Lad Dar - Bangkok

Lad Dar - Bangkok Your one stop Business & Travel consultant
(Hotel, Guide, Transportation arrangements)
Hospital appointment Reservations
Assist goods purchasers

23/01/2016

ကျွန်တော်တို့ Lad Dar Bangkok မှ
ဘန်ကောက်တွင်ဟော်တယ်အခန်းများ
နင့်ကစားကွင်းဝင်ကြေးများကိုပုံမှန်ဈေးနူန်းထက်သက်သာအောင်စီစဉ်ဆောင်ရွက်ပေးပါသည်

Wat Saket(The Golden Mount )ရွှေတောင်ဘုရားကို ထိုင်းနိုင်ငံ တတိယဘဘုရင် RAMA lll (1787-1851)လက်ထပ်မှစတင်တည်ထားကိုးကွယ်ခဲ့ပ...
15/12/2015

Wat Saket(The Golden Mount )
ရွှေတောင်ဘုရားကို ထိုင်းနိုင်ငံ တတိယဘဘုရင် RAMA lll (1787-1851)လက်ထပ်မှစတင်တည်ထားကိုးကွယ်ခဲ့ပါသည် ဝင်ကြေးမရှိပါ

15/12/2015

ဘန်ကောက်သို့ ခရစ္စမတ်တွင် ဘုရားလဲဖူးဈေးလဲဝယ်PATAYAမှာရေလဲကစားရင်း အယုဒ္ဓရာမြို့ဟောင်းကိုလည်ပတ်ခြင်သူ
များသို့အထူးအစီစဉ်ရှိပါတယ်

Bike For Dadမနေ့က၂၀၁၅ ဒီဇင်ဘာလ ၁၁ ရက်နေ့ကထိုင်းနိုင်ငံမှာဘုရင်မင်းမြတ်ဘူမိဘော ၈၈ နှစ်မွေးနေ့ကိုရည်စူး၍ BIKE FOR DAD ဆြို...
11/12/2015

Bike For Dad
မနေ့က၂၀၁၅ ဒီဇင်ဘာလ ၁၁ ရက်နေ့က
ထိုင်းနိုင်ငံမှာဘုရင်မင်းမြတ်ဘူမိဘော ၈၈ နှစ်မွေးနေ့ကိုရည်စူး၍ BIKE FOR DAD ဆိုပြီးစက်ဘီးစီးပေးကြပါတယ်
ဒီဇင်ဘာ ၅ရက်နေ့ကဘုရင့်မွေးနေဖြစ်ပါတယ်
ဘုရင့်သားတော်နှင် မြေးတော်လဲဝင်ရောက်စီးနှင်းခဲ့ပါတယ်
ထို့အတူ ချွန်ဘူရီ ခရိုင် စတ်တဟစ်မြို့နယ်ရှိ
နုံနွတ်ပန်းခြံ မှာလည်းလိမ္မာသောအသက်၁၂နှစ်အရွယ်ဆင်လေးတွေလည်းဘုရင့်အတွက်စက်ဘီးစီးပေးကြကာတယ်

Wat pho in bangkok - Temple of Reclining BuddhaWat pho(the temple of the reclining buddha)or Wat phra chetuphon,isLocate...
10/12/2015

Wat pho in bangkok - Temple of Reclining Buddha
Wat pho(the temple of the reclining buddha)or Wat phra chetuphon,is
Located behind the temple of the Emerald buddha and a must do for any first time visitor in bangkok.....
So you really are in good hands here.

မြဘုရားနွေ မိုး ဆောင်း ဝတ်စုံ ၃ စုံနဲ့ပုံပါ
10/12/2015

မြဘုရားနွေ မိုး ဆောင်း ဝတ်စုံ ၃ စုံနဲ့ပုံပါ

ထိုင်းဘုရင် ဘူမိဘောအဒူယာဒက်ဂ်ျ (Bhumibol Adulyadej) ၏ မွေးနေ့ရက်မြတ် 2015 December 5 ရက်နေ့သည် ထိုင်းဘုရင် ဘူမိဘောအဒူယာဒ...
05/12/2015

ထိုင်းဘုရင် ဘူမိဘောအဒူယာဒက်ဂ်ျ (Bhumibol Adulyadej) ၏ မွေးနေ့ရက်မြတ်
2015 December 5 ရက်နေ့သည် ထိုင်းဘုရင် ဘူမိဘောအဒူယာဒက်ဂ်ျ၏
(87)နှစ်မြောက်မွေးနေ့ဖြစ်ပါတယ်
5 December1927 ခုနှစ် ရက်နေ့တွင် ခမည်းတော် ဆောင်ကလား(Songkla) မင်းသား
မဟီဒိုး (Mahidol Adulyadej) နှင့်မယ်တော်Srinagarindra တို့မှဖွားမြင်တော်မူခဲ့ပါတယ်
ဘူမိဘောဘုရင်သည် ထိုင်းနိုင်ငံကိုစိုးစံခဲ့သောချက်ကရီ မင်းဆက်( Chakri Dynasty )
မင်းဆက်နဝမမြောက်ဘုရင်မင်းမြတ်ဖြစ်ပါတယ်။
#ဘုရင့်လူငယ်ဘဝဖြတ်သန်းပုံ #
ထိုင်းနိုင်ငံဘန်ကောက်မြို့နှင့် ဆွစ်ဇာလန်နိုင်ငံလော့ဆိန်းမြို့တွင် ဥပဒေ, နိုင်ငံရေး နှင့်
လူမူ့သိပ္ပံ ဘာသာရပ်များကိုသင်ကြားခဲ့ပါတယ်
မိဖုရားကြီးသီရိခေတ်ကိုဆွစ်ဇာလန်နိုင်ငံတွင် ပညာသင်ကြားစဉ်တွေ့မြင် မေတ္တာမျှခဲ့ခြင်းဖြစ်ပါတယ် သီရိခေတ်သည်နုပျိုစဉ်အခါက ကမ္ဘာ တစ်ခွင်တွင်အချောအလှဆုံးအမျိုးသမီးများတွင်တစ်ယောက်အပါအဝင်ဖြစ်ထင်ပေါ်ကျော်ကြားခဲ့သည်။၁၉၅၀ ပြည့်နှစ် ဧပြီလ(၂၈)ရက်နေ့တွင် ထိုင်းသံအမတ်ကြီး ချန်ဒရာပူရိဆူနတ် ၏သမီးတော်ဖြစ်သူ သီရိခေတ် (Sirikit Kitiyakara) မက်းသမီးနှင့်
စုလျားရစ်ပတ် လက်ထပ်ထိမ်းမြှားခဲ့၍ကြင်ယာတော်အား(Queen Somdej Pranang Chao) မိဖုရားဘွဲ့ပေးသနားတော်မူခဲ့သည်
#ဘုရင့်၏ဝါသနာ #
ဘုရင်သည် ထိုင်း အင်္ဂလိပ် ပြင်သစ် ဂျာမန် အပါဝင် ဘာသာစကား၅မျိုးကိုသွက်လက်
စွာ ပြောဆိုနိုင်သူဖြစ်သည် ပန်းချီနှင့်ဓါတ်ပုံရိုက်ခြင်းကိုဝါသနာထုံပြီး တေးဂီတကိုလည်း
ငယ်စဉ်ကထဲကဝါသနာထုံခဲ့သူဖြစ်သည် ။သီချင်းပုဒ်ရေ ၅၀ ခန့်ရေသားခဲ့သည်။
နှစ်သက်သည့်စာအုပ်အချို့ကိုလည်း ထိုင်းဘာသာပြန်ဆို၍ထုတ်ဝေခဲ့ပါသည်
ပထမတန်းစားဝင် ဓါတ်ပုံဆရာအဆင့်ရှိပြီးခရီးထွက်တိုင်း သူ့လည်ပင်းတွင်(Nikon)
ကင်မရာတစ်လုံးကိုအမြဲတမ်းလွယ်ကာခရီးထွက်လေ့ရှိပါသည် လှေလှော်ရွက်တိုက်အားကစားဘက်၌လည်းချန်ပီယံတစ်ဦးဖြစ်သည်
၁၉၆၇ ခုနှစ် ကကျင်းပခဲ့သည့်အရှေ့တောင်အာရှကျွန်းစွယ် အားကစားပြိုင်ပွဲတွင်
ရွက်လွင့်ပြိုင်ပွဲ၌ရွှေတံဆိပ် ဆွတ်ခူးရရှိကာ နိုင်ငံဂုဏ်ကို ဂုဏ်ဆောင်ခဲ့ပါတယ်
