Sunset Serenity Jomtien Resort

Sunset Serenity Jomtien Resort ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก Sunset Serenity Jomtien Resort, โรงแรมรีสอร์ท, Jomtien Na, Pattaya.

02/04/2025

အသက် ၁၇ နှစ်သာရှိသေးတဲ့ကောင်လေး။ ငှားနေတဲ့ ၇ ထပ်ကန်ထရိုက်တိုက်ပြိုကျတဲ့အထဲမှာ သူ့မိသားစုတစ်စုလုံးပါသွားခဲ့တယ်။ သူ့တစ်ယောက်ပဲလွတ်ခဲ့တာ… ဒါပေမယ့် လွတ်တဲ့နည်းကလည်းထူးဆန်းစရာပါ။

သူက အရံမီးသတ်။ ငလျင်မလှုပ်ခင် ဆေးကျောင်းမီးသတင်းရလို့ မီးသတ်နဲ့အတူသွားခဲ့တာ။ ငလျင်လှုပ်တဲ့အချိန် သူ့မိသားစုက ၃ လွှာမှာ အိပ်နေပြီး တိုက်ပြိုမှုအောက်မှာ ပိတ်မိသွားခဲ့တယ်။ အဖေ၊ အမေ၊ ညီမလေး၊ အဒေါ်နှစ်ယောက်… သူ့အတွက်ကျန်ရစ်တာက မီးဝိုင်းတစ်ခု။

မျက်ရည်မကျနိုင်ခဲ့ဘူး။
ကိုယ်တိုင် မီးသတ်ဝတ်စုံတန်းဝတ်ပြီး အဖွဲ့နဲ့အတူရှာဖွေလိုက်တယ်။
လက်နက်ကိရိယာမလုံလောက်ပေမယ့် တတ်နိုင်သလောက် ကြိုးစားခဲ့တယ်။

ပထမဆုံး အသက်ရှင်သူ ၂ ယောက်ကို ကယ်ဆယ်နိုင်တော့ သူ့မျက်နှာမှာ ပျော်ရွှင်မှုတစုံတရာပြန်လာတယ်။ ဒါပေမယ့် ၂၉ ရက်နေ့အထိ သူ့မိသားစုကိုမတွေ့နိုင်သေး။ ညည်းညွတ်တယ်၊ မျက်ရည်ကျတယ်၊ ဒါပေမယ့် ဆက်တူးနေတယ်။

"အသက်ရှင်နိုင်တော့မဖြစ်တော့ဘူး" ဆိုတဲ့အတွေးကို တဝက်ရယ်၊ တဝက်ငိုနဲ့ လက်ခံလိုက်တယ်။ အနီးကပ်ဆုံးသူတွေကို ကိုယ်တိုင်ရှာဖွေနေရတော့… သေဆုံးမှုကိုလည်း ကိုယ်တိုင်နားလည်လာတယ်။

မနေ့ည မြေကော်စက်တွေ ရောက်လာမှပဲ သူ့မိသားစုကိုပြန်တွေ့ရတယ်။
DB တွေရုပ်ပျက်၊ ဆွဲလိုက်တာ အကြွင်းမဲ့။
သူ့ရင်ထဲမှာဘာဖြစ်နေမလဲ…

သိပ်လေးစားဖို့ကောင်းတာက – မနေ့ညပဲ သူလဲသွားတယ်။
အားရအောင် ငိုတယ်။ ထမင်းတဝကြီးစားတယ်။

ဒါပေမယ့် ဒီနေ့တော့ သူပြန်လာပြန်ပြီး…
ကျန်တဲ့အလွှာတွေဖယ်ရှားပြီး အခြားမိသားစုတွေအတွက် ဆက်လက်ရှာဖွေနေတာ…

Deeply respect, ညီလေးရေ။

မူရင်းဝေမျှသူထံမှ

လက်ရှိ မန္တလေးမှာ နေရာစုံရောက်အောင်ရှေ့ကနေအကောင်းဆုံးကြိုးစားပေးနေကြတဲ့ "ကြီးလေးကြီး"ကယ်ဆယ်ရေးအဖွဲ့၊နောက်ကနေ နိုင်သမျှ ပ...
01/04/2025

လက်ရှိ မန္တလေးမှာ နေရာစုံရောက်အောင်
ရှေ့ကနေအကောင်းဆုံးကြိုးစားပေးနေကြတဲ့ "ကြီးလေးကြီး"
ကယ်ဆယ်ရေးအဖွဲ့၊နောက်ကနေ နိုင်သမျှ ပံ့ပိုးပေးနေတဲ့
BNMC - Business Network Myanmar Chapter
and Rotary Club of Shwe Bangkok

မနေ့ညက BNMC အဖွဲ့တွေ ကား ၇ စီး နဲ့ လူ ၂၃ယောက်
ဆက်တက်သွားကြပါတယ်။
စုစုပေါင်း ကား ၁၈ စီး ( Ambulance ၁၀ စီးအပါဝင်)
ဆရာဝန် (၆), သူနာပြု (၆)
လူအင်အား ၈၂ ယောက် ( လူငယ်တွေအပါ)
ဒီနေ့ ကူကြပါမယ်။

Here is BNMC Arrangement

စီမံကား
၁၊ ကိုအောင်ကိုဝင်းနှင့်မိသားစု ၊
ဟန်နီ(U Ag Myint Swe's daughter (၄ဦး)
၂၊ ကိုဟန်လင်းေအာင် နှင့်အဖွဲ့ (၄ဦး)
၃၊ ကိုထိန်လင်း နှင့် မအိပိုင်

