One Minute Service

One Minute Service ❤️ နှလုံးသားဖြင့် ဝန်ဆောင်မှုပေးသည်... ❤️

🚨 ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများ အမှတ်စာရင်းထုတ်ရန် သတိပြုရန်အချက်များ 🚨အမှတ်စာရင်းများကို Online ကနေ...
12/07/2026

🚨 ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများ အမှတ်စာရင်းထုတ်ရန် သတိပြုရန်အချက်များ 🚨

အမှတ်စာရင်းများကို Online ကနေ ကြိုတင်ရက်ချိန်း (Token) ယူပြီးမှသာ လူကိုယ်တိုင်ဖြစ်စေ၊ ကိုယ်စားလှယ်နဲ့ဖြစ်စေ သွားရောက်ထုတ်ယူရမှာ ဖြစ်ပါတယ်။ အင်တာနက်လိုင်း အဆင်မပြေတာကြောင့်ဖြစ်စေ၊ နည်းပညာပိုင်း အကျွမ်းတဝင်မရှိတာကြောင့်ဖြစ်စေ အမှတ်စာရင်းကိုယ်စားထုတ်ဖို့ One Minute Service မှ တာဝန်ယူ ဆောင်ရွက်ပေးနေပါပြီ။

🗓 ဘယ်တော့၊ ဘယ်လို ရက်ချိန်းယူရမလဲ။

စတင်မည့်ရက်: ၁၄-၇-၂၀၂၆ (အင်္ဂါနေ့) နံနက် (၁၀:၀၀) နာရီ မှ စတင်ပြီး ရက်ချိန်းယူနိုင်ပါပြီ။

လျှောက်ထားရန်လင့်ခ်: 👉 https://osp.dme.gov.mm/

သတ်မှတ်ချက်: လူတစ်ယောက်ဟာ တစ်ကြိမ် ရက်ချိန်းယူရင် အမှတ်စာရင်း (၃) စောင်အထိ ပဲ လျှောက်ထားခွင့်ရှိပါတယ်။

⚠️ မဖြစ်မနေ သတိပြုရမည့်အချက်များ (အရေးကြီး)

❌ ရက်ချိန်းမယူဘဲ ရုံးသို့ တိုက်ရိုက်မလာပါနှင့်: Online ရက်ချိန်းမရှိဘဲ စာစစ်ဦးစီးဌာနရုံးများသို့ လာရောက်ပါက လုံးဝ ဆောင်ရွက်ပေးမည် မဟုတ်ပါ။ မိမိတို့ အချိန်ကုန်၊ လူပန်း မဖြစ်ရအောင် ကြိုတင်ရက်ချိန်း မဖြစ်မနေ ရယူသွားကြပါ။

❌ အချက်အလက် လွဲမှားခြင်း မရှိပါစေနှင့်: ရက်ချိန်းယူစဉ်က ဖြည့်သွင်းခဲ့တဲ့ ခုံအမှတ်တွေအတိုင်းပဲ အမှတ်စာရင်း ထုတ်ပေးမှာ ဖြစ်ပါတယ်။ စနစ်ထဲမှာ ဖြည့်ထားတာနဲ့ အပြင်က အချက်အလက် ကွဲလွဲနေရင် ရက်ချိန်းကို ပယ်ဖျက်သွားမှာ ဖြစ်လို့ သေချာဂရုစိုက်ပြီး ဖြည့်သွင်းပေးပါ။

🏢 ဘယ်နေ့၊ ဘယ်နေရာမှာ သွားထုတ်ရမလဲ။

စတင်ထုတ်ယူနိုင်မည့်ရက်: ၁၆-၇-၂၀၂၆ (ကြာသပတေးနေ့) မှ စတင်ထုတ်ယူနိုင်ပါပြီ။

ယူဆောင်ရမည့်အရာ: သွားထုတ်မည့်သူ၏ QR Code နှင့်အတူ မှတ်ပုံတင် (သို့မဟုတ်) ယာဉ်မောင်းလိုင်စင် မူရင်း ကို ယူဆောင်သွားရပါမည်။

ထုတ်ယူရမည့် ရုံးလိပ်စာများ:
📍 နေပြည်တော် (ရုံးချုပ်): ရုံးအမှတ် (၅၂)၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန။
📍 ရန်ကုန် (ရုံးခွဲ): လှိုင်မြို့နယ်၊ ပါရမီလမ်း၊ (၁၂) ရပ်ကွက်၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန။

