကွ ဆင်နွှဲနိုင်ဖို့ ဖိတ်ခေါ်လိုက်ပါရစေရှင့် 💁🙏🙏🙏

‎ပုဂံအမ်ဘရာဟိုတယ်ရဲ့ အခန်းဈေးနှုန်းလေးတွေကတော့~~~~

‎နှစ်ယောက်ခန်း နှင့်အတူ သန့်ရှင်းလတ်ဆပ်သော Buffet Breakfast ပါဝင်ပြီး
‎Grand Deluxe (Pool View)- 160,000 ကျပ်
‎Grand Deluxe (NotPool View)- 140,000 ကျပ်

‎Superior Deluxe (Bathtub) - 130,000 ကျပ်
‎Superior Deluxe - 110,000 ကျပ်

‎Deluxe - 90,000 ကျပ်

‎Standard (Pool View)- 75,000 ကျပ်
Standard - 70,000ကျပ်

‎မိသားစုအခန်း သီးသန့်မရှိတာမို့ Extra Bed တစ်လုံးထပ်ထည့်ပြီး လူကြီး ၃ ယောက်နေမယ်ဆိုရင်တော့ Deluxe နဲ့ Grand Deluxe (၂)မျိုးမှာ နေလို့ရပါတယ် ရှင့်

‎Extra Bed အပါဈေးလေးတွေကတော့.... Grand Deluxe ( Pool View ) 160,000+35,000=195,000 ကျပ်

‎Grand Deluxe( Not pool view) 140,000+35,000= 175,000 ကျပ်

‎Superior Deluxe (Bathtub) - 130,000 + 30,000 =160,000ကျပ်

‎Superior Deluxe - 110,000 + 30000 = 140,000ကျပ်

‎Deluxe 90,000+30,000= 120,000 ကျပ်
‎
‎မှတ်ချက် ။ Standard အခန်းများကတော့ Extra bed ထည့်လို့ မရပါဘူးရှင့် ............
‎Deposite 50% ကို MMQR နဲ့ပေးလို့ရပြီး ကျန်တာကိုတော့ ဟိုတယ်ရောက်မှ ‌ငွေသားဖြင့်ပေးချေလို့ရပါတယ်ရှင့်။

‎Check in- 2pm, Check out- 12 noon ( အခန်းလွတ်ရှိခဲ့ရင်တော့ စောဝင်လို့ရပါတယ်) ***Pet not allowed ***

‎အခန်း Booking အတွက် အသေးစိတ် သိရှိလိုပါက ..
09-455011033
09-256016382
061-2460034 ကို အခုပဲဆက် သွယ်လို့ရပါတယ်ရှင့်..

နေရာကတော့
‎ရွှေစည်းခုံဘုရား၊ ထီးလိုမင်းလိုဘုရား နဲ့ အလိုတော်ပြည့် ဘုရားအကြား🙏
အမှတ် (၇) ရပ်ကွက်၊ ဝက်ကြီးအင်း၊
ညောင်ဦးမြို့မှာပါ...
‎
‎

ပုဂံအမ်ဘရာဟိုတယ်က‌နေ ရှေ့ဆက်ပြီး ဝန်ဆောင်မှုများ ဒီထက်မက ပိုမိုကောင်းမွန်‌စေရန်အတွက်  MHA Bagan Zone မှ ဦးစီးဖွင့်လှစ်သည...
13/02/2026

ပုဂံအမ်ဘရာဟိုတယ်က‌နေ ရှေ့ဆက်ပြီး ဝန်ဆောင်မှုများ ဒီထက်မက ပိုမိုကောင်းမွန်‌စေရန်အတွက် MHA Bagan Zone မှ ဦးစီးဖွင့်လှစ်သည့် ဆရာကြီး Dr. Phillip Maw သင်ကြားပို့ချပေးသော Supervisory Skill Training (Management Course) ( Date - 09.01.2026 မှ 11.01.2026 အထိ) သင်တန်းကို Bagan Umbra Hotel မှ First Line Manager များ တက်ရောက်ခဲ့ကြပါသည်။
ပုဂံအမ်ဘရာဟိုတယ်မှာ လာရောက်တည်းခိုကြသော ဧည့်သည်တော်များအား ရှေဆက်ပီး ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများနှင့်
ရှေ့ဆက်သွားကြမည်ဖြစ်သည့်အတွက် သင်တန်းပုံရိပ်လေးများနှင့် အတူ MHA (Bagan Zone) နှင့် ဆရာကြီး Dr. Phillip Maw အား အထူးကျေးဇူးတင်ရှိပါသည်ရှင့် 🙏

☎️061-2460034
📱09-455011033
📱09-256016382

🪷"တပို့တွဲလ ထမနဲပွဲ "🪷 တပို့တွဲလရောက်တိုင်း ထမနဲ( နှမ်းမနဲ) ထိုးကြတဲ့ ချစ်စရာ မြန်မာ့ဓလေ့ထုံးစံလေး ကို ထိန်းသိမ်းစောင့်ရ...
24/01/2026

🪷"တပို့တွဲလ ထမနဲပွဲ "🪷

တပို့တွဲလရောက်တိုင်း ထမနဲ( နှမ်းမနဲ) ထိုးကြတဲ့ ချစ်စရာ မြန်မာ့ဓလေ့ထုံးစံလေး ကို ထိန်းသိမ်းစောင့်ရှောက်ရင်း
🌸 ပုဂံအမ်ဘရာဟိုတယ် မှာ နှစ်စဉ်နှစ်တိုင်း ကျင်းပမြဲဖြစ်တဲ့ 🤼‍♂️"ထမနဲထိုးပြိုင်ပွဲ" 🏅💃🤼‍♂️👯‍♂️ကို ယခုလာမယ့် တပို့တွဲလဆန်း ၁၄ရက် နေ့ မှာ ကျင်းပမှာဖြစ်တဲ့ အတွက် ချစ်ဧည့်သည်များအားလုံး အတူတူပါဝင်ဆင်နွှဲဖို့ ကြိုတင်ဖိတ်ခေါ်လိုက်ပါရစေရှင့်.🤝
ကျင်းပမည့်နေ့က👉 3️⃣1️⃣🗓
( 31.01.2026) ရက်နေ့ စနေနေ့ ဖြစ်ပါတယ်ရှင့်🙏

🎇🌸နှစ်စဥ် "မြန်မာ့ရိုးရာထမနဲ"ကို တက်ညီလက်ညီ ပျော်ပျော်ပါးပါးထိုးကြပြီး 🙏မြတ်စွာဘုရား အမှူးရှိသော ရဟန်းသံဃာတော်များကို လှူဒါန်းခြင်း💁‍♀️🙋‍♂️မိတ်ဆွေသင်္ဂဟ တို့ကို့ ဝေငှခြင်း၊ အချင်းချင်း အတူတူဝေမျှစားကြခြင်းတို့ကြောင့် ပျော်ရွှင်ဖွယ်ရာ လူမှုရေးပွဲလေးဖြစ်ရုံမက ကုသိုလ်ရေး၊ဘာသာရေး တို့ရောနှောနေတဲ့ အစဉ်အလာဓလေ့ကောင်းလေးဖြစ်တာမို့ ပါဝင်ဆင်နွဲကြဖို့ သတင်းကောင်းလေးပါး‌ လိုက်ပါရစေ...🥰🙋‍♀️🧑‍🍳

🌸🪷ထူးခြားမွန်မြတ်သော တပို့တွဲလ🌝အခါသမယလေးမှာ မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံး ကျန်းမာအေးချမ်းပြီး ကုသိုလ်ကောင်းမှုများကိုယ်တိုင် ပါဝင်ပြုလုပ်နိုင်ပါကြစေလို့ ပုဂံအမ်ဘရာမိသားစုမှ🧑‍🧑‍🧒‍🧒 ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ရှင်.....🙏🥰🪻

ပုဂံအမ်ဘရာဟိုတယ်မိသားစု🧑‍🧑‍🧒‍🧒
📱09-455011033
📱09-256016382
☎️061-2460034

Bagan Umbra Hotel လိပ်စာ📍📍
🏠ညောင်ဦး နှင့် ပုဂံမြို့ဟောင်းကြား- အမှတ်(၇)ရပ်ကွက်၊ ဝက်ကြီးအင်း၊ ရွှေစည်းခုံဘုရား နှင့် ထီးလိုမင်းလိုဘုရား ကြား…..✍️


#တပို့တွဲလပြည့်

🤎မင်္ဂလာရှိသောနှစ်သစ်မှစ၍ ကိုယ်စိတ်နှစ်ပါး ကျန်းမာ ချမ်းသာစွာဖြင့် ဘေးအန္တရာယ်အပေါင်းမှကင်းဝေးကြပါစေလို့  ပုဂံအမ်ဘရာဟိုတ...
14/01/2026

🤎မင်္ဂလာရှိသောနှစ်သစ်မှစ၍ ကိုယ်စိတ်နှစ်ပါး ကျန်းမာ ချမ်းသာစွာဖြင့် ဘေးအန္တရာယ်အပေါင်းမှကင်းဝေးကြပါစေလို့ ပုဂံအမ်ဘရာဟိုတယ်ကနေ ဆုမွန်ကောင်းတောင်းပေးလိုက်ပါရစေရှင့်🙏

🎉2026 နှစ်သစ်မှာ စိတ်သစ် လူသစ် ခွန်အားသစ်တွေနှင့်အတူ ချစ်ရသောသူများနှင့် အပန်းဖြေ ခရီးလေးတွေထွက်ကြမယ့် ဧည့်သည်တော်လေးများ အတွက် အခန်းစျေးနှုန်းလေးတွေ ဖော်ပြပေးလိုက်ပါတယ်ရှင့်🤎 🌸🎆

🤎 🛌နှစ်ယောက်ခန်း နှင့်အတူ သန့်ရှင်းလတ်ဆပ်သော Buffet Breakfast 🥐🥗🍔☕🥛ပါဝင်ပြီး

🌸Grand Deluxe (Pool View)- 160,000 ကျပ်

🌸Grand Deluxe ( Not Pool View)- 140,000 ကျပ်

🌸Superior Deluxe ( with🛀Bathtub ) - 130,000 ကျပ်

🌸Superior Deluxe (with shower 🚿 ) - 110,000 ကျပ်

🌸Deluxe - 90,000 ကျပ်

🌸Standard (Pool View)- 75,000 ကျပ်

🌸Standard - 70,000ကျပ်

🧑‍🧑‍🧒‍🧒🛏️မိသားစုအခန်း သီးသန့်မရှိတာမို့ Extra bed တစ်လုံးထပ်ထည့်ပြီး လူကြီး ၃ ယောက်နေမယ်ဆိုရင်တော့▶️ Deluxe နဲ့ Grand Deluxe (၂)မျိုးမှာ နေလို့ရပါတယ် ရှင့်☺️Extra Bed အပါဈေးလေးတွေကတော့....

👉 Grand Deluxe ( Pool View )
160,000+35,000=195,000 ကျပ်

👉 Grand Deluxe( Not pool view) 140,000+35,000= 175,000 ကျပ်

👉 Superior Deluxe ( with🛀Bathtub) - 130,000 + 30,000 =160,000ကျပ်

👉 Superior Deluxe - 110,000 + 30000 = 140,000ကျပ်

👉 Deluxe
90,000+30,000= 120,000 ကျပ်

❌မှတ်ချက် ။ Standard အခန်းများကတော့ Extra bed ထည့်လို့ မရပါဘူးရှင့် 🙏
…………………………………………............

💰Deposite 50% ကို K-pay ( MMQR )နဲ့ပေးလို့ရပြီး ကျန်တာကိုတော့ ဟိုတယ်ရောက်မှ Cash 💵 နဲ့ဘဲ ပေးချေရပါမယ်ရှင့်။

📢Bagan Umbra Hotel page အတုတွေရှိနေတဲ့ အတွက် အခန်း Booking တင်ချင်တာပဲဖြစ်ဖြစ် ✍️ အခန်း Deposit ပေးချင်တာပဲဖြစ်ဖြစ် 👇အောက်မှာဖော်ပြထားသော ဖုန်းနံပါတ်များကိုသာ ဆက်သွယ်ပေးရန်နှင့် 💸Deposite အတွက် MMQR မှာ 💥UMBRA 💥ဖြင့်သာလက်ခံပေးပါကြောင်းအထူး သတိပေးအပ်ပါသည်ရှင့် 🙏

Check in- 2pm🕑, Check out- 12 noon🕛 ( အခန်းလွတ်ရှိခဲ့ရင်တော့ စောဝင်လို့ရပါတယ်)

🚫 Pet not allowed 🐕🚫

☎️ အခန်း Booking အတွက် အသေးစိတ် သိရှိလိုပါက .. 09-455011033
09-256016382
061-2460034 ကို အခုပဲဆက် သွယ်လို့ရပါတယ်ရှင့်..✍️

⏩နေရာကတော့
----------------
ရွှေစည်းခုံဘုရား၊ ထီးလိုမင်းလိုဘုရား နဲ့ အလိုတော်ပြည့် ဘုရားအကြား🙏
အမှတ် (၇) ရပ်ကွက်၊ ဝက်ကြီးအင်း၊ ညောင်ဦးမြို့မှာပါ...🌸