ထောက်ပို့ကား
၁၊ ရေသန့်စက်နှင့် စပ်ဆပ်ပစ္စည်းများ(အဖွဲ့ဝင်၄ဦး)
၂၊ ၁၄ပေ Canta (ယာဥ်မောင်း ၁)
၃၊ ၁၀ပေ Canta (ယာဥ်မောင်း ၁)
၄၊ Light truck (လူ ၈ဦး)

ပစ္စည်းစာရင်း

၁၊ ရေသန့်ကဒ် (၃၈၅ ကဒ်)
၂၊Oxygen Concentrator (၄လုံး)
၃၊ Power Bank (၂၀၀လုံး)
၄၊ ခေါက်ဆွဲခြောက် ၊ကိတ်ခြောက် ၊ ဘီစကစ် နှင့် အခြားအသင့်စားမုန့်များ (တန်ဖိုး သိန်း၆၀ခန့်)
၅၊ ရေသန့်ဆေး ၊ဓါတ်ဆား ၊ အိမ်သုံးဆေးဝါးများ၊ First Aid Boxများ ၊ Mask ၊ လက်အိတ်များ ၊ IV set များ (တန်ဖိုး သိန်း၁၈၀ခန့်)
၆၊ DB bag( ၃၀လုံး)
၇၊ gas မီးဖို ၂လုံး gasဗူး (၁၀လုံး )
၈၊ 5KVA မီးစက် ( ၁လုံး )
မှတ်ချက် ။ Ambulance ၄စီးနှင့် ဆရာဝန်၆ဦး သူနာပြု၆ဦးတို့မှာ မနက်စောစောထွက်ခွာ၍ မန္တလေးသို့ရောက်နှင့်ပြီးဖြစ်ပါသည်။

31/03/2025

မြန်မာနိုင်ငံငလျင်ကို အမြန်ဆုံးကူညီတုန့်ပြန်နိုင်ဖို့
Rotary Club of Shwe Bangkok မှ အောက်ပါအတိုင်း
စီစဉ်ဆောက်ရွက်ထားပါတယ်။

ငလျင်စတင်ခဲ့တဲ့ ၂၈ ညဘက်ကနေစပြီး မန်ဘာများရဲ့ အလှူငွေ
၂၉-၃၀ နေ့တွေမှာ ဘန်ကောက်နေ မိတ်ဆွေများရဲ့ အလှူငွေတွေ
စုစုပေါင်း ( ဘတ်ငွေ ၅၃၆,၂၂၆ ) ရရှိခဲ့ပါတယ်။

ရရှိငွေကို အကျိုးရှိရှိ စနစ်တကျခွဲဝေလှူဒါန်းနိုင်ဖို့ ဘုတ်အဖွဲ့မှစည်းဝေးတိုင်ပင်ပြီး ပထမအဆင့် အသုံးပြုအဖြစ် အောက်ပါအတိုင်း ဆုံးဖြတ်ချက်ချထားပါတယ်။

၁။ မြန်မာပြည်ရှိ လုပ်ငန်းရှင်များပါဝင်တဲ့ (BNMC Network နဲ့ ကြီးလေးကြီးကယ်ဆယ်ရေး) အတွက် လတ်တလော ကယ်ဆယ်ရေးတွေ မန္တလေးမှာ လုပ်နေတဲ့အတွက် အလှူငွေ (ဘတ် ၅ သောင်း)

၂။ လိုအပ်တဲ့ဆေးဝါးတွေစုဆောင်းထားပြီး မြန်မာပြည်ပို့ဖို့
(ဘတ် ၅ သောင်း)ကို အသုံးချပါမယ်။

၃။ စစ်ကိုင်းအတွက် (ဘတ် ၅သောင်း) ဖယ်ထားပါတယ်။ အဆက်အသွယ်တွေနဲ့ မေးနေပါတယ်။

၄။ Rotary Club of Shwe Bangkok ရဲ့ main donor ပါဝင်နေတဲ့ ကျန်းမာရေးဌာနအောက်က နေ စီစဉ်နေကြတဲ့ ကျန်းမာရေးထောက်ပံ့မှု အထူးအဖွဲ့တွေကို ဘတ် ၅ သောင်း

၅။ ကွာလတီကောင်းတဲ့ သိန်း ၆၀ တန် ကျောက်ခွဲစက်ဝယ်ပြီး ဒီမနက်ပို့ပါပြီ။

၆။ အင်းလေး အတွက် ဘတ် ၅ သောင်း ( အစားအစာနဲ့ရေ)

စုစုပေါင်း ဘတ် ၂.၅- ၃ သိန်း စသုံးပါမယ်။

ထိုင်း Rotary District နဲ့ အတူ မြန်မာပြည် Rotary Clubs များနဲ့ ပူးပေါင်းပြီး Rotary International Disaster Fund ရရှိရေးဆက်လက်လုပ်ဆောင်နေပါတယ်။ မှန်းချေ ဒေါ်လာ ၃၀၀၀၀-၄၀၀၀၀ ရရှိနိုင်ပါတယ်။။

ဘန်ကောက် ပတ္တရား နဲ့ ချင်းမိုင် က ကျနော်တို့နဲ့ ရင်းနှီးတဲ့ ကလပ်တွေက သက်ဆိုင်သူတွေ ဖုန်းဆက်ပြီး ကူဖို့ လှူဖို့လည်း ဆက်သွယ်လာပါတယ်။

Board of Directors




ที่อยู่

Jomtien Na
Pattaya
20150

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Sunset Serenity Jomtien Resortผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์