LM Hostel Chiang Mai

LM Hostel Chiang Mai Welcome to LM Hostel.Near located Train Station, Bus Terminal - (2,3), Night Bazaar, Tha Phae Gate. ☎️Phone - 062 850 1202

Hostel ဆိုတာ… အိပ်ဖို့ပဲ မဟုတ်ဘူးနော်။Hostel မှာ မတည်းဖူးခင်တုန်းကတော့…စျေးသက်သာတယ်လို့ အိပ်ဖို့အတွက်သီးသန့်လို့ဘဲ ထင်ခဲ...
09/08/2026

Hostel ဆိုတာ… အိပ်ဖို့ပဲ မဟုတ်ဘူးနော်။

Hostel မှာ မတည်းဖူးခင်တုန်းကတော့…

စျေးသက်သာတယ်လို့ အိပ်ဖို့အတွက်သီးသန့်လို့ဘဲ ထင်ခဲ့ဖူးပါသေးတယ်။

တကယ်တည်းကြည့်တော့မှ ကိုယ်ထင်တာနဲ့ မတူဘူးဆိုတာ သိလာတယ်။

မနက်အိပ်ရာနိုးရင် အောက်ထပ်မှာ ကော်ဖီသောက်နေကြတဲ့သူတွေ ရှိတယ်။

တစ်ယောက်က ဒီနေ့ ဘယ်သွားမလဲဆိုပြီး Map ကြည့်နေတယ်။

နောက်တစ်ယောက်က Backpack လွယ်ပြီး Check-out လုပ်ဖို့ ပြင်နေတယ်။

တစ်နေရာတည်းမှာပဲ လူတိုင်းက ကိုယ့်အစီအစဉ်နဲ့ကိုယ် ရှိနေကြပြီးသား...

ကိုယ်ကလည်း မနက်စာစားပြီး အပြင်ထွက်၊ ညနေပြန်ရောက်တော့ ခဏနား။
နောက်နေ့ကျရင် ထပ်ပြီး ထွက်လည်။

ဒီလိုနဲ့ Hostel က အိပ်ဖို့နေရာတစ်ခုဆိုတာထက်…

ခရီးထွက်နေတဲ့ နေ့ရက်တွေထဲက အစိတ်အပိုင်းတစ်ခု ဖြစ်သွားတယ်။

LM Hostel ကလည်း ယူတ်ို့အတွက် အဲ့ဒီလို နေရာလေးတစ်ခု ဖြစ်ချင်ပါတယ်။

LM Hotel
You Are VIP



Solo Traveler တွေ ဘာကြောင့် Hostel ကို ရွေးကြတာလဲ? တစ်ယောက်တည်း ခရီးထွက်ဖူးတဲ့သူတွေဆိုရင် ဒီခံစားချက်ကို  ကောင်းကောင်း သ...
06/08/2026

Solo Traveler တွေ ဘာကြောင့် Hostel ကို ရွေးကြတာလဲ?

တစ်ယောက်တည်း ခရီးထွက်ဖူးတဲ့သူတွေဆိုရင် ဒီခံစားချက်ကို ကောင်းကောင်း သိမှာပါ။

Hotel ဆို ကိုယ်ပြန်ရောက်ရင် ကိုယ့်အခန်းထဲ ဝင်၊ တံခါးပိတ်ပြီး အနားယူလိုက်ရုံပဲ။

ဒါပေမယ့် Hostel တွေကတော့ နည်းနည်းမတူဘူး။

တစ်ခါတလေ မနက်စာစားရင်း ဘေးဝိုင်းကသူတွေနဲ့ စကားစပြောဖြစ်တယ်။

ဒီနေ့ ဘယ်သွားမှာလဲ ဆိုတဲ့ မေးခွန်းလေးကနေ စပြီး နေ့တစ်နေ့ကို အတူလျှောက်သွားဖြစ်တဲ့ မိတ်ဆွေတွေတောင် ရလာတတ်ပါတယ်။

တစ်ယောက်တည်း လာခဲ့ပေမယ့်...
တစ်ယောက်တည်းပဲ ပြန်ရတာမျိုုး မဟုတ်ဘူး။

နောက်တစ်ခုက Hostel Staff တွေဆီက ရတဲ့ အကြံလေးတွေ။

Google မှာ မတွေ့တဲ့ Café လေးတွေ၊
လူသိနည်းတဲ့ နေရာလေးတွေ၊
Local တွေပဲ သွားကြတဲ့ စားသောက်ဆိုင်လေးတွေ...

ဒီလို နေရာလေးတွေကနေ ကိုယ့်ရဲ့ ခရီးတွေကို ပိုအသက်ဝင်စေတယ်။

တကယ်တော့ Hostel ကို ရွေးတာက ငွေချွေတာဖို့တစ်ခုတည်းတင် မဟုတ်ပါဘူးနော်။

တစ်ခါတလေ...
မရင်းနှီးတဲ့ မြို့တစ်မြို့မှာ ကိုယ့်ကို ပြုံးပြပြီး Good Morning လို့ နှုတ်ဆက်မယ့် လူတွေရှိနေတာကလည်း ခရီးတစ်ခုကို ပိုနွေးထွေးစေပါတယ်။

Chiang Mai ကို တစ်ယောက်တည်း လာမယ်ဆိုရင်...

LM Hostel ကလည်း အေးအေးဆေးဆေး အနားယူရင်း ခရီးရဲ့ အမှတ်တရအသစ်တွေ စတင်နိုင်တဲ့ နေရာလေးတစ်ခု ဖြစ်ပါတယ်။ 🫶

LM Hostel
You Are VIP


Hotel ဖြစ်ဖြစ်၊ Hostel ဖြစ်ဖြစ် တည်းတော့မယ်ဆိုရင်…ကျွန်မကတော့လေ Breakfast Included ဖြစ်မဖြစ်ကို အရင်ဆုံး ကြည့်မိတယ်။ပြီး...
04/08/2026

Hotel ဖြစ်ဖြစ်၊ Hostel ဖြစ်ဖြစ် တည်းတော့မယ်ဆိုရင်…

ကျွန်မကတော့လေ Breakfast Included ဖြစ်မဖြစ်ကို အရင်ဆုံး ကြည့်မိတယ်။

ပြီးတော့ Breakfast ပါတဲ့နေရာတွေကိုပဲ ရွေးတည်းဖြစ်တာ များတယ်။

အကြောင်းကတော့ ရိုးရိုးလေးပါဘဲ။

နောက်တစ်နေ့ မနက် အိပ်ရာနိုးတာနဲ့…

ဒီနားမှာ ဘာစားလို့ရလဲ။

ဘယ်ဆိုင်က ဖွင့်နေပြီလဲ။

အရသာ ကရော ကောင်းပါ့မလား။

အဲ့လိုတွေ လိုက်စဉ်းစားရတာကို လုံးဝ လုံးဝကို မကြိုက်တာ…

ခရီးထွက်နေတဲ့အချိန်မှာ မနက်ခင်းကို အဲ့ဒီလိုနဲ့ မစချင်ဘူး။

Breakfast Included ပါတဲ့နေရာမှာဆို အဲ့ဒီအတွက် စိတ်ပူစရာ လုံးဝ မလိုတော့ဘူး။

အိပ်ရာနိုး၊ မျက်နှာသစ်၊ အောက်ဆင်းပြီး မနက်စာလေးစား…

ပြီးမှ ကော်ဖီတစ်ခွက်သောက်ရင်း ဒီနေ့ ဘယ်သွားမလဲဆိုတာ အေးအေးဆေးဆေး စဉ်းစားလို့ရတယ်။

တကယ်တော့…

Breakfast Included ဆိုတာ ကျွန်မအတွက်တော့ မနက်စာတစ်နပ် အပိုရတာထက် ပိုတယ်။

ခရီးတစ်ခုရဲ့ မနက်ခင်းကို အလောတကြီး မစဘဲ၊ စိတ်အေးအေးနဲ့ စလို့ရတာမျိုးလေ။

ကျွန်မအတွက်က အဲ့ဒီအချက်တစ်ခုတည်းနဲ့ Breakfast Included ပါတဲ့ နေရာကို ထပ်ရွေးဖို့ လုံလောက်ပါတယ်။

LM hostel
You Are VIP


မနက်ခင်းတစ်ခုကနေ….တစ်နေ့တာကို စပေးနေတာ။ဒီစကားလေးက လူတိုင်းကြားဖူးနေကြစကားလေးပါ…ဒီလိုပဲ အိမ်မှာနေမှ မဟုတ်ဘဲ….ခရီးထွက်ရင်လ...
03/08/2026

မနက်ခင်းတစ်ခုကနေ….တစ်နေ့တာကို စပေးနေတာ။

ဒီစကားလေးက လူတိုင်းကြားဖူးနေကြစကားလေးပါ…

ဒီလိုပဲ အိမ်မှာနေမှ မဟုတ်ဘဲ….ခရီးထွက်ရင်လည်း မနက်စာက အရေးကြီးပါတယ်။

မြို့အသစ်ကိုရောက်တာနဲ့ နောက်နေ့ အိပ်ရာထရင် ဘယ်မှာ သွားစားရမလဲ ဆိုပြီး လိုက်ရှာရတာက နည်းနည်းတော့ စိတ်ပင်ပန်းစေပါတယ်။

LM Hostel မှာတော့ အဲ့ဒီအတွက် စိတ်ပူစရာမလိုဘူး။

Short Stay နဲ့ တည်းတဲ့ဧည့်သည်တွေအတွက် မြန်မာစာ Breakfast ကလည်း ပါဝင်ပြီးသားမို့ အေးအေးဆေးဆေး အိပ်ရာကနိုး၊ မနက်စာလေးစား၊ ကော်ဖီတစ်ခွက်သောက်ပြီးမှ ဒီနေ့ ဘယ်သွားမလဲဆိုတာ စဉ်းစားလိုက်ရုံပါပဲ။

တစ်ခါတလေတော့လည်း ခရီးတစ်ခုကို မှတ်မိနေတာက နာမည်ကြီးနေရာတွေကြောင့်တင် မဟုတ်ပါဘူး။

မနက်ခင်းမှာ အေးအေးဆေးဆေး ထိုင်စားခဲ့တဲ့ မနက်စာတစ်နပ်၊ အလောတကြီး မရှိတဲ့ အချိန်လေးတွေကြောင့် ဖြစ်မယ်ထင်ပါတယ်။

ဒါကြောင့် Chiang Mai ကို လာတဲ့နေ့ရက်တွေထဲက မနက်ခင်းတစ်ခုကို… LM Hostel မှာ အေးအေးလေး စတင်လိုက်ပါ…❤️

LM hostel
You Are VIP



Chiang Mai ကို စက်ဘီးနဲ့ လည်ကြည့်ဖူးလား?ညနေခင်းဆို စက်ဘီးစီးပြီး မြို့ထဲလည်ရတာက အေးချမ်းတဲ့ vibe လေး‌ ရတယ်။စက်ဘီးစီးပြီး...
31/07/2026

Chiang Mai ကို စက်ဘီးနဲ့ လည်ကြည့်ဖူးလား?

ညနေခင်းဆို စက်ဘီးစီးပြီး မြို့ထဲလည်ရတာက အေးချမ်းတဲ့ vibe လေး‌ ရတယ်။

စက်ဘီးစီးပြီး လည်ရတာ သဘောကျတာက…

အချိန်မရွေး ကိုယ်ရပ်ချင်တဲ့ နေရာလေးတွေမှာရပ်လိုက်လို့ရတယ်။

လမ်းဘေးက ကော်ဖီဆိုင်လေးတွေ့ရင် ဝင်ထိုင်လိုက်၊

ဓာတ်ပုံရိုက်ချင်တဲ့ နေရာလေးတွေ့ရင် ခဏရပ်လိုက်၊

လမ်းကြားလေးတွေထဲ ဝင်ကြည့်ရင်း မထင်မှတ်ထားတဲ့ ဆိုင်လှလှလေးတွေ၊ ပုံရိုက်လို့ကောင်းတဲ့ နေရာလှလှလေးတွေကိုလည်း တွေ့ရတတ်တယ်။

အခုလို ရာသီဥတု အေးအေးလေးမှာ စက်ဘီးတစ်စီးနဲ့ လည်ရတာက Chiang Mai ကို နည်းနည်းပိုရင်းနှီးသွားစေတယ်။

အလျင်မလိုဘဲ တစ်နေ့တာကို အေးအေးဆေးဆေး ဖြတ်သန်းချင်ရင်…

LM Hostel မှာ တည်းနေတဲ့ ဧည့်သည်တွေအတွက် စက်ဘီးငှားတဲ့ ဝန်ဆောင်မှုလည်း ရှိပါတယ်။

ဆိုတော့ စက်ဘီးလေးတစ်စီးနဲ့ Chiang Mai မြို့ရဲ့အလှကို ကိုယ့်စိတ်ကြိုက် တစ်ခါလောက် လည်ကြည့်လိုက်နော်။

LM Hostel
You Are VIP



30/07/2026

ဂျပန်နိုင်ငံရဲ့ Otaru မြောင်းလေးလို
ခံစားချက်မျိုးရစေမယ့် နေရာလေး…

🛍️ Weekend မှာ ဘယ်သွားရမလဲ မသိသေးရင် Jing Jai Market လေး သွားကြည့်သင့်တယ်နော် 🌿Chiang Mai ရောက်တုန်း Local vibe လေး အပြည...
29/07/2026

🛍️ Weekend မှာ ဘယ်သွားရမလဲ မသိသေးရင် Jing Jai Market လေး သွားကြည့်သင့်တယ်နော် 🌿

Chiang Mai ရောက်တုန်း Local vibe လေး အပြည့်အဝ ခံစားချင်ရင် ဒီနေရာလေးက တော်တော်ကို သဘောကျစရာကောင်းပါတယ်။

Handmade ပစ္စည်းလေးတွေ၊ Local Food လေးတွေ၊ Coffee ဆိုင်လေးတွေ အများကြီးရှိလို့ အေးအေးဆေးဆေး လျှောက်ကြည့်ရင်း အချိန်ကုန်လို့ အရမ်းကိုကောင်းတယ်…

ကော်ဖီဘူးလေးကိုင်ပြီး ဆိုင်လေးတွေ လိုက်ကြည့်ရင်း Weekend ကို Slow down လုပ်ချင်တဲ့သူတွေအတွက်ဆို ပိုအဆင်ပြေတယ်။

Chiang Mai ရောက်ရင် လူသိများတဲ့နေရာတွေပဲ မသွားဘဲ ဒီလို Local Market လေးတွေပါ တစ်ခါလောက် သွားကြည့်နော် 🫶

တစ်ခါရောက်ပြီးရင် နောက်တစ်ခါ ပြန်သွားချင်မှာ အသေအချာဘဲ။ 😌



တချို့ခရီးတွေက…နေရာအသစ်ကို သွားတာမဟုတ်ဘူး။ကိုယ့်ကိုယ်ကို ပြန်တွေ့ဖို့ ထွက်လာကြတာ။ Chiang Mai က LM hostel ကိုစရောက်တဲ့ မန...
28/07/2026

တချို့ခရီးတွေက…
နေရာအသစ်ကို သွားတာမဟုတ်ဘူး။

ကိုယ့်ကိုယ်ကို ပြန်တွေ့ဖို့ ထွက်လာကြတာ။

Chiang Mai က LM hostel ကိုစရောက်တဲ့ မနက်ခင်းတစ်ခုမှာ…

ပထမဆုံး ခံစားမိတာက ကော်ဖီတစ်ခွက်ကို ကိုင်ထားရင်း
အေးအေးလေးတိုက်လာတဲ့ လေညင်းကို ခံစားမိတာ။

အဲ့ဒီအချိန်မှာ
ဒီနေ့ ဘာလုပ်ရမလဲ ဆိုတာထက်
ဒီနေ့ကို အေးအေးဆေးဆေးလေး ဖြတ်သန်းလိုက်မယ် ဆိုတဲ့စိတ်ပဲ ရှိနေတယ်။

အလျှင်လိုစရာရယ် မရှိတော့ ဖုန်းကို အိတ်ထဲ ထည့်ထားလိုက်ပြီး မြို့ဟောင်းရဲ့ လမ်းကျဉ်းလေးတွေထဲကို ဖြည်းဖြည်းလေး လမ်းလျှောက်လာလိုက်တယ်။

သိပ်မကြာဘူး…
Tha Phae Gate ကို ရောက်သွားတယ်။

Tha Phae Gate ကို ပထမဆုံးရောက်တော့…

အရင်ဆုံး သတိထားမိတာက များပြားလှတဲ့ ခိုတွေတင် မဟုတ်ဘူး။

ခိုတွေကို ကြည့်ပြီး ပြုံးနေတဲ့ လူအများကြီးကို။

တချို့က Lana ဝတ်စုံတွေနဲ့ ဓာတ်ပုံရိုက်နေတယ်။
တချို့က ခိုစာတစ်ထုပ်ကို ကိုင်ပြီး ဘယ်လိုကျွေးရမလဲဆိုပြီး မြူးထူးပြီး ရယ်နေကြတယ်။