📝 ထပ်ဆင့်အသိပေးချက်:
ယခုအစီအစဉ်သည် စာမေးပွဲအောင်မြင်သူများအတွက်သာ ကနဦးထုတ်ပေးခြင်း ဖြစ်ပါသည်။ ကျရှုံးသူများ၏ အမှတ်စာရင်းထုတ်ပေးမည့် ရက်စွဲကို အထက်ပါ Website တွင်ပင် ထပ်မံကြေညာပေးသွားမည် ဖြစ်ကြောင်း သိရပါသည်ခင်ဗျာ။

#တက္ကသိုလ်ဝင်စာမေးပွဲ #အမှတ်စာရင်းထုတ်ယူခြင်း #မြန်မာနိုင်ငံစာစစ်ဦးစီးဌာန #ရက်ချိန်းရယူရန်

အင်္ဂလိပ်လို ကောင်းကောင်းပြောတတ်ချင်တယ်ဆိုရင် ကျွန်တော်တို့ဆီက ဒီအတန်းကို တက်နိုင်ပါတယ်။ အခုမှစပြီး ပြောချင်တဲ့ pure beg...
04/07/2026

အင်္ဂလိပ်လို ကောင်းကောင်းပြောတတ်ချင်တယ်ဆိုရင် ကျွန်တော်တို့ဆီက ဒီအတန်းကို တက်နိုင်ပါတယ်။

အခုမှစပြီး ပြောချင်တဲ့ pure beginners တွေအတွက် အသံထွက်က အစ သင်ကြားပေးမယ့် “ရက် ၃၀ အင်္ဂလိပ်စကားပြောသင်တန်း” ဖြစ်ပါတယ်ခင်ဗျာ။

သင်တန်းက ၆ လ course ဖြစ်ပါတယ်။ ၂ လတစ်ဖြတ်တက်ရပါမယ်။ ပထမတစ်ဖြတ်က July - August ပါ။

နှစ်လတည်းနဲ့တော့အကုန်ပြောတတ်သွားမှာမဟုတ်ပါဘူး။ ဒါပေမယ့် အသံထွက်တိကျပြီး မှန်မှန်ကန်ကန်ပြောနိုင်လာမယ့်အပြင် ၆ လထိ တက်နိုင်တဲ့သူတွေက conversation တွေကို အလွယ်တကူ ပြောဆိုနိုင်မှာဖြစ်ပါတယ်။

အင်္ဂလိပ်လိုပြောရမှာကြောက်ပြီး ဘာတစ်လုံးမှ မပြောတတ်ဘူးဆိုတဲ့သူတွေအတွက် သီးသန့်စီစဉ်ထားတာဖြစ်လို့ ပြောနိုင်ပြီးသားသူတွေက နောက်တစ်ဖြတ်မှ စတင်တက်ရောက်ဖို့အကြံပြုလိုပါတယ်ခင်ဗျာ။

အသံထွက်တွေကနေစပြီး လေယူလေသိမ်းထိ ပြန်သင်မယ့်အတန်းဖြစ်တာကြောင့် ကိုယ်တိုင်တက်၊ ကိုယ်တိုင်ပြောဖို့လိုအပ်ပါတယ်။ Recording မပေးပါ။ အတန်းခဏခဏပျက်လို့မရကြောင်းလည်း ကြိုတင်အသိပေးလိုက်ပါတယ်ခင်ဗျ။

⭐️သင်တန်းရက်- Mon, Tue, Wed, Thu
⭐️သင်တန်းချိန် - 8:30 to 9:30 pm
⭐️သင်တန်းကြေး - 105,000 MMK (for July and August)
⭐️သင်တန်းစတင်မည့်နေ့ - 13.7.2026 (Monday)

၆ လ တိတိ တက်ရောက်နိုင်သူများ၊ အင်္ဂလိပ်စကားပြောတတ်ရန် စိတ်ပိုင်းဖြတ်ထားသူများသာ တက်ရောက်ပေးပါရန်လည်း မေတ္တာရပ်ခံလိုပါတယ်။အပြောစွမ်းရည်ဖြစ်တဲ့အတွက် တက်လိုက်၊ မတက်လိုက် လုပ်နေခြင်းက သိသာတဲ့တိုးတက်မှုရရှိမှာမဟုတ်လို့ပါ ခင်ဗျာ။

🛎️သင်တန်းအပ်နှံလိုသူများ page messenger မှတစ်ဆင့် ဆက်သွယ်ပြီး အသေးစိတ်မေးမြန်းအပ်နှံနိုင်ပါတယ်ခင်ဗျာ။ 📩

ချစ်ခြင်းများစွာဖြင့်...
One Minute Service (OMS)
Since 2018

🥳Congratulations ပါ ကံထူးရှင် ကျောင်းသား၊ ကျောင်းသူများ … 🤩🎉ပညာရေးအတွက် ကျွန်တော်တို့ဘက်က အခမဲ့စီစဉ်ပေးချင်လို့ founder ...
02/07/2026

🥳Congratulations ပါ ကံထူးရှင် ကျောင်းသား၊ ကျောင်းသူများ … 🤩🎉

ပညာရေးအတွက် ကျွန်တော်တို့ဘက်က အခမဲ့စီစဉ်ပေးချင်လို့ founder ရဲ့ မွေးနေ့အထိမ်းအမှတ် ပညာဒါန ၃ ဦးစာကို ရွေးချယ်ပေးလိုက်ပါပြီခင်ဗျာ။

ကျန်ရှိသော ကျောင်းသားများကလည်း ယခုတစ်ကြိမ်မှာရွေးချယ်မခံရပေမယ့် နောင်အလျဉ်းသင့်သလို စီစဉ်ပေးတဲ့အကြိမ်တွေမှာလည်း ထပ်မံပါဝင်ဖို့ မျှော်လင့်နေပါမယ်ခင်ဗျာ။

အမည်ပါ ကျောင်းသား၊ ကျောင်းသူများကလည်း OMS page messenger ကို လာရောက်အကြောင်းကြားပေးပါရန် မေတ္တာရပ်ခံအပ်ပါတယ်။

ချစ်ခြင်းများစွာဖြင့်
Since 2018

🎓 YUFL DIEC (Batch 8), Global & SEAMEO Diploma in English ဝင်ခွင့်စာမေးပွဲကို ယုံကြည်မှုအပြည့်နဲ့ တစ်ခါတည်း ဖြေဆိုအောင်မ...
29/06/2026

🎓 YUFL DIEC (Batch 8), Global & SEAMEO Diploma in English ဝင်ခွင့်စာမေးပွဲကို ယုံကြည်မှုအပြည့်နဲ့ တစ်ခါတည်း ဖြေဆိုအောင်မြင်ချင်သူများအတွက် အထူးရည်ရွယ်တဲ့ English Preparation Class

⚠️ အထူးသတိပေးချက်:
ယခု (ဇူလိုင်လ) ဖွင့်လှစ်မည့်အတန်းသည် ဝင်ခွင့်စာမေးပွဲအတွက် နောက်ဆုံးလက်ခံမည့်အတန်း ဖြစ်ပါသည်။ ယခုအတန်းပြီးလျှင် အောက်တိုဘာလမှသာ အတန်းအသစ် ပြန်လည်စတင်ပါမည်။ အချိန်မဆိုင်းဘဲ အခုပဲ ပြင်ဆင်မှုစတင်လိုက်ပါ။
💡 ဒီသင်တန်းမှာ ဘာတွေလေ့လာရမလဲ?

Entrance Exam အတွက် မဖြစ်မနေလိုအပ်မည့် Vocabulary & Expressions များ

Basic Grammar ကို အခြေခံမှစ၍ လွယ်ကူစွာ နားလည်အောင် သင်ကြားပေးခြင်း

Exam Pattern (မေးခွန်းပုံစံ) နှင့် ကိုက်ညီအောင် Practice & Special Training များ ပြုလုပ်ပေးခြင်း

👩‍🏫 သင်ကြားပေးမည့် ဆရာမ၏ အတွေ့အကြုံ

YUFL Graduate ဖြစ်ပြီး သင်ကြားရေးသက်တမ်း (၁၅) နှစ်ကျော် အတွေ့အကြုံရှိခြင်း

ဂျပန်၊ စင်ကာပူ၊ ထိုင်းနိုင်ငံများမှ နိုင်ငံတကာကျောင်းသားများကို လက်ရှိသင်ကြားပေးနေသူ

Cambridge YLE & English Proficiency Exam (Adult learners) များကို အထူးပြုသင်ကြားပေးနေသူ

📅 သင်တန်းအချိန်ဇယား အသေးစိတ်

🗓 သင်တန်းကာလ: ၃ လ (တစ်ပတ် ၂ ရက်)

🚀 စတင်မည့်ရက်: ၆ ရက်၊ ဇူလိုင်လ၊ ၂၀၂၆ ခုနှစ် (တနင်္လာနေ့)

📆 သင်တန်းရက်: တနင်္လာ၊ အင်္ဂါ

⏰ သင်တန်းအချိန်: ည ၇:၃၀ မှ ၈:၃၀ ထိ

💻 Special Benefit: အလုပ်မအား၍ Live မတက်နိုင်သူများအတွက် Recording Video များကို Group ထဲတွင် ပြန်တင်ပေးထားမည်ဖြစ်၍ အချိန်မရွေး ပြန်လည်လေ့လာနိုင်ပါသည်။

📥 စာရင်းပေးသွင်းရန်နှင့် အသေးစိတ်မေးမြန်းရန်:
အခွင့်အရေးကို လက်မလွှတ်ဘဲ အခုပဲ One Minute Service Page Messenger သို့ ဆက်သွယ်စုံစမ်း အပ်နှံနိုင်ပါပြီခင်ဗျာ။ 📩

ချစ်ခြင်းများစွာဖြင့်...
One Minute Service (OMS)
Since 2018

🎓 သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်) မှ ကြီးမှူးဖွင့်လှစ်မည့် Digital Marketing  (၃) လတာ အသိအမှတ်ပြု လက်မှ...
19/06/2026

🎓 သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်) မှ ကြီးမှူးဖွင့်လှစ်မည့် Digital Marketing (၃) လတာ အသိအမှတ်ပြု လက်မှတ်ရ သင်တန်းများကို တက်ရောက်လိုသူများအတွက် သတင်းကောင်း!

📅 သင်တန်းကာလ: ၁၁.၇.၂၀၂၄ မှ ၄.၁၀.၂၀၂၄ ထိ

ဖွင့်လှစ်မည့် သင်တန်းများ:

1️⃣ စီးပွားရေးလုပ်ငန်းဆိုင်ရာ ဥပဒေ အသိအမှတ်ပြုလက်မှတ်သင်တန်း (Certificate in Business Law - CBL)
👉 တက်ရောက်ခွင့်: တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူများ

2️⃣ စွန့်ဦးတီထွင်မှုနှင့် စီမံခန့်ခွဲမှုပညာ အသိအမှတ်ပြုလက်မှတ်သင်တန်း (Certificate in Entrepreneurship and Business Management - CEBM)
👉 တက်ရောက်ခွင့်: တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူများ

3️⃣ ဒီဂျစ်တယ်နည်းလမ်းဖြင့် ဈေးကွက်ဖော်ဆောင်မှုနှင့် ဆန်းသစ်တီထွင်မှုပညာ အသိအမှတ်ပြုလက်မှတ်သင်တန်း (Certificate in Digital Marketing and Innovation - CDMI)
👉 တက်ရောက်ခွင့်: တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူများ

💻 သင်တန်းပုံစံ: Online (အိမ်ကနေပဲ အေးဆေးတက်ရောက်နိုင်ပါသည်)

💰 သင်တန်းကြေး: ၁၀၀,၀၀၀ ကျပ်

⏳ လျှောက်ထားရမည့်ရက်: ၂၂.၆.၂၀၂၄ မှ ၅.၇.၂၀၂၄ အထိ

သင်တန်းအချိန်များ:

CBL: အပတ်စဉ် တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး (ည ၁၈:၀၀ - ၂၀:၀၀)

CEBM: အပတ်စဉ် ဗုဒ္ဓဟူး၊ ကြာသပတေး၊ သောကြာ (ည ၁၈:၀၀ - ၂၀:၀၀)

CDMI: အပတ်စဉ် စနေ၊ တနင်္ဂနွေ (နံနက် ၀၉:၀၀ - ၁၂:၀

ဆက်သွယ်ရန်ဖုန်း:

CBL: ၀၉-၄၅၀၀၅၀၀၅၄၊ ၀၉-၄၅၉၀၆၅၉၄

CEBM: ၀၉-၆၉၈၇၁၅၄၄၄၊ ၀၉-၆၉၀၁၆၅၆၈

CDMI: ၀၉-၇၇၀၃၄၅၀၆၅၊ ၀၉-၇၉၀၈၀၇၉၄၀

📣 အခွင့်အရေးကို လက်လွတ်မခံဘဲ အခုပဲ စာရင်းပေးသွင်းလိုက်ပါ!

Global English Weekend Result E001 - E731OMS သင်တန်းမှ အောင်မြင်သူ 100% 🥳ဒီပလိုမာဝင်ခွင့်စာမေးပွဲအတွက် English Preparati...
18/06/2026

Global English Weekend Result E001 - E731
OMS သင်တန်းမှ အောင်မြင်သူ 100% 🥳

ဒီပလိုမာဝင်ခွင့်စာမေးပွဲအတွက် English Preparation Class ရှိနေပါပြီ 🎓✨
Global . YUFL DIEC &. Seameo ဝင်ခွင့်စာမေးပွဲကို ယုံကြည်မှုအပြည့်နဲ့ ဖြေဆိုအောင်မြင်ချင်သူများအတွက် အထူးရည်ရွယ်ပြီး ပြင်ဆင်ပေးမည့် English Preparation Class ကို ဖွင့်လှစ်ထားပါသည်။
ဒီသင်တန်းမှာ ဘာတွေသင်ကြားပေးမလဲ? 📚
✔ Entrance Exam အတွက် မဖြစ်မနေလိုအပ်တဲ့ Vocabulary & Expressions
✔ Basic Grammar ကို လွယ်လွယ်နားလည်အောင် သင်ကြားပေးခြင်း
✔ Exam Pattern နှင့် ကိုက်ညီအောင် Practice & Special Training
ဆရာမ၏ အတွေ့အကြုံ 👩‍🏫
🔹 YUFL Graduate
🔹 သင်ကြားရေးအတွေ့အကြုံ (၁၅) နှစ်ကျော်
🔹 ဂျပန်၊ စင်ကာပူ၊ ထိုင်းနိုင်ငံများမှ နိုင်ငံတကာကျောင်းသားများကို သင်ကြားပေးနေသူ
🔹 Cambridge YLE & English Proficiency Exam (Adult learners) များကို အထူးပြုသင်ကြားပေးနေသူဖြစ်သည်။
သင်တန်းအချိန်ဇယား 🗓️
📌 ကာလ – ၄ လ (တစ်ပတ် ၂ ရက်)
📌 စတင်မည့်လ – ၈ ၊ ဇွန်လ ၊ ၂၀၂၆
📌 နေ့ရက် – တနင်္လာ၊ အင်္ဂါ
📌 အချိန် – ည ၈:၃၀ မှ ၉:၃၀
🎥 Live မတက်နိုင်သူများအတွက် Recording Video များကို Group ထဲတွင် ပြန်တင်ပေးသွားမည်ဖြစ်သဖြင့် အချိန်မရွေး ပြန်လေ့လာနိုင်ပါသည်။
📩 စာရင်းပေးသွင်းရန်နှင့် အသေးစိတ်မေးမြန်းရန်
One Minute Service Page Messenger သို့ ဆက်သွယ်ပါ။
Global, YUFL & Seame ဝင်ခွင့်ကို လက်မလွှတ်ချင်သူများအတွက် အကောင်းဆုံးပြင်ဆင်ပေးမည့် Special Class ကို
အခုချိန်မှာပဲ စာရင်းသွင်းလိုက်ပါ! 🌟
ချစ်ခြင်းများစွာဖြင့်
Since 2018

မူရင်းဓာတ်ပုံရိုက်ပေးသူနှင့် တင်ပေးသောသူကို လေးစားစွာဖြင့် Credit ပေးပါသည်။

🤩“အတန်းထဲရောက်တဲ့အထိ အခမဲ့”🤩👏ဟုတ်ပါတယ်။ ဘယ် form ဖြစ်ဖြစ် မမီဘူးဆိုရင်၊ ဝင်ခွင့်စာမေးပွဲထိ ပါမလာဘူးဆိုရင် လက်မလျှော့လိုက...
17/06/2026

🤩“အတန်းထဲရောက်တဲ့အထိ အခမဲ့”🤩

👏ဟုတ်ပါတယ်။ ဘယ် form ဖြစ်ဖြစ် မမီဘူးဆိုရင်၊ ဝင်ခွင့်စာမေးပွဲထိ ပါမလာဘူးဆိုရင် လက်မလျှော့လိုက်ပါနဲ့ဦးခင်ဗျာ။

🎉🎂One Minute Service ရဲ့ ရုပ်ချောချော Founder ဖြစ်သူရဲ့ (၂၃)နှစ်ပြည့်မွေးနေ့ ဒီလထဲမှာရှိတာမို့ မွေးနေ့အထိမ်းအမှတ်အဖြစ်

🔶သင်တန်းတက်ချင်ပေမယ့် အခွင့်မသာသေးတဲ့ ကျောင်းသားလောင်း (၃) ဦးကို အတန်းထဲရောက်သည် အထိ အခမဲ့ ဝန်ဆောင်မှုပေးသွားမှာဖြစ်ပါတယ်။🔶

⚜️⚜️⚜️
1️⃣ အောက်ပါ သင်တန်းများထဲမှာ မိမိတက်ရောက်လိုတဲ့ တစ်ခုကို ရွေးချယ်လိုက်ပါက form တင်ရန် အစအဆုံး အခမဲ့ ဖြစ်ပါတယ်။