နာရီပိုင်ရှင်လေးများ 💛💛⌚⌚🖤🖤ဆက်သွယ်ပေးပါရန်ပုဂံအမ်ဘရာဟိုတယ်မှာ တည်းခိုခဲ့သော ဧည့်သည်တော်များထဲမှ ပုံမှာပြထားတဲ့ လက်ပတ်နာရ...
24/12/2025

နာရီပိုင်ရှင်လေးများ 💛💛⌚⌚🖤🖤ဆက်သွယ်ပေးပါရန်
ပုဂံအမ်ဘရာဟိုတယ်မှာ တည်းခိုခဲ့သော ဧည့်သည်တော်များထဲမှ ပုံမှာပြထားတဲ့ လက်ပတ်နာရီလေးများ တွေ့ရှိထားပါတယ်ရှင့်..💖⌚💖လက်ပတ်နာရီလေးတေက အမှတ်လက်ဆောင်‌လေးတေ ဖြစ်နိုင်သလို အမြတ်တနိူး တန်ဖိုးထားရတဲ့ ပစ္စည်းလေးတွေ ဖြစ်နိုင်တော့
နာရီပိုင်ရှင်လးတွေကို ပြန်ပေးဖို့ရန် ဟိုတယ်မှ သိမ်းပေးထားပါကြောင်း အသိပေးအပ်ပါတယ်ရှင့်💁💁‍♂️

ဒီ Postလေးကိုမြင်တဲ့ ပိုင်ရှင်များမှာ
ပုဂံအမ်ဘရာဟိုတယ်ရဲ့ ဖုန်းနံပါတ် 09-455011033 (သို့မဟုတ်) Hotel Viber (သို့မဟုတ်) Page Massagerကြိုက်ရာများမှ ဆက်သွယ်ရယူနိုင်ပါတယ်နော်...

ချစ်ခင်လေးစားတန်ဖိုးထားလျှက်
ပုဂံအမ်ဘရာဟိုတယ်မိသားစု
24.12.2025

🌷🌷 ချစ်ရပါသော ဧည့်သည်တော်များ မင်္ဂလာပါ ရှင့်🙏🎆လာမည့်ပိတ်ရက်ဖြစ်တဲ့ အမျိုးသားနေ့ ၊စနေနေ့တနင်္ဂနွေနေ့ ( Nov 14 - 15 )ရက်တ...
09/11/2025

🌷🌷 ချစ်ရပါသော ဧည့်သည်တော်များ မင်္ဂလာပါ ရှင့်🙏

🎆လာမည့်ပိတ်ရက်ဖြစ်တဲ့ အမျိုးသားနေ့ ၊စနေနေ့တနင်္ဂနွေနေ့ ( Nov 14 - 15 )ရက်တေက ပုဂံအမ်ဟိုတယ်မှာ အခန်းလေးတွေ ဘိုကင်ပြည့်နေပါပြီနော်❤️🙏
⏩*Page အတုတေမှာ Nov 14 - 15 ရက် တေမှာအခန်းရသေးကြောင်း ပြောပြီး လိမ်ရောင်းနေသည့်အတွက် ချစ်ရပါသောဧည့်သည်တော်များ
🚫 အလိမ်မမိစေရန် ရိုသေစွာ အသိပေး အကြောင်းကြားအပ်ပါသည်ရှင့် ။*🚫🙏
💟 Booking တင်မယ်ဆိုရင်တော့
Follower 43Kရှိတဲ့ Bagan Umbra Hotel page မှာ ရှိတဲ့ ဖုန်းနံပါတ်လေးတေကို 📲 နှင့် viber တိုက်ရိုက်ဆက်သွယ်ပေးပါနော််💟
📲 09455011033
📲 09256016382
📞 0612460034

Edit 👉📱ပိုင်ရှင်ပြန်တွေ့သွားပါပီနော် ဖုန်း📱 ပိုင်ရှင် ချစ်ဧည့်သည်တော်လေး ဆက်သွယ်ပေးပါရန် 💛💛ပုဂံအမ်ဘရာဟိုတယ်မှာ တည်းခိုခဲ...
07/11/2025

Edit 👉📱ပိုင်ရှင်ပြန်တွေ့သွားပါပီနော်

ဖုန်း📱 ပိုင်ရှင် ချစ်ဧည့်သည်တော်လေး ဆက်သွယ်ပေးပါရန် 💛💛
ပုဂံအမ်ဘရာဟိုတယ်မှာ တည်းခိုခဲ့သောဧည့်သည်တော်များထဲမှ ပုံမှာပြထားတဲ့ ဖုန်း​လေးတစ်လုံး တွေ့ရှိထားပါတယ်ရှင့်.. ဖုန်းအမျိုး အစားနဲ့ Passward လေးဖြေမှန်အောင်ပြော​ပြပြီး ဧည့်ကြို မှာလာယူလို့ ရပါတယ်ရှင့်😍
ပိုင်ရှင်ကို ပြန်ပေးဖို့ရန် ဟိုတယ်မှ သိမ်းပေးထားပါကြောင်း အသိပေးအပ်ပါတယ်ရှင့်💁💁‍♂️

