Oxygen Food House

เส้นทาง

Oxygen Food House ข้อมูลติดต่อ แผนที่และเส้นทาง แบบฟอร์มติดต่อ เวลาทำการ บริการ คะแนนรีวิว รูปภาพ วิดีโอ และข่าวสารจาก Oxygen Food House, 803 Phra That Pha Daeng, Mae Sot

မင်မင်တို့ရဲ့ oxygen food house ဆိုင်နေရာပြောင်းလဲဖွင့်လှစ်ဖို့ရန်အတွက် (31.8.2026) မှစ၍ ဆိုင်ကိုခေတ္တပိတ်ပါမယ် ဆိုင်ဖွင...
22/08/2026

မင်မင်တို့ရဲ့ oxygen food house ဆိုင်နေရာပြောင်းလဲဖွင့်လှစ်ဖို့ရန်အတွက်
(31.8.2026) မှစ၍ ဆိုင်ကိုခေတ္တပိတ်ပါမယ်
ဆိုင်ဖွင့်ချိန် ၂နှစ်ကျော်အတွင်း လာရောက်အားပေးသော ကာကာတို့ကို ကျေးဇူးအထူးတင်ပါတယ် နေရာအသစ်တွင်
ပြန်လည်ဖွင့်လှစ်တဲ့အခါလည်း
ဒီထပ်အများကြီး ကောင်းမွန်သော
နေရာလေးနဲ့အတူ လာရောက်သော
ကာကာတို့အတွက်
စိတ်ကျေနပ်စရာဖြစ်ရစေရဖို့
မင်မင်တို့ကြိုးစား တည်ဆောက်နေပါကြောင်း အသိပေးအကြောင်းကြားအပ်ပါတယ်ခင်ဗျ
အားလုံးကိုကျေးဇူးတင်ပါတယ် ။

လူထူထပ်လှတဲ့မြို့ပြတွေနဲ့ဝေးရာ တောင်တန်းတွေနဲ့ လယ်ကွင်းစိမ်းတွေကြားမှာစိတ်လေးကိုငြိမ်းချမ်းချင်ရင် oxygen ကိုလာခဲ့နော် ....
03/08/2026

လူထူထပ်လှတဲ့မြို့ပြတွေနဲ့ဝေးရာ
တောင်တန်းတွေနဲ့ လယ်ကွင်းစိမ်းတွေကြားမှာ
စိတ်လေးကိုငြိမ်းချမ်းချင်ရင်
oxygen ကိုလာခဲ့နော် ...
စိတ်ရှုပ်စရာတွေကို ခဏမေ့ပြီး
ဒီရှုခင်းလေးနဲ့အတူ ☁️🌿
ဒီနေရာလေးမှာတော့ အချိန်တွေ
ဖြည်းဖြည်းချင်းပဲ ကုန်သွားချင်လိမ့်မယ်။

ဖားကြော်ပေါ့သူလေးက  လယ်ဖားလေးပါလယ်ဖားအစစ်မှ အုံအွမ်ကိုအော်တဲ့ချိန်ဖမ်းခေါ်လာတာယုယမွေးထားတာလည်းမဟုတ်တော့ အပြင်လယ်ကွင်းမှာ...
29/07/2026

ဖားကြော်ပေါ့
သူလေးက လယ်ဖားလေးပါ

လယ်ဖားအစစ်မှ အုံအွမ်ကိုအော်တဲ့ချိန်ဖမ်းခေါ်လာတာ
ယုယမွေးထားတာလည်းမဟုတ်တော့ အပြင်လယ်ကွင်းမှာ ဘဝကို လက်တွေ့ကျ ရုန်းကန်ရတဲ့ ဖားလေးတွေမို့ အသားအရေတွေက မွေးဖားတွေထက်ကို အဆီမရှိ
ကျစ်လစ်ခိုင်မာနေတာ

ဖားလေးကိုရလာတာနဲ့
အချွဲအကျိသန့်ရှင်းရေးလုပ် ရေမိုးချိုးပေး
အသားလေးအရေခွံလေးတွေ ကျစ်သွားစစ်သွားအောင်
မွေးလာတဲ့အထိ မီးသွေးမဲမဲလေးနဲ့ အချိန်ယူကင်တာ

အာ့တာပြီးမှ ကာစတာမန်တို့စားရလွယ်အောင်

အနေတော်အတုံးလေးတွေကို ကရင်တွေရဲ့လက်စွဲ
ဟင်းခင်မွေးကြိုင်ဖြစ်တဲ့ ရှမ်းနံနံ (ကရင်အမွေးပင်ခေါ်ရမှာကို 🙄) ရယ်၊ ငရုတ်ကောင်း၊ ငရုတ်သီးအတောင့်တွေရယ် ကျန်တဲ့ ဟင်းခက်အမွေးကြိုင်တွေနဲ့
ကျွတ်ကျွတ်ရွရွ မွေးမွေး စပ်စပ်လေး ကြော်ထားတာ

သူလေးက စားလိုက်ရင်
လျှာကနေတစ်ဆင့် နှာခေါင်းထိအောင်ကို
မွေးသွားတာ၊ ဝါးလိုက်တာနဲ့ ကျွတ်ရွကလေး
အလောတော်သော စပ်စပ်ပူပူက နားရွက်ထိကိုရောက်

ဒီမေနူးလေးက စားလိုက်တာနဲ့
ပိတ်နေတဲ့ ဦးနှောက်တွေ လာဘ်တွေ
ကံကောင်းခြင်းတွေရဲ့လမ်းကြောင်းကို
အကုန်ပွင့်သွားစေမယ်

စားပြီးတာနဲ့ ဦးနှောက်ရှင်း အပူပြေး
ဘူပိတ်တာတွေကအစ လွင့်စင်သွားမှာ

ဖားလေးတွေက
ကရင်တွေရဲ့ အမြတ်တစ်နိုးထားတဲ့
အမှတ်အသားတစ်ခု ရိုးရာဓလေ့တွေအပြင်
မင်္ဂလာဗုံပေါ် အလံပေါ်မှာတောင် ပါနေတဲ့ဖားလေး

ဖားလေးတွေရဲ့ဘဝက
ကရင်တွေရဲ့ သာဓက သင်ခန်းစာတွေ ဆရာပါ

အာ့အပြင်လက်နက်တွေအဖြစ်လည်းသုံးတာ
ဖားအရေခွံကထွက်တဲ့အစေးတွေကို
အဆိပ်နေနဲ့သုံး မျှားထိပ်လူး ရန်သူကိုပြစ်
အဆိပ်မိ ရန်သူငရဲပို့

မကသေးဘူးနော် ကရင်တွေက
ဖားလေးကို စားပါစားကြတာပါ

ကရင်တွေတွက် ဖားလေးတွေမရှိမဖြစ်
ဘက်စံအသုံးဝင်သောပါ

အာ့မို့ ဒီဆိုင်ရောက်ရင် ဒီမေးနူးလေးကို
မှာဖြစ်အောင်မှာကြပါလို့ 🙏🙏

သူငယ်ချင်းတွေစုပီး အေးအေးဆေးဆေးထိုင်ပီး chill မလား ဒါမှမဟုတ် မိသားစု dinner လေးပဲလုပ်မလား ...တစ်ယောက်တည်းလာ feel မလား အက...
28/07/2026

သူငယ်ချင်းတွေစုပီး အေးအေးဆေးဆေးထိုင်ပီး chill
မလား
ဒါမှမဟုတ် မိသားစု dinner လေးပဲလုပ်မလား ...
တစ်ယောက်တည်းလာ feel မလား အကုန်အဆင်ပြေစေမဲ့ နေရာလေးပါနော် အလွန်မှ အေးချမ်းလွန်းလို့ လာလည်ဖို့ဖိတ်ခေါ်ပါတယ်ဗျ။

location : https://maps.app.goo.gl/rJd8ZsSJL5DqTWmv6?g_st=ic

အောက်စီဂျင်က ငါးကြော်လေးပါ [တလားဘီးယားအနီ - Red Tilapia] သူလေးကဆေးဖက်ဝင်ဟင်းခက်မွေးတွေဖြစ်တဲ့ ကြက်သွန်ဖြူ၊ စပါးလင်ရယ် ငရ...
27/07/2026

အောက်စီဂျင်က ငါးကြော်လေးပါ
[တလားဘီးယားအနီ - Red Tilapia]

သူလေးက
ဆေးဖက်ဝင်ဟင်းခက်မွေးတွေဖြစ်တဲ့
ကြက်သွန်ဖြူ၊ စပါးလင်ရယ်
ငရုတ်သီးအကြော်တောင့်တွေအနေနဲ့
ငါးလေးကို မွေးနေအောင်
အကောင်လိုက် ကြော်ထားတာပါ

သူလေးကို စားတဲ့အခါ
ငါးလှန်တက်မလှန်တက်နဲ့တစ်ဖက်မလှန်ရအောင်
ငါးလေးအသားနဲ့ သူ့နံရိုးလေးတွေကို ခွဲပြီးလွှာထားတာ
သူ့ရဲ့အရိုးလည်းမဆူးတော့ဘူးပေါ့
[ အရင်က ငါးဖမ်းမုဆိုးတွေအဆိုအရ
ငါးစားတဲ့အချိန် ငါးကိုတစ်ဖက်လှန်လိုက်ရင်
ငါးဖမ်းတဲ့လှေကမှောက်နိုင်သလို တံငှါသည်တွေက ဒုက္ခရောက်နိုင်တယ်တဲ့]

ဒါတင်ဘယ်ကမလဲ
အားနာနာနဲ့ အနည်းလေးဆီဖဲ့စရာမလို
လုစားစရာမလိုအောင်ကို ငါးအသားတွေကို
အတုံးတုံးလေးနဲ့ တုံးထားပေးသေးတာ