Online Batch ( 8 )
Chat Communication Course (60)
( 11 )
Graduate Diploma in Business ( 9 Batch )


in Intellectual Property Law (3rd Batch )
( 21 Batch )

⚜️⚜️⚜️
2️⃣ Form ရရှိပြီး registration list ထဲပါဝင်ပါက၊ မိမိလျှောက်ထားသော သင်တန်းသည် အင်္ဂလိပ်စာသင်တန်းဖြစ်ပါက စာမေးပွဲဖြေဆိုရန် တက်ရောက်ရမည့် ဝင်ခွင့်ပြင်ဆင်မှုသင်တန်းအတွက် အခမဲ့ ဖြစ်ပါတယ်။

Preparation Class

⚜️⚜️⚜️
3️⃣ ဝင်ခွင့်စာမေးပွဲအောင်မြင်ပြီး သက်ဆိုင်ရာသင်တန်းတက်ရောက်ရာတွင် အဆင်ပြေချောမွေ့စွာ communicate လုပ်နိုင်ရန် English စကားပြောသင်တန်း တက်ရောက်ခွင့်ကလည်း အခမဲ့ ဖြစ်ပါတယ်။

Speaking Class

‼️ကျွန်တော်တို့ဘက်က ရေမီးအစုံနဲ့ လေထီးခုန်နိုင်အောင် လုပ်ပေးချင်တာဖြစ်လို့ လူဦးရေများစွာ လက်မခံနိုင်ဘဲ ၃ ဦးသာ သတ်မှတ်ထားတာကိုတော့ မေတ္တာရှေ့ထားပြီး ထပ်မံအသိပေးလိုပါတယ်ခင်ဗျာ။

‼️သင်တန်းတက်ရောက်ချင်ပြီး တကယ်လည်း အခက်အခဲဖြစ်နေသူများကို ဦးစားပေးချင်တာမို့ သေချာစိစစ်ရွေးချယ်သွားမှာဖြစ်ကြောင်းနဲ့ မသင်္ကာဖွယ်ရာ တစ်စုံတစ်ခုပေါ်ပေါက်လာပါက OMS management team ရဲ့ final decision သာ အတည်ဖြစ်ကြောင်းကိုလည်း ထပ်လောင်းအသိပေးအပ်ပါတယ်ခင်ဗျာ။

ပါဝင်ချင်သူ ကျောင်းသားလောင်းများ အနေနဲ့ ယခု post ရဲ့ comment မှာ

✅မိမိတက်ရောက်လိုသော သင်တန်း တန်းခွဲ နဲ့
✅တက်ရောက်ချင်သည့် ရည်ရွယ်ချက်ကို ရေးသားဖော်ပြပေးဖို့ လိုအပ်ပါတယ်ခင်ဗျာ။

‼️ Like & share ဖို့ မလိုပါ။ ကျွန်တော်တို့ page engagement အတွက် လုပ်တာ မဟုတ်လို့ တက်ရောက်ချင်သူများကို collect လုပ်သည့်အနေဖြင့် comment တစ်ခုတည်းနဲ့ လုံလောက်ပါတယ်ခင်ဗျာ။

🎉Comment ပိုင်ရှင်များထဲမှ ၃ ဦးကို ( 1-July-2026 ) နေ့တွင် random မဲနှိုက်ရွေးချယ်ပြီး သင်တန်းတက်ရောက်ခွင့်ရသည်အထိ ကျွန်တော်တို့ကိုတစ်ပြားတစ်ချပ်မှ ပေးစရာမလိုဘဲ မေတ္တာနဲ့ ပညာဒါနပေါင်းစပ်ပြီး နှလုံးသားနဲ့ ဝန်ဆောင်မှုပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ ….။

ချစ်ခြင်းများစွာဖြင့်

Since 2018


အမှတ်စဉ်( ၇ ) အင်္ဂလိပ်ဘာသာစကား Diploma in English for Communication Skills online သင်တန်း ဝင်ခွင့်ခေါ်ယူမှုအတွက် ကျွန်တ...
17/06/2026

အမှတ်စဉ်( ၇ ) အင်္ဂလိပ်ဘာသာစကား Diploma in English for Communication Skills online သင်တန်း ဝင်ခွင့်ခေါ်ယူမှုအတွက် ကျွန်တော်တို့ရဲ့ One Minute Service မှာ online registration service အတွက် ၂၅ ဦး တင်ပေးခဲ့ရာတွင် အောင်မြင်စွာ စာရင်းသွင်းနိုင်သူ ၂၃ ဦး နဲ့ ဝင်ခွင့်စာမေးပွဲအတွက် အနီးကပ်သင်တန်းအပါအဝင် ပြင်ဆင်မှုပေးခဲ့တဲ့ သင်တန်းသားဦးရေ 88% အောင်မြင်စွာဖြေဆိုနိုင်ပြီး ဝင်ခွင့်ရရှိခဲ့ပါသည်။