ဒီ Postလေးကိုမြင်တဲ့ ပိုင်ရှင်များမှာ
ပုဂံအမ်ဘရာဟိုတယ်ရဲ့ ဖုန်းနံပါတ် 09-455011033 (သို့မဟုတ်) Hotel Viber (သို့မဟုတ်) Page Massagerကြိုက်ရာများမှ ဆက်သွယ်ရယူနိုင်ပါတယ်နော်...

ချစ်ခင်လေးစားတန်ဖိုးထားလျှက်
ပုဂံအမ်ဘရာဟိုတယ်မိသားစု
07.11.2025

03/11/2025

🌼Bagan Umbra Hotel မှ ချစ်ရပါသောဧည့်သည်တော်ကြီးများရှင့်.❤️🙏🙏🙏

🌼ခရီးသွား လမ်းညွှန် Page များတွင် Bagan Umbra Hotel နာမည်ဖြင့် Hotel ၏ ဓာတ်ပုံများကို အသုံးချပြီး ၊ မမှန်မကန် အခန်းများကို Hotel Page အတုများဖြင့် ရောင်း ​ချခြင်း၊ Depositများကို pernsonal name ပါသော QR codeများ ၊ Wave account များ ဖြင့်​တောင်းခံခြင်းများ တောက်လျောက်ဖြစ်နေသည်က်ု တွေ့ရှိရပါသဖြင့် မလိုလားအပ်သောပြဿနာများမဖြစ်ပေါ်စေရန်အတွက် Bagan Umbra Hotel Page မှ
061-2460034/
09-455011033 /
09-256016382
ဖုန်းနံပါတ်များနှင့် Viber ကိုဘဲ တိုက်ရိုက်ဆက်သွယ်ပေးပါရန် လေးစားစွာ အသိပေးအပ်ပါတယ်ရှင့်…👍☎️🤝

📢📣 အခန်းBooking များအတွက် Deposit များကိုလည်း The Hotel Umbra Bagan နာမည်ပါသော Kpay QR code တစ်မျိုးတည်းကိုသာ အသုံး ပြုပါကြောင်း လေးစားစွာအသိပေးအပ်ပါတယ်ရှင့် 🙏🌾💦💌

🌼ပုဂံအမ်ဘရာဟိုတယ်ကနေ ကြိုဆိုပါတယ်ရှင့်🙏❄☃နိုဝင်ဘာလနှင့် ဒီဇင်ဘာလ ရဲ့  အေးမြတဲ့ အညာရဲ့ဆောင်း အငွေ့အသက်လေးတေ ❄☃စတင် ခံစားရ...
01/11/2025

🌼ပုဂံအမ်ဘရာဟိုတယ်ကနေ ကြိုဆိုပါတယ်ရှင့်🙏

❄☃နိုဝင်ဘာလနှင့် ဒီဇင်ဘာလ ရဲ့ အေးမြတဲ့ အညာရဲ့ဆောင်း အငွေ့အသက်လေးတေ ❄☃စတင် ခံစားရတော့မယ့် အချိန်လေးတွေရောက်တော့မှာမို့ မိသားစု အပျော်ခရီးလေးတေထွက်ရင်း ​၊ 🤵❤👰ပျော်စရာဟန်းနီးမွန်း ခရီး လေးတေနဲ့ ဘုရား ဖူးမယ်၊📸 💃🕺ဓာတ်ပုံလှလှ​​လေး တေရိုက်မယ် ၊ 🛀အပန်းဖြေမယ် ၊🏊ရေကူးကြမယ့်သူလေးတေအတွက် 🛏🛁အခန်းစျေးလေးတေနှင့်အတူ အခန်းပုံလေးတေပါ မိတ်ဆက်ပေးလိုက်ပါတယ်နော် 🙏

🎡🎆2025 ခုနစ်
November, December လအတွက် အခန်းဈေးနှုန်းလေး တွေဖော်ပြပေးလိုက်ပါတယ်ရှင့် 🎊🎁