#ဘုရင့်သားသမီးများမှာ #
ဘုရင် ဘူမိဘောအဒူယာဒက်ဂ်ျ နှင့်မိဖုရားသီရိခေတ်တို့တွင် သမီးတော် ၃ ပါးနှင့်သားတော်တစ်ပါးထွန်းကားခဲ့သည်
သားတော်မှာ လက်ရှိထိုင်းနိုင်ငံ၏ အိမ်ရှေ့မင်းသား မဟာဗာဂျီရာလောင်ကွန်ဖြစ်ပြီး
သြစတြေးလျနိုင်ငံ ဘုရင့်စစ် တက္ကသိုလ်ကျောင်းဆင်းတစ်ဦးဖြစ်ပြီး ဂျက်တိုက်လေယာဉ်များကို ကျွမ်းကျင်စွာမောင်းနိုင်သူတစ်ဦးဖြစ်သည်
ယခုအခါထိုင်းဘုရင့်လေတပ်တွင် ဂုဏ်ထူးဆောင်ဗိုလ်ချုပ်ကြီးအဖြစ်တာဝန်ထမ်းရွက်လျက်ရှိပါသည်
သမီးတော်မဟာချက်သီရိဒုံသည် လူချစ်လူခင်အများဆုံးသမီးတော်တစ်ပါဖြစ်ပါတယ်
ထိုင်းတက္ကသိုလ်အပါအဝင်နိုင်ငံတစ်ကာ တက္ကသိုလ်အသီးသီးမှဂုဏ်ထူးဆောင်ပါရဂူဘွဲ့
(၁၁) ဘွဲ့ကိုလည်းရရှိထားသူဖြစ်ပါတယ်
သီရိဒုံမင်းသမီးသည်သိပံ္ပ ရာဇဝင်သမိုင်း ပန်းချီအနုပညာများကိုလည်းစိတ်ပါဝင်စားသူဖြစ်သည်
#ဘုရင်ထီးနန်းအရိုက်အရာဆက်ခံခြင်း #
နောင်တော်ဘုရင် အာနန္နာမဟီးဒိုးနတ်ရွာစံသောအခါ
ဘုရင်ဘူမိဘောအဒူယာဒက်ဂ်ျသည်နောင်တော်၏အရိုက်အရာကို ၁၉၄၆ ခုနှစ်
ဇွန်လ (၉)ရက်နေ့တွင် ဆက်ဆံတော်မူ၍ ယနေ့တိုင်ထိုင်းနိုင်ငံကိုစိုးစံတော်မူလျက်
ရှိသည် ထိုင်းနိုင်ငံသမိုင်းတစ်လျှောက်တွင် နန်းသက်အရှည်ဆုံးမင်းတစ်ပါးအဖြစ်မှတ်တမ်းဝင်ခဲ့ပြီးဖြစ်သည်
သူသည်နဝမမြောက် ရာမဘုရင်ဘွဲ့ကိုပါ ပြည်သူတို့၏ဆန္ဒနှင့်အညီခံယူခဲ့သည်
#ဘုရင်သည်ပြည်သူများ၏ချစ်ခင်မူ့ကိုရ ရှိခြင်း #
ထိုင်းဘုရင်ဘူမိဘောသည် ရွှေန်းပြသာဒ်ပေါ်တွင်အငြိမ်စားထိုင်မနေပဲ စိတ်ကောင်းနှလုံးကောင်းရှိသည့်မင်းတစ်ပါးဖြစ်သည့်အတွက်
အမူအရာခက်ထန်မောက်ကြွားမူ့ကင်းပြီးယာဉ်ကျေးသိမ့်မွေ့သည် မည်သူ့ကိုမဆိုကူညီ
ရိုင်းပင်းလိုသောလူမူ့ဝန်ထမ်းစိတ်အပြည့်ရှိသည်
တိုင်းပြည်နှင့်လူမျိုးအကျိုးရှိမည့်အလုပ်မှန်သမျှ အားမာန်အပြည့်နှင့်တစိုက်မတ်မတ်
အမျှင်မပြတ်သယ်ပိုးခဲ့သည် ဆည်မြောင်းနှင့်တာတမံများတည်ဆောက်ခြင်း
အကြင်နာတရားနှင့်အားပေးနှစ်သိမ့်စကားပြောကြားသူ တောင်ပေါ်နေဆင်းရဲသားများ