ဝင်ခွင့်ရရှိသူ သင်တန်းသားများ အားလုံးအတွက် ဂုဏ်ယူချီးကျူးအပ်ပါတယ်ခင်ဗျာ။
ဖြေဆိုချိန်မလောက်ငှခြင်း၊ form တင်ချိန် submit ပြုလုပ်ရတွင် နှောင့်နှေးခဲ့ရခြင်းတို့ကြောင့် ယခုအကြိမ်ဝင်ခွင့်နဲ့ လွဲချော်ခဲ့ရသည့် သင်တန်းသားများအတွက် One Minute Service မှ အထူးပင် ဝမ်းနည်းအားနာမိပါတယ်ခင်ဗျာ။

Batch (8) အတွက် ကြိုတင်အပ်နှံနိုင်ပါပြီ!

အင်တာနက်လိုင်းအခက်အခဲကြောင့်ဖြစ်စေ၊ နည်းပညာပိုင်းကြောင့်ဖြစ်စေ အခွင့်အရေး လက်လွတ်မခံရအောင် Batch (8) အတွက် Pre-booking (ကြိုတင်အပ်နှံမှု) များကို အခုကတည်းက စတင်လက်ခံနေပါပြီ။

ထို့အပြင် ဝင်ခွင့်စာမေးပွဲအတွက် English Preparation Classကို ၄ လတာ သင်ကြားပေးသွားမှာဖြစ်ပါသည်။

လာမည့် ဝင်ခွင့်များနဲ့ စာမေးပွဲပြင်ဆင်မှုများအတွက်လည်း ကျနော်တို့ One Minute Service Team က သင်တန်းသားများနဲ့ အတူရှိနေဦးမှာဖြစ်လို့ အသေးစိတ်စုံစမ်းမေးမြန်းလိုပါက page messenger သို့ လာရောက်ဆက်သွယ်နိုင်ပါကြောင်း ဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာ။

ချစ်ခြင်းများစွာဖြင့်
Since 2018

PGDE Batch 10 ဝင်ခွင့်ရသူများစာရင်း  OMS မှ အောင်မြင်စွာ ဝင်ရောက်ခွင့်ရသူ 100% 🥳🥳🥳One Minute Service ကို ယုံကြည်စွာ အပ်န...
17/06/2026

PGDE Batch 10 ဝင်ခွင့်ရသူများစာရင်း
OMS မှ အောင်မြင်စွာ ဝင်ရောက်ခွင့်ရသူ 100% 🥳🥳🥳

One Minute Service ကို ယုံကြည်စွာ အပ်နှံခဲ့ကြတဲ့ ဝန်ဆောင်မှုယူထားသူ အားလုံးအတွက် Postgraduate Diploma in English (PGDip.Eng) Batch (၁၀) Online Booking ကို အောင်မြင်စွာ တင်ပေးပြီးဖြစ်ကြောင်း ဝမ်းမြောက်စွာ အသိပေးအပ်ပါတယ်ခင်ဗျာ။

✅ အောင်မြင်စွာ Booking ရရှိပြီးသူများ ဆက်လက်လုပ်ဆောင်ရမည့် (ဒုတိယအဆင့်) -

၁။ ကျောင်းအပ်နှံရန် ရက်စွဲနှင့်အချိန်: ဒုတိယအဆင့်အနေနဲ့ Online booking အောင်မြင်သူများသည် (၁၈.၆.၂၀၂၆) ရက် နံနက် (၉:၀၀) နာရီ မှစတင်ပြီး ရန်ကုန်ပညာရေးတက္ကသိုလ်သို့ လူကိုယ်တိုင်သွားရောက်ကာ ကျောင်းအပ်နှံရမည်ဖြစ်ပါသည်။

၂။ လိုအပ်သော စာရွက်စာတမ်းများ: ကျောင်းအပ်နှံသည့်အခါ သတ်မှတ်ထားသော စာရွက်စာတမ်း (မူရင်း) များ တင်ပြ၍ လျှောက်လွှာရယူရမည်ဖြစ်ပါသည်။ စာရွက်စာတမ်း (မူရင်း) မပါရှိပါက လျှောက်လွှာထုတ်ပေးမည်မဟုတ်ကြောင်း အထူးသတိပြုစေလိုပါသည်။