ဒီတော့ ကိုယ်လည်း တစ်ထုပ်ဝယ်လိုက်တယ်။

အစမှာ ခိုတွေက မလာရဲကြသေးဘူး။
အစာထုတ်ကို ကြဲလိုက်တော့ တစ်ကောင်… နှစ်ကောင်…
လက်နားကို ဖြည်းဖြည်းချင်းရောက်လာတယ်။

အဲ့ဒီအချိန်မှာ ဖုန်းထုတ်ပြီး ဓာတ်ပုံရိုက်ဖို့တောင် မေ့သွားတယ်။

ရယ်သံတွေ၊ ခိုတောင်ပံခတ်သံတွေကြားမှာ
အဲ့အချိန်ကလေ ခဏလေး ရပ်တန့်သွားသလိုပဲ။

Chiang Mai မှာ လှတဲ့နေရာတွေ အများကြီးရှိတယ်။

နေရာတိုင်းက အလှတရားတွေနဲ့ချည်းဘဲ….

ဒါပေမယ့် ဒီတစ်ခါ ရောက်ခဲ့တဲ့ Tha Phae Gate ကိုတော့ သတိရတိုင်း
အနီရောင်အုတ်တံတိုင်းတွေ ထက်
အဲ့ဒီနေ့ရဲ့ ရယ်သံတွေကိုပဲ အရင်ဆုံး ကိုယ်
သတိရမိမယ်ထင်ပါရဲ့…..🫶






🌙 ညဘက်ရောက်တိုင်း LM Hostel ရဲ့ Lobby လေးက ပိုပိုပြီး အသက်ဝင်လာပါတယ်။တစ်နေ့တာအကြောင်းတွေ ပြောကြ၊ ရယ်စရာတွေ ပြန်ဝေမျှကြ၊ ...
27/07/2026

🌙 ညဘက်ရောက်တိုင်း LM Hostel ရဲ့ Lobby လေးက ပိုပိုပြီး အသက်ဝင်လာပါတယ်။

တစ်နေ့တာအကြောင်းတွေ ပြောကြ၊ ရယ်စရာတွေ ပြန်ဝေမျှကြ၊ အခန်းဖော်တွေနဲ့ အတူထိုင်ရင်း အချိန်ကုန်သွားတာတောင် မသိလိုက်ရတဲ့ ညလေးတွေ...

နိုင်ငံတွေမတူ၊ ဘာသာစကားမတူကြပေမယ့်လည်း အပြုံးတစ်ပွင့်နဲ့ စကားစလိုက်တာကနေ မိတ်ဆွေအသစ်တွေ အသစ်တွေ ဖြစ်သွားကြတာ LM Hostel ရဲ့ တကယ့် တန်ဖိုးထားရာလေးပါ….

ခရီးတစ်ခုရဲ့ အမှတ်တရက လည်ပတ်ခဲ့တဲ့နေရာတွေပဲ မဟုတ်ဘူးနော်…

ဘယ်သူတွေနဲ့ တွေ့ဆုံခဲ့လဲ၊ ဘယ်လိုအချိန်လေးတွေကို အတူဖြတ်သန်းခဲ့လဲဆိုတာကလည်း ကိုယ့်ကို အမြဲတမ်း မှတ်မိနေစေတတ်ပါတယ်။

LM Hostel Chiang Mai မှာတော့ အဲ့ဒီလို အမှတ်တရလေးတွေကို နေ့တိုင်း ဖန်တီးလို့ရပါတယ်။ 🏡✨



21/07/2026

ချင်းမိုင်မှာ ညဘက်ဗိုက်ဆာတတ်တဲ့သူတွေအတွက် အစားအသောက် နိဗ္ဗာန်ဘုံလေး 🍕🥪

ที่อยู่

19 1-4 Sanna Lung Road, Tambon Wat Ket
Chiang Mai
50000

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ LM Hostel Chiang Maiผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์

ประเภท