အားဘိန်းအစား အခြားငွေရသီးနှံများဖြင့်အစားထိုးစိုက်ပျိုးရန်ကိုယ်တိုင်လိုက်လံစည်းရုံးခြင်း မျိုးကောင်းမျိုးသန့်စပါးများအထွက်တိုးစေရန်လယ်ကွင်းများအတွင်းကိုယ်တိုင်ဆင်းပြီး
အပင်ပန်းခံကာပညာပေးရင်းစည်းရုံးသွန်သင်ခြင်း လယ်သမားများနှင့်အသိခြင်းဖလှယ်ခြင်း
တိုင်းခန်းလှည်လည်ရာ၌ သူါနောက်ပါးတွင်ပါဝင်သောအထူးကုဆရာဝန်များကဒေသခံဆေးရုံများနှင့်ပူပေါင်းပြီး
ပြည်သူတို့အားအခမဲ့ဆေးဝါးကုသပေးခြင်း ကျေးလက်တောရွာများနှင့်တောင်ပေါ်ဒေသများ နယ်စပ်ဒေသများတွင် ဆင်းရဲမွဲတေမူနှင့်လူမူ့ပြသာနာများကိုပပျောက်ရန် အားသွန်ခွန်စိုက်ကြိုးပမ်းခြင်းတို့ကြောင့်ဘုရင်မင်းမြတ်သည်တိုင်းသူပြည်သားတို့၏စိတ်နှလုံးကိုစည်းရုံးသိမ်းသွင်းနိုင်ခဲ့သော မင်းကောင်းမင်းမြတ်တစ်ပါးဖြစ်ခဲ့ပါသည်
#စည်းမျဉ်းခံဘုရင်စနစ်သို့လွှဲပြောင်းပေးရခြင်း #
၁၉၃၂ ခုနှစ် ဇွန်လ ၂၄ သွေးမြေမကျတော်လှန်ရေးဖြစ်ပွားပြီးနောက်သက်ဦးဆံပိုင်ဘုရင်စနစ်မှစည်းမျဉ်းခံဘုရင်စနစ်သို့ပြောင်းလဲပေးခဲ့ရပါသည် ဘုရင်ဘူမိဘော အဒူယာဒက်ဂ်ျ ၏နန်းသက်တစ်လျှောက် နိုင်ငံရေးကမောက်ကမဖြစ်မူ့များကြုံတွေ့ခဲ့ရပြီး
စစ်တပ်မှအာဏာသိမ်းပိုက်မူ့ ၂၂ ကြိမ်
ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေသစ်ရေးဆွဲမူ ၁၁ ကြိမ်
ဝန်ကြီးအဖွဲပြောင်းလဲဖွဲ့စည့်မူ့ များ ၃၆ ကြိမ်ြ ဖစ်ခဲ့ပါတယ်
ဘူမိဘောသည် လုပ်ပိုင်ခွင့်အဏာ ကန့်သတ်ထားခံရသော စည်းမျဉ်းခံ ဘုရင်တစ်ပါးသာဖြစ်သော်လည်း ၎င်း၏ အရှိန်အဝါကပြည်သူများကိုကောင်းကောင်းထိန်းထားနိုင်ခဲ့သည်
ထိုင်းစစ်တပ်ကလဲ အစိုးရအဖွဲ့တစ်ဖွဲ့ပြီးတစ်ဖွဲ့ဖြုတ်ချခဲ့သည်
ဘုရင်ဘူမိဘောကိုတော့သစ္စာရှိကြသည် လေးစားကြသည် မြတ်နိုးကြသည်
ထိုင်းဘုရင်မင်းမြတ်နှင့်ပြည်သူတို့သည် ရေကိုခြား၍ကြားမထင်သကဲ့သို့ခွဲခြားမရအောင်ပင်ခိုင်မြဲတည်တံ့လျက်ရှိပေသည်
ထို့ကြောင့်ပြည်သူတစ်ရပ်လုံးက ထိုင်းဘုရင်အား #ဆွမ်ဒက်ဖျာ ပတ္တရာမဟာရာဇာ #
ဟူသောဘွဲ့ထူးကိုပေးအပ်ချီးမြှင့်ခဲ့သည်
ယင်းဘွဲ၏အဓိပ္ပါယ်မှာပြည်သူအားလုံးကလေးစားမြတ်နိုးရသော ဘုရင်ကြီး
(The Great Beloved King)
Long live the king

Wat Phra KaeoTemple of the Emerald Buddhaကျွန်တော်တို့မြန်မာလူမျိုးတွေသိထားတဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မှာရှိတဲ့ ဘုရင့်နန်...
04/12/2015

Wat Phra Kaeo
Temple of the Emerald Buddha
ကျွန်တော်တို့မြန်မာလူမျိုးတွေသိထားတဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မှာ
ရှိတဲ့ ဘုရင့်နန်းတော်ဟောင်းထဲက မြဘုရားပါ
ဘုရားသမိုင်းအကျဉ်းလေးကိုလဲရှာဖွေတင်ဆက်ထားပါတယ်
Wat Phra Kaew မြဘုရား၏ဘွဲ့တော်အပြည့်အစုံမှာ
(Wat Phra Si Rattana Satsadaram)ဖြစ်ပါတယ်
ထိုင်းနိုင်ငံရှိ ဘုရားစေတီဘုန်းကြီးကျောင်းများ၏အမည်ရှေ့တွင်
(wat)ကိုထည့်သွင်းခေါ်ဆိုကြပါတယ်
wat ဆိုသည်မှာသန့်ရှင်းမြင့်မြတ်သောလို့အဓိပ္ပါယ်ရပါတယ်
မြဘုရားသည် Phra Nakhon District ခရိုင်အတွင်းတည်ရှိပြီး
Grand Palace နှင့်ကပ်လျက်ဖြစ်ပြီးမြဘုရားသည် phra ubosot
ဗိမ္မာန်တော်အတွင်းတည်ရှိပါတယ်
ဂေါတမဗုဒ္ဓမြတ်စွာဘုရားပရိနိဗ္မာန်စံပြီးနှစ်ပေါင်း ၅၀၀ ကျော်အကြာ
မှ မြဘုရားကိုတည်ထားကိုးကွယ်ခဲ့ပြီးအိန္ဒိယတို့၏လက်ရာဖြစ်ပါတယ်
အိန္ဒိယသမိုင်း ၁၅ရာစု ကမ္ဘောဒီးယား ဗီယက်နမ်နှင့်လာအိုနိုင်ငံတိုတွင် ၁၆ရာစု
ထို့နောက်ထိုင်းနိုင်ငံသို၁၈ရာစုနှစ်တွင်ထိုင်းနိုင်ငံသို့ပင့်ဆောင်ပြီးကိုးကွယ်ခဲ့ပါတယ်
မြဘုရားဆင်းတုတော်ရင်တော်မှာ ၄၈.၃စင်တီမီတာရှိပြီးအမြင့်၆၆ စင်တီမီတာဖြစ်ပါတယ်။ဘယ်ခြေထောက်ပေါ်ညာခြေတော်တင်ပြီးတင်ပလ္လင်ခွေထိုင်လျက်ပုံတော်ဖြစ်ပါတယ်
ယခင်ကလက်ရှိဖူးမျှော်နေသည့်ကျောက်စိမ်းပုံမျိုးမဟုတ်ပဲ အင်္ဂတေများဖုံးလွှမ်းတည်ရှိခဲ့ပါတယ်
သမိုင်းအထောက်အထားများအရ AD-1434ခုနှစ်တွင်ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင်တွင်းရှိစေတီတစ်ဆူကိုလျှက်စီးမိုးကြိုးထိမှန်ရာမှ၎င်းစေတီတော်အတွင်းမှ
အင်္ဂတေဖုန်းလွှမ်းနေသောဘုရားတစ်ဆူကိုတွေ့ရှိခဲ့ပါတယ်
ထိုဆင်းထုတော်ကိုစေတီအနီးရှိဆရာတော်ကြီးတပါးမှကျောင်းဆောင်သို့ပင့်ကာကိုး
ကွယ်ခဲ့ပါတယ် တနေ့တွင်၎င်းဆင်းတုတော်မှအင်္ဂတေသားများအချပ်လိုက်ကွာကျလာပြီးဆင်းတုတော်မှကျောက်စိမ်းသားများပေါ်နေသည်ကိုဆရာတော်သိလိုက်ရသဖြင့်ဆက်လက်ဖယ်ရှား
လိုက်ရာတွင်မြဘုရား ဆင်းတုတော်ကိုတွေ့ရှိဖူးမြှော်ခဲ့ရပါသည်
၎င်းသတင်းမှာတစ်နိုင်ငံလုံးသို့ပျံနှံသွားပြီးအနယ်နယ်အရပ်ရပ်မှထူးဆန်းသောမြဘုရားကိုလာရောက်ဖူးမျှော်ကြလေသည် ၎င်းအချိန်တွင် ချင်းရိုင်ပြည်နယ်သည် ချင်းမိုင်ဘုရင်၏လက်အောက်တွင်ရှိနေသည့်အချိန်အခါဖြစ်ပြီး ဘုရင်ဆမ်ဖန်ကင်န်က
မြဘုရားအကြောင်းကြားသိပြီးချင်းမိုင်သို့ပင်ပင့်ဆောင်ရန်ရဲမက်များနှင့်အတူဆင်တော်ကိုစေလွှတ်ခဲ့သည် သို့သော်လည်းလမ်းခရီးတွင် ဆင်တော်သည်Lampang လမ်းဆုံသို့