🛌နှစ်ယောက်ခန်း နှင့်အတူ သန့်ရှင်းလတ်ဆပ်သော Buffet Breakfast 🥐🥗🍔☕🥛ပါဝင်ပြီး

💌Grand Deluxe (Pool View)- 150,000 ကျပ်

💌Grand Deluxe ( Not Pool View)- 130,000 ကျပ်

💌Superior Deluxe ( with🛀Bathtub ) - 120,000 ကျပ်

💌Superior Deluxe - 100,000 ကျပ်

💌Deluxe - 80,000 ကျပ်

💌Standard (Pool View)- 65,000 ကျပ်

💌Standard - 60,000ကျပ်

🌼မိသားစုအခန်း သီးသန့်မရှိတာမို့ Extra bed တစ်လုံးထပ်ထည့်ပြီး လူကြီး ၃ ယောက်နေမယ်ဆိုရင်တော့ Deluxe နဲ့ Grand Deluxe (၂)မျိုးမှာ နေလို့ရပါတယ် ရှင့်☺️Extra Bed အပါဈေးလေးတွေကတော့....

✳ Grand Deluxe ( Pool View )
150,000+35,000=185,000 ကျပ်

✳ Grand Deluxe( Not pool view) 130,000+35,000= 165,000 ကျပ်

✳ Superior Deluxe ( with🛀Bathtub) - 120,000 + 30,000 =150,000ကျပ်

✳ Superior Deluxe - 100,000 + 30000 = 130,000ကျပ်

✳ Deluxe
80,000+30,000= 110,000 ကျပ်

🌼မှတ်ချက် ။ Standard အခန်းများကတော့ Extra bed ထည့်လို့ မရပါဘူးရှင့်
…………………………………………..........

💰Deposite 50% ကို K-pay (QR code)နဲ့ပေးလို့ရပြီး ကျန်တာကိုတော့ ဟိုတယ်ရောက်မှ Cash 💵 နဲ့ဘဲ ပေးချေရပါမယ်ရှင့်။

Check in- 2pm🕑,
Check out- 12 noon🕛 ( အခန်းလွတ်ရှိခဲ့ရင်တော့ စောဝင်လို့ရပါတယ်)

🚫 Pet not allowed 🐕🚫

☎️ အခန်း Booking အသေးစိတ် သိရှိလိုပါက .. 09-455011033
061-2460034 ကို အခုပဲဆက် သွယ်လို့ရပါတယ်ရှင့်..✍️
👉 Page အတုတွေ ရှိနေတဲ့အတွက် Follower လေးတေကြည့်ပီးမှ အခန်းလေးတေ ဘိုကင်တင်ကြဖို့ အသိပေးလိုပါတယ်ရှင်🙏

🌼နေရာကတော့
----------------
ရွှေစည်းခုံဘုရား၊ ထီးလိုမင်းလိုဘုရား နဲ့ အလိုတော်ပြည့် ဘုရားအကြား🙏
အမှတ် (၇) ရပ်ကွက်၊ ဝက်ကြီးအင်း၊ ညောင်ဦးမြို့မှာပါ...🎡🎆🎁🎊💞

🌼ပုဂံအမ်ဘရာဟိုတယ်မိသားစုများရဲ့ " နဝမ အကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပွဲ" လေးကို ယနေ့ ၁၅-၁၀-၂၀၂၅ ရက် (ဗုဒ္ဓဟူးနေ့) တွင်...
15/10/2025

🌼ပုဂံအမ်ဘရာဟိုတယ်မိသားစုများရဲ့ " နဝမ အကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပွဲ" လေးကို ယနေ့ ၁၅-၁၀-၂၀၂၅ ရက် (ဗုဒ္ဓဟူးနေ့) တွင် ဝမ်းမြောက်အောင်မြင်စွာဖြင့် ကျင်းပနိုင်ခဲ့ပြန်ပါပြီ.....🙏❤️🥰💞

🌼ယနေ့ပြုရသော ကုသိုလ်အဖို့ကို ဝေနေယျအားလုံးထပ်တူရကြပြီး ကျန်းမာခြင်း ချမ်းသာခြင်း အစစ်မှန်တို့နဲ့ ပြည့်စုံကြပါစေရှင်...🙏🌾💦💌

🌼ကထိန်အလှုတော်
-----------------
အလှူအားလုံးထဲမှာကထိန်အလှူဟာ အထူးခြားဆုံးအလှူဖြစ်ပါတယ်

✳ကထိန်ကိုဒကာ၊ဒကာမတွေကခင်းခြင်းမဟုတ်ဘဲ သံဃာတော်များကသာခင်းခြင်းဖြစ်ပါတယ်။ ကထိန်ခင်းဖို့အတွက် ရည်စူးလျာထားပြီးတော့ လှူတဲ့သင်္ကန်းမို့ ကထိန်လျာသင်္ကန်း၊ ကထိန် သင်္ကန်းလို့ ခေါ်ဆိုပါတယ်။

✳ရဟန်းသံဃာရဲ့ အသိပေးတိုက်တွန်းမှူ၊ အရိပ်အယောင်ပြမှူ
လုံးဝမပါဘဲ အလိုအလျောက်ရတဲ့သင်္ကန်းနဲ့ပဲ ကထိန်ခင်းရတဲ့အတွက် မိုးကျသင်္ကန်းလို့လဲ ခေါ်ပါတယ်။

✳ကထိန်ရက်မအားလို့ မလာနိုင်လို့ဆိုပြီးစောစောကတည်းကကြိုလှူလို့မရသလို သက်ဆိုင်ရာကျောင်းတိုက် သံဃာကလည်း ကြိုအလှူခံလို့မရပါဘူး။ အဲလို တစ်ရက်မလွန်ဘဲ ခင်းရတဲ့သင်္ကန်းဖြစ်လို့ မသိုးသင်္ကန်းလို့လဲ ခေါ်ပါတယ်။

✳သိမ်ထဲမှာ ဥတ် ကမ္မဝါတွေ ဖတ်ပြီးတော့ သင်္ကန်းပေးပြီးမှ ကထိန်ခင်းရတဲ့ သင်္ကန်းဖြစ်လို့ ဥတ်သင်္ကန်းလို့လဲ ခေါ်ပါတယ်။

✳ကထိန် အလှူခံ ရဟန်း သံဃာတော်တို့သည် သီတင်းကျွတ် လပြည့်ကျော် (၁) ရက်နေ့မှ တပေါင်း လပြည့်နေ့ အထိ ( ၅ ) လအတွင်း ကထိန်သင်္ကန်းကို အကြောင်းပြု၍ ဝိနည်းတော်များထဲမှ သိက္ခာပုဒ် (၅) ခုကို ကင်းလွတ်ခွင့် ရရှိပါသည်။

✳ကထိန်အလှူဆိုတာ (၁)နှစ်မှာ (၁)လကပ်ခွင့်ရှိပါတယ်။ သီတင်းကျွတ်လပြည့်ကျော် (၁)ရက်နေ့ကနေ တန်ဆောင်မုန်းလပြည့်နေ့အထိ ဖြစ်ပြီး အဲဒီ(၁)လမှာလည်း ကျောင်း(၁)ကျောင်းအတွက် (၁)ရက်မှာ(၁)ကြိမ်ပဲ ကပ်ခွင့်ရှိတဲ့ အလှုလည်းဖြစ်ပါတယ်။

✳ဝါဆိုပြီဆိုကတည်းက ဝါကျွတ်ရင် ဘယ်ကျောင်းမှာ ကထိန်ခင်းကြမယ်ဆိုပြီး စုပေါင်းတိုင်ပင်ညှိနှိုင်းနေရတာကိုက ကထိန်သင်္ကန်းကပ်ဖို့ ပုဗ္ဗစေတနာတွေ ဖြစ်နေတယ်။ သတ်မှတ်ချိန်ကာလ မရောက်မချင်း ပုဗ္ဗစေတနာတွေ ထပ်တလဲလဲ တိုးပွားခွင့်ရတဲ့အတွက် စေတနာသဒ္ဓါတရားကိုလည်း ပိုမိုအားကောင်းစေပါတယ်။

✳ကထိန် ဝေါဟာရသည် " ကထိန "ဟူသော ပါဠိကိုမြန်မာမှုပြုထားခြင်း "ခိုင်မြဲခြင်း" ဖြစ်ပြီး အခြားတစ်ဘက်တွင်လည်း "ကင်းလွတ်ခြင်း" ဟု ညွှန်းဆိုကြပါသည်။
ကထိနဆိုတဲ့ ပါဠိကို "ချီးမွမ်းခြင်း" လို့လည်း အဓိပါယ်ဖွင့် ဆိုကြပါသေးတယ်။ ကထိန်လျာသင်္ကန်းလှူဒါန်းတာကို ဘုရားရှင့်ကိုယ်တိုင် ချီးမွမ်းတော်မူတဲ့အတွက် ကထိန်အလှူကို ဘုရားချီးမွမ်းတဲ့ အလှူလို့လဲ ခေါ်ပါတယ်။