၃။ အရေးကြီးသတိပေးချက်:
• Online booking ရရှိထားသော်လည်း သတ်မှတ်ထားသောအချိန်အတွင်း ကျောင်းသွားရောက်မအပ်ပါက သင်တန်းတက်ရောက်ခွင့် ရရှိမည်မဟုတ်ပါ။
• သင်တန်းသားဦးရေ ကန့်သတ်ထားပါသဖြင့် ဆောလျင်စွာ လျှောက်လွှာရယူဖြည့်စွက်ပြီး ကျောင်းအပ်သူများသာ သင်တန်းတက်ရောက်ခွင့်ရရှိမည်ဖြစ်သောကြောင့် အချိန်မီသွားရောက်ကြရန် တိုက်တွန်းအပ်ပါသည်။
သင်တန်းသား/သူများအားလုံး ဘွဲ့လွန်ဒီပလိုမာသင်တန်းကို အဆင်ပြေချောမွေ့စွာ တက်ရောက်နိုင်ကြပါစေကြောင်း One Minute Service မိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်။ 🎓✨

ချစ်ခြင်းများစွာဖြင့်
OMS Since 2018

YUFL (Batch 7 )  Online အောင်စာရင်း ဒီပလိုမာဝင်ခွင့်စာမေးပွဲအတွက်English Preparation Class ရှိနေပါပြီ 🎓✨YUFL DIEC &. Sea...
17/06/2026

YUFL (Batch 7 ) Online အောင်စာရင်း

ဒီပလိုမာဝင်ခွင့်စာမေးပွဲအတွက်English Preparation Class ရှိနေပါပြီ 🎓✨
YUFL DIEC &. Seameo Form တင်တာရော၊ ဝင်ခွင့်စာမေးပွဲကို ယုံကြည်မှုအပြည့်နဲ့ ဖြေဆိုအောင်မြင်ချင်သူများအတွက် အထူးရည်ရွယ်ပြီး ပြင်ဆင်ပေးမည့် English Preparation Class ကို မကြာခင် စတင်တော့မှာဖြစ်ပါတယ်။

ဒီသင်တန်းမှာ ဘာတွေသင်ကြားပေးမလဲ? 📚
✔ Entrance Exam အတွက် မဖြစ်မနေလိုအပ်တဲ့ Vocabulary & Expressions
✔ Basic Grammar ကို လွယ်လွယ်နားလည်အောင် သင်ကြားပေးခြင်း
✔ Exam Pattern နှင့် ကိုက်ညီအောင် Practice & Special Training

ဆရာမ၏ အတွေ့အကြုံ 👩‍🏫
🔹 YUFL Graduate
🔹 သင်ကြားရေးအတွေ့အကြုံ (၁၅) နှစ်ကျော်
🔹 ဂျပန်၊ စင်ကာပူ၊ ထိုင်းနိုင်ငံများမှ နိုင်ငံတကာကျောင်းသားများကို သင်ကြားပေးနေသူ
🔹 Cambridge YLE & English Proficiency Exam (Adult learners) များကို အထူးပြုသင်ကြားပေးနေသူ
သင်တန်းအချိန်ဇယား 🗓️
📌 ကာလ – ၄ လ (တစ်ပတ် ၂ ရက်)
📌 စတင်မည့်လ – ၈ ၊ ဇွန်လ ၊ ၂၀၂၆
📌 နေ့ရက် – တနင်္လာ၊ အင်္ဂါ
📌 အချိန် – ည ၈:၃၀ မှ ၉:၃၀
🎥 Live မတက်နိုင်သူများအတွက် Recording Video များကို Group ထဲတွင် ပြန်တင်ပေးသွားမည်ဖြစ်သဖြင့် အချိန်မရွေး ပြန်လေ့လာနိုင်ပါသည်။

📩 စာရင်းပေးသွင်းရန်နှင့် အသေးစိတ်မေးမြန်းရန်
One Minute Service Page Messenger သို့ ဆက်သွယ်ပါ။
YUFL & Seame ဝင်ခွင့်ကို လက်မလွှတ်ချင်သူများအတွက် အကောင်းဆုံးပြင်ဆင်ပေးမည့် Special Class ကို
အခုချိန်မှာပဲ စာရင်းသွင်းလိုက်ပါ! 🌟
ချစ်ခြင်းများစွာဖြင့်

Since 2018

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ One Minute Serviceผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แนะนำ

  • Cana Boutique Hotel

    Cana Boutique Hotel

    141 ซ. จรัญสนิทวงศ์ 57/2 แขวง บางบำหรุ เขต บางพลัด

แชร์