ရောက်သောအခါ၌လမ်းပန်းLampanမြို့တွင်းသို့ဦးတည်ပြီး၃ကြိမ်တိုင်တိုင်ဝင်ရောက်ခဲ့သဖြင့် ဘုရင်ကမြဘုရားသည် Lampang လမ်ပန်းမြို့၌စံပယ်တော်မူလိုသည်ဟုမှတ်ယူပြီး ချင်းမိုင်ဘုရင် Tiloka စိုးစံသော AD-1468အထိလမ်းပန်းမြို့တွင်နှစ်ပေါင်း ၃၂ နှစ်တိုင်တိုင်စံပယ်ထားခဲ့ပါသည်
AD-1551တွင်ချင်းမိုင်ဘုရင်သည်သားတော်မကျန်ရစ်ခဲ့ပဲနတ်ရွာစံခဲ့သည့်အတွက်
ကြောင့်ကျန်ရစ်သူသမီးတော်မှလာအိုဘုရင်နှင့်စုလျားရစ်ပတ်ခဲ့ပါသည်
ထိုသမီးတော်မှChaichettha မင်းသားကို၁၅နှစ်အရွယ်တွင်ချင်းမိုင်ဝန်ကြီးများကထီးနန်း
အပ်ခဲ့ပြီးခမည်းတော်၏အရိုက်အရာကိုဆက်ခံစေခဲ့ပါတယ်
ခမည်းတော် လာအိုဘုရင်နတ်ရွာစံပြီးနောက် Chaichettha မင်းသားသည်၎င်း၏တိုင်းပြည်သို့ပြန်ချင်သည့်အတွက်AD-1552တွင် မင်းသားသည်
လာအိုနိင်ငံ၏မြို့တော်ဖြစ်သော Luang Prabang သို့ပြောင်းရွှေ့စိုးစံပြီးမြဘုရားကိုတစ်ပါတည်းပင့်ဆောင်သွားခဲ့သည်
ထို့နောက်မြဘုရားသည် Luang Prabang တွင် ၁၂နှစ်တိုင်တိုင်ပြောင်းရွှေ့စံပယ်နေခဲ့ရပြန်ပါတယ်
AD-1564တွင်ဘုရင် Chaichettha သည်မြန်မာဘုရင် ဘုရင့်နောင်ကို စစ်ရူံးသဖြင့်
သူ၏မြို့တော်ကို ဗီရန်တိန် Vientiane သို့ပြောင်းရွှေ့ စိုးစံခဲ့ပါသည်
မြဘုရားသည် ဗီရန်တိန်မြို့တွင် နှစ်ပေါင်း ၂၁၄ နှစ်တိုင်အောင် စံပယ်နေခဲ့ရပြန်ပါသည်
AD-1778 တွင်ဘန်ကောက်၏ RAMA I Chao Phraya Chakri သည် ဗီရန်တိန်ကိုသိမ်းပိုက်လိုက်ပြီး မြဘုရားကိုထိုင်းနိုင်ငံဘန်ကောက်သို့ပင်ဆောင့်လာခဲ့လေသည်
ဘန်ကောက်ကိုမြို့တော်အဖြစ်တည်ဆောက်လိုက်ပြီး မြဘုရားကိုနန်တော်အတွင်း၌
ထည့်သွင်းစံပယ်တော်မူစေခဲ့ပါသည် ထိုအချိန်မှစ၍ မြဘုရားသည် ထိုင်းနိုင်ငံကို
ကာကွယ်စောင့်ရှောက်ပေးသောတန်ခိုးကြီးဘုရားအဖြစ်ကျော်ကြားခဲ့ပါသည်
ဆင်းတုတော်ကို Thonburi ခရိုင်မှဘန်ကောက်မြို့တော် နန်းတော်ဘုရားကျောင်းသို့
AD-1784 March 22တွင်ပင်ဆောင်ခဲ့ကြလေသည်
RAMA ဘုရင် I လက်ထပ်တွင်ဆြင်းတုတော်ကို ၁နှစ်လျင်၂ကြိမ် နွေနဲ့မိုး တွင် သင်္ကန်းကပ်ခဲ့ပါသည် RAMA III လက်ထပ်တွင် (1824-1851)တွင်တစ်ကြိမ်ထပ်တိုး
၍ဆောင်းသင်္ကန်းပါကပ်လှူ ခဲ့ပြီးနောက်မြဆင်းတုတော်ကို နွေ မိုး ဆောင်း သင်္ကန်းကပ်ပွဲတော်ကိုတစ်နှစ်လျင် ၃ကြိမ်တိုင်တိုင်ကျင်းပခဲ့ပါသည်
ဆင်းတုတော်၏ကိုယ်နေဟန်ပန်တရားထိုင်နေပုံမှာတောင်ပိုင်း အိန္ဒိယနှင့်သီရိလင်္ကာ ဟန်နှင့်ဆင်တူပါသည်။မြဘုရားကိုထိုင်းလူမျိုးများက ဝပ်ဖကရောက် (wat phra kaew)
ဟုခေါ်ဆိုကြပါသည်။ (ဝပ်)ဆိုသည်မှာ ဘုရား (ကရောက်)ကျောက်စိမ်းဟုအဓိပ္ပါယ်ရပါသည်။
မြဘုရားသမိုင်းကိုအများလေ့လာစေရန်ရည်ရွယ်ချက်ဖြင့်ရေးသားတင်ပြအပ်ပါသည်