✳အလှူအားလုံးထဲမှာ အထူးခြားဆုံးအလှူဖြစ်တဲ့အတွက် ကထိန်အလှူကို စွမ်းနိုင်သမျှ လှူဒါန်းနိုင်ကြပါစေကြောင်း ပုဂံအမ်ဘရာဟိုတယ် မိသားစုများမှ ဆုတောင်း မေတ္တာပို့သအပ်ပါတယ်ရှင်🙏🙏🙏

ပုဂံအမ်ဘရာဟိုတယ်မိသားစု
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော်(၉) ရက်။
၁၅-၁၀-၂၀၂၅(ဗုဒ္ဓဟူးနေ့)


09-455011033
09-256016328
061-2460034

⚠️⚠️UPDATE⚠️⚠️🚗🚙 ရေကျော်လမ်းပျက်နေတာက သွားလာရေးအဆင်ပြေအောင် ယာယီတံတားထိုးဖို့ စတင်ပြင်ဆင်နေပါပြီတဲ့။ စလုပ်တဲ့အချိန်ကနေ အ...
03/10/2025

⚠️⚠️UPDATE⚠️⚠️

🚗🚙 ရေကျော်လမ်းပျက်နေတာက သွားလာရေးအဆင်ပြေအောင် ယာယီတံတားထိုးဖို့ စတင်ပြင်ဆင်နေပါပြီတဲ့။ စလုပ်တဲ့အချိန်ကနေ အပြီးထိ ၅ နာရီလောက်ကြာမယ်လို့သိရပါတယ်။ ညဦးပိုင်းပြီးမယ်လို့ခန့်မှန်းနေကြပါတယ်။လက်ရှိကားနဲ့အတူစောင့်နေတဲ့ ပုဂံမင်းသားကားလိုင်း ဦးလေးစီက မြေပြင်အခြအနေသတင်းပါ။

🚙🚐နောက်နည်းလမ်းတစ်ခုက နေပြည်တော် ၂၂၀ မိုင် ကနေ မြို့သစ်-ကန်ပြားလမ်း၊ ကန်ပြားကနေ ကျောက်ပန်းတောင်း-ပုဂံ အတိုင်းလာလို့ရပါတယ်။ Google map နဲ့ပြပေးထားပါတယ်။ လမ်းတဝက်ရောက်နေသူတွေအတွက်စဉ်းစားလို့ရအောင်ပါ။

🙏🙏ပုဂံခရီးသွားအားလုံးအစစအရာရာအဆင်ပြေကြပါစေ။

Photos credit
ခရီးသွားများအတွက် အဆင်ပြေအောင် တင်ပေးတဲ့အတွက် post ပိုင်ရှင်အား

ပုဂံအမ်ဘရာဟိုတယ်မှ ကျေးဇူးအထူးတင်ပါရှိသည်ရှင့်🙏

09455011033
09256016382

🌼ယနေ့  27.9.2025 ရက်နေ့တွင်ကျရောက်သော  🌎" World Tourism Day" 👜🎒ကို ကျွန်မတို့ Bagan Umbra Hotel ကနေ ဂုဏ်ပြုကြိုဆိုလိုက်ပ...
27/09/2025

🌼ယနေ့ 27.9.2025 ရက်နေ့တွင်ကျရောက်သော 🌎" World Tourism Day" 👜🎒ကို ကျွန်မတို့ Bagan Umbra Hotel ကနေ ဂုဏ်ပြုကြိုဆိုလိုက်ပါတယ်ရှင်...💌

🧢မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာကြီးတစ်ခုလုံး အမြန်ဆုံး ငြိမ်းချမ်းသာယာဝပြောကာ ရင်းနှီးချစ်ခင်မှုများနဲ့အတူ ခရီးသွားလုပ်ငန်းများ အမြန်ဆုံး ပြန်လည်ဖွဲ့ဖြိုးတိုးတက်လာစေဖို့ နဲ့ ကမ္ဘာသူ ကမ္ဘာသားများ အားလုံး 💞ကျန်းမာ ပျော်ရွှင် ပြည့်စုံသော မိသားစုဘဝများကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်း...💞👬👫ပုဂံအမ်ဘရာဟိုတယ်မိသားစုမှ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ရှင့်🙏🌾💦

🌼Bagan Umbra Hotel
09-256016382 , 09-455011033

Address

Wet Kyi Inn, Nyaung U
Yangon

Alerts

Be the first to know and let us send you an email when Bagan Umbra Hotel posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Bagan Umbra Hotel:

Share

Category