အာ့အပြင် ငါးလေးနဲ့တို့စားဖို့
ခုလုပ်ခုတို့လက်ဆက်တဲ့အချည်ရည်လေးကို
အောက်ဆီဂျင်ရဲ့ စားဖိုမှုးချောချောလေးတွေက
အချစ်များအပြည့်နဲ့ လုပ်ထားပေးသေး

အာ့မို့
အထက်တန်းဆန်စွာ
အိန္ဒြရှိရှိနဲ့ စားသုံးလို့ရတဲ့
ဒီမေနူးလေးကို အနည်းဆုံးတစ်ခေါက်လောက်
မည်းစမ်းစေချင်မိ 🫶🫶🫶🙏

ဒါက ကရင်ခရုလှော်သူလေးက ပင်လယ်စာမဟုတ်ပေမဲ့ ပင်လယ်ခရုနဲ့အမျိုးတော်တဲ့ ရေချိုခရု ဖင်ချွန်ခရုလေးပါရိုးရှင်းရှားပါးဆန်းကျယ်စွ...
24/07/2026

ဒါက ကရင်ခရုလှော်
သူလေးက ပင်လယ်စာမဟုတ်ပေမဲ့ ပင်လယ်ခရုနဲ့
အမျိုးတော်တဲ့ ရေချိုခရု ဖင်ချွန်ခရုလေးပါ

ရိုးရှင်းရှားပါးဆန်းကျယ်စွာ စားရမယ့်မေနူးလေး

စပါးလင်နဲခရုနံ သင်းသင်းလေးမွေးမွေးလေးကိုမှ ခပ်စပ်စပ်လေးကိုစားရမှာ (အစပ်မစားနိုင်ရင်တော့ အစပ်ဖျောက်ပေးရမှာပေါ့)

အရမ်းရိုးရှင်းတဲ့မေနူးလေးဆိုပေမဲ့
ဘဝမှာတစ်ခေါက်လောက်စမ်းကြည့်ရမယ့် မေနူးလေး

သူလေးက သူငယ်ချင်းတွေနဲ့ စုစားရတဲ့မေနူးလေးပါ
သူငယ်ချင်းကြားဆက်ဆံရေးပိုပြီးခိုင်မြဲဖို့ စားသင့်တဲ့မေနူးလေးပါနော့

ဆိုင်မှာစျေးအတော်ဆုံးမေနူးဆိုရင်1. ကြက်ဥခေါက်ကြော်2. အာလူးကျွတ်ကြော်3. ပုဇွန်ခေါင်းကြော်တွေရမှာပါနော့
20/07/2026

ဆိုင်မှာစျေးအတော်ဆုံးမေနူးဆိုရင်
1. ကြက်ဥခေါက်ကြော်
2. အာလူးကျွတ်ကြော်
3. ပုဇွန်ခေါင်းကြော်
တွေရမှာပါနော့

မိုးကတောင် ငိုဖို့ပြင်နေပြီ  လွမ်းဖို့ပဲကျန်တော့တယ် ဒီရာသီဥတုနဲ့ကတော့ ထိုင်လို့အကောင်းဆုံးနေရာပြောပါဆိုရင်တော့ Oxygen ပဲ...
14/07/2026

မိုးကတောင် ငိုဖို့ပြင်နေပြီ
လွမ်းဖို့ပဲကျန်တော့တယ်
ဒီရာသီဥတုနဲ့ကတော့ ထိုင်လို့အကောင်းဆုံးနေရာပြောပါဆိုရင်တော့ Oxygen ပဲလို့ဖြေပါရစေ။

အေးအေးဆေးဆေး ထိုင်ဆွေး ထိုင် chill ချင်ရင် oxygen ကို လာခဲ့ပါနော်။

ဒီညနေ ရိုဘင်ဆန်မှာနော် ညနေပိုင်း ၁ နာရီ
03/01/2026

ဒီညနေ ရိုဘင်ဆန်မှာနော် ညနေပိုင်း ၁ နာရီ

ที่อยู่

803 Phra That Pha Daeng
Mae Sot
63110

เวลาทำการ

จันทร์ 11:00 - 22:00
อังคาร 11:00 - 22:00
พุธ 11:00 - 17:00
พฤหัสบดี 11:00 - 22:00
ศุกร์ 11:00 - 22:00
เสาร์ 11:00 - 22:00

เว็บไซต์

แจ้งเตือน

เป็นคนแรกที่รู้ข่าว: เราจะส่งอีเมลแจ้งเมื่อ Oxygen Food House โพสต์ข่าวสารและโปรโมชั่น อีเมลของคุณจะไม่ถูกนำไปใช้เพื่อวัตถุประสงค์อื่น และคุณสามารถยกเลิกการรับข่าวสารได้ทุกเมื่อ

ทางลัด

แชร์