Nok Air
03/12/2015

Nok Air

02/12/2015

Thailand Bangkok တွင် မိတ်ဆွေတို့အတွက်
သိသင့်သိထိုက်စရာများနှင့်မိတ်ဆွေတို့လိုအပ်မည်ထင်သော
အကြောင်းအရာများကိုကြိုးစားရှာဖွေတင်ဆက်ပေးသွားမှာပါခင်ဗျာ
ကျေးဇူးတင်လျက်

Bangkok Central World ရှေ့တွင် ခရစ္စမတ်အတွက်ပြင်ဆင်ထားသောအလှအပလေးများခံစားကြည့်ရူနိုင်ပါသည်
02/12/2015

Bangkok Central World ရှေ့တွင် ခရစ္စမတ်အတွက်ပြင်ဆင်ထားသောအလှအပလေးများခံစားကြည့်ရူနိုင်ပါသည်

(Wat Arun) ဘန်ကောက်ရှိအာရုဏ်ဦးဘုရား              မြဘုရားနှင့် wat phoဘုရားဖူးရင်းwat arum သမိုင်းဘာသာ သာသနာအမြစ်တွယ်နေတ...
02/12/2015

(Wat Arun) ဘန်ကောက်ရှိအာရုဏ်ဦးဘုရား
မြဘုရားနှင့် wat phoဘုရားဖူးရင်း
wat arum သမိုင်းဘာသာ သာသနာအမြစ်တွယ်နေတဲ့
အာရုဏ်ဦးဘုရားပါတခါထဲဖူးမျှော်ကြရန်ကုသိုလ်တော်ယူမျှဝေလိုက်ပါသည်

ที่อยู่

370, A Building, Soi Parchaautius 19, Bang Mod, Thukhlu
Bangkok
10140

เบอร์โทรศัพท์

+66869888976

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Lad Dar - Bangkokผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แนะนำ

  • Cana Boutique Hotel

    Cana Boutique Hotel

    141 ซ. จรัญสนิทวงศ์ 57/2 แขวง บางบำหรุ เขต บางพลัด

แชร์