Education visa service in Thailand

Education visa service in Thailand Customer's trust is our happiness Now I am studying at Mahachulalorkorn University.

03/05/2024

ထိုင်း program 20 ရက်နေ့ နောက်ဆုံးနော်

29/04/2024

ဘယ်သူရေးထားတာလဲမသိ တကယ်အဖြစ်မှန်နော် အခုထိကြုံတွေ့နေကြတာမို့ ပြန်တင်ပေးလိုက်ပါတယ်။

ထိုင်းနိုင်ငံကို ပထဆုံးလာရောက်လည်ပတ်သူတွေ တွေ့ရတတ်တဲ့ အလိမ်အညာ ၅ ခု နှင့် သူတို့ကို ဘယ်လိုရှောင်ရမလဲ

ဘန်ကောက်မြို့ဟာ အလွန်လုံခြုံစိတ်ချရပြီး အဆင့်မြင့် ပျော်ရွှင်ဖွယ်ကောင်းသော မြို့တစ်မြို့ဖြစ်တယ်လို့ထင်ရပါတယ်။ ဒါပေမယ့် နေရာတိုင်းလိုလိုပင်၊ အချို့သော မရိုးသားသော လူတွေဟာ ဧည့်သည်အသစ်များကို အခွင့်ကောင်းယူပြီး သူ့တို့လှည့်ကွက်ထဲသို့ဝင်အောင် အသုံးချတတ်ကြပါတယ်။ သူတို့ရဲ့ လှည့်ကွက်တွေက အတော်လေးကို သိသာထင်ရှားနေပေမယ့် အသစ်
ရောက်လာတဲ့သူပဲဖြစ်ဖြစ် နည်းနည်းနုံအမှုတွေကြောင့် ဖြစ်ကောင်းဖြစ်နိုင်သလို လူလိမ်တွေရဲ့ ကျော့ကွင်းထဲကို နေ့တိုင်းလိုလို ကျရောက်နေပါသေးတယ်။

အခုကြိုတင်သတိပေးထားတဲ့ အရာတွေဟာ အကြမ်းအားဖြင့်သာဖြစ်ပြီး ပိုမိုသတိထားပါက လိမ်လည်မှုများကို ရှောင်လွှဲရန်အတွက် အကူအညီဖြစ်မှာပါ။ အောက်ဖော်ပြပါ ဥပမာများအားလုံးတွင် ပုံစံတွေဟာ ဘာပဲဖြစ်ဖြစ်"No, thank you" ပြောတတ်ဖို့လိုပါတယ်။

✅"Grand Palace ဒီနေ့ပိတ်တယ်နော်" ဆိုပြီးလိမ်တဲ့လူလိမ်

Grand Palaceနားဟာ လူသိအများဆုံး လူလိမ်အများဆုံးနေရာတစ်ခုဖြစ်ပြီး ဒါဇင်နဲ့ချီတဲ့ ခရီးသွားဧည့်သည်တွေဟာ နေ့စဉ်နဲ့အမျှ လိမ်လည်သူတွေရဲ့ ကျော့ကွင်းထဲကိုကျဆင်းနေကြပါတယ်။

ဘန်ကောက်မြို့ရဲ့ အထင်ကရနေရာတွေထဲက တခုကို လျှောက်သွားနေတတဲ့အခါ ပြုံးနေတဲ့ ထိုင်းလူစိမ်းတစ်ယောက်က သင်ဘယ်ကလာလဲလို့ မေးပြီး စကားအနည်းငယ်ပြောပြီးနောက် ထိုလူက သင်ဘယ်သွားမလို့လဲလို့မေးပါလိမ့်မယ်။

ဒီလိုလုပ်ခြင်းအားဖြင့် မြန်မြန်ဆန်ဆန်နဲ့ သင်ဘယ်သူလဲဆိုတာကိုသိနိုင်ပြီး ထိုင်းနိုင်ငံမှာ ပထမဆုံးအကြိမ်လာရောက်လည်ပတ်သူလား ဒါမှမဟုတ် လာနေကျလူလားအဖြစ် ခွဲခြမ်းစိတ်ဖြာပါလိမ့်မယ်။ " ပြီးလျှင်တော့ သူက "ဒီနေ့Grand Palace ထဲကိုသွားလည်ချင်တာလား? ဒီနေ့က special royal event ရှိတာမို့ တစ်ရက်လုံးပိတ်ထားတယ်လေ။ ကံဆိုးတယ်နော်" ဆိုပြီးစကားစပါလိမ့်မယ်။

ဂိတ်ပေါက်နဲ့ဝေးပြီး လျှောက်သွားနေတဲ့ လူအုပ်ကြီးကို မမြင်နိုင်စေဖို့ စကားတွေပြောပြီး လိမ်ညာခေါ်ဆောင်သွားပါလိမ့်မယ်။ အဲ့ဒီအစား ဘန်ကောက်တဝိုက်က တခြားဘုရားကျောင်းကြီးတွေကို ဘတ် ၂၀ ကနေ ၄၀ ဘတ်လောက်သာ ကျသင့်တာကို ပြပေးလိမ့်မယ်။ ပြီးတော့ သူကတစ်နေ့လုံးအတွက် guideအဖြစ်လုပ်ပေးပါလိမ့်မယ်။

Grand Palaceပိတ်သွားတဲ့အတွက် ဘယ်သွားရမလဲဖြစ်နေတဲ့သင်က ဒီစိတ်ရင်းကောင်းတဲ့ လူလိမ်ကြီးလမ်းပြတဲ့အတွက် ကျေးဇူးတင်ပြီးကျေနပ်ပျော်ရွှင်မိနေမှာပါ။ သူက tuk-tukနဲ့ တခြားဘုရားကျောင်းကို ခေါ်သွားပါလိမ့်မယ်။

ပြီးလျှင်ရေပေါ်ဈေးတို့လို့ market တွေကို ခေါ်ဆောင်သွားတတ်ပြီး စက်လှေသမားနှင့်ပေါင်းကာလိမ်လည်ပြီး လက်မှတ်ဖိုး ကားခဖိုးတွေမတန်တစ်ဆတောင်းပါလိမ့်မယ်။

ဖော်ရွေသော ပြုံးနေသောလူကြီးက tickets or packages မဝယ်မချင်း နည်းလမ်းမျိုးစုံဖြင့် ကြိုးစားနေကာ လက်မှတ်တွေ packages တွေဝယ်ပြီးပါက နောက်ဘုရားကျောင်းသို့ လည်ပတ်ရင်း ရုတ်တရက် ကွယ်ပျောက်သွားပါလိမ့်မယ်။

လိမ်လည်သူကိုဘယ်လိုသိနိုင်မလဲ? - အကူအညီလိုတဲ့အခါ ကူညီဖို့လူတွေကပုံမှန်ဖြစ်ပေမယ်ံ ကိုယ်အကူအညီမလိုအပ်ဘဲနှင့် တစ်စုံတစ်ဦးမှ သင့်အား အတင်းအကူအညီပေးသောအခါတွင် အလွန်သံသယဖြစ်စရာကောင်းပါတယ်။ ဖော်ရွေသော အမည်မသိ ထိုင်းအမျိုးသားတစ်ဦးဟာ အင်္ဂလိပ်စကားကို ကောင်းစွာပြောတတ်သူဖြစ်ပြီး အထူးသဖြင့် ခရီးသွားနေရာအနီးတွင် အများအားဖြင့် ရှိနေတတ်ပါတယ်။ လူလိမ်ပုံစံကတော့ မြေပုံကိုကိုင်ထားတတ်ပြီး တစ်နေကုန်အပြင်မှာနေပူတာမို့ ထီးကိုဆောင်းထားတတ်ပါတယ်။

✅The tuk-tuk scam

Grand Palace လိမ်လည်မှုနှင့်ဆင်တူသော်လည်း ပိုမိုရိုးရှင်းသောပုံစံဖြင့်- အထင်ကရနေရာများ၊ ဟိုတယ်များ၊ စျေးဝယ်စင်တာများနှင့် အခြားခရီးသွားလာရာနေရာများရှေ့တွင် ရပ်ထားသော tuk-tukများဟာ အကွာအဝေးအနည်းငယ်အတွက် ရယ်စရာကောင်းသော အခကြေးငွေကို တောင်းခံပြီး/ သို့မဟုတ် ကျောက်မျက်ရတနာဆိုင်တစ်ခုရှေ့မှာရပ်ပြီးတော့ ဓာတ်ဆီအလကားရအောင်ကူညီပေးပါဉီးဆိုပြီးတောင်းဆိုတတ်ပါတယ်။ အဲ့လိုပြောလာပြီး ကျောက်မျက်ရတနာဆိုင်တွေရှေ့မှာရပ်ခဲ့မယ်ဆိုပါက ဘာမှမဝယ်ဘဲလှည့်ထွက်လာလိုက်ပါ။

အားနာတတ်တဲ့စိတ်ကိုအခြေခံပြီး ဆိုင်တစ်ခုခုရှေ့မှာရပ်ပြီး အတင်းအကျပ်ဝယ်ခိုင်းတာမျိုးလုပ်ပါလိမ့်မယ်။ ဒီလိုလုပ်ခြင်းအားဖြင့် သူ့အတွက် ကော်မရှင်လိုမျိူးရတတ်လို့ပါ။

လိမ်လည်သူကိုဘယ်လိုသိနိုင်မလဲ? - ကုန်တိုက်များနှင့် ဟိုတယ်များအနီးတွင် ရပ်ထားသော tuk-tuk များကို ရှောင်ပါ သို့မဟုတ် သင့်သွားမည့်နေရာသို့သွားရာလမ်းတွင် ဒီနေရာမှာခနရပ်လို့ရမလား ခနလေးဝင်ကြည်ပါလားလို့ဆိုလာသမျှကိုငြင်းဆိုပါ။

✅ မြစ်ထဲသို့ သို့မဟုတ် တူးမြောင်း သို့ စက်လှေသွားစီးမယ့် ဆိပ်ခံတံတားနားမှာ လိမ်လည်တတ်သောလူများ

ခရီးစဉ်ဟာ အစစ်အမှန်ဖြစ်ပြီး တစ်ကယ်လည်းနှစ်သက်စရာကောင်ပါတယ်။ လိမ်လည်မှုကြောင့် သင့်ခရီးစဉ်လေးမပျက်စီးမှီ စိတ်ထဲမှာကျေနပ်မိနေဉီးမှဦးမှာပါ။ သင့်ရဲ့ ဖော်ရွေလှစွာသော လူလိမ်လမ်းညွှန်ကြီးကလည်း မြစ်ကမ်းနားက ဘားမှာရပ်ပြီး soft drinkတွေကိုယ်တိုင်ယူပေးပြီး ကြင်နာဂရုစိုက်မှုတွေနှင့်ဆက်ဆံခံရမှာပဲဖြစ်ပါတယ်။ အဲ့အချိန်ထိတွေ အဆင်ပြေနေပါသေးတယ်။ ခရီးစဉ်လည်းပြီးခါနီးရောက်ရော သင့်စိတ်ထဲမှာတွေးမိမှာကတော့ ဒီနေ့အရမ်းသာယာလိုက်တာ ဒီလိုလိုက်ပို့ပေးတဲ့သူနဲ့တွေ့လိုက်ရတာ ကံကောင်းတာပဲလို့ထင်မိမှာပါ။

ဆိပ်ခံအနီးသို့ ချဉ်းကပ်သောအခါ အင်ဂျင်ဟာ ဆိပ်ခံမှ မီတာ 200 အကွာတွင် ရပ်သွားကာ ကမ်းကိုရောက်ရန် လှေစီးခအတွက် နောက်ထပ် ဘတ်ငွေ 1,000 သို့မဟုတ် ထို့ထက်ပိုပြီး သင့်သူငယ်ချင်းအသစ်မှ တောင်းခံပါလိမ့်မယ်။ 😂 သင်ဘာတွေပြောပြီး ဘယ်လောက်ငြင်းခုံနေပါစေ လှေက ဆိပ်ခံနားကို မရောက်တော့ပါဘူး။ ကင်မရာတွ၊ ဖုန်းတွေနှင့်အတူ ဆိပ်ခံသို့ရေးကူးပြီးသွားဖို့ဆိုတာလည်းမဖြစ်နိုင်တာမို့ ဘတ် ၁၀၀၀ အောက်မနည်း လှေစီးခကိုထပ်ပေးရမှာပါ။

How to avoid the scam: ခရီးသွားတွေများတဲ့နေရာမှာ သင့်ကို ချဉ်းကပ်လာတဲ့ သူစိမ်းတွေကို မယုံပါနဲ့။ ပြုံးရုံသာ ငြင်းပါ။ တူးမြောင်းတစ်လျှောက် စက်လှေဖြင့် စူးစမ်းလိုပါက ခရီးသွားအေးဂျင့်နှင့် သို့မဟုတ် ဆိပ်ခံတံတားများတွင် ကြိုတင်စာရင်းပေးသွင်းပါ။ အပြုံးလေးနှင့်လူတွေက သင့်ထံချဉ်းကပ်ဖို့ ကြိုးစားနိုင်ပေမယ့် ကောင်တာမှာ ကိုယ်ကိုယ်တိုင် လက်မှတ်ကိုသွားဝယ်ပါ။

✅ ဟိုတယ်ရှေ့က တက္ကစီသမားလူလိမ်များ

ဒါကတော့တော်တော်များများလည်းသိပြီးကတဲ့ လိမ်လည်နည်းတစ်ခုလည်းဖြစ်ပါတယ် ကြယ် 4 ပွင့်နှင့် 5 ပွင့်ဟိုတယ်တိုင်းရဲ့ ရှေ့တွင် တစ်နေ့တာလုံး တက္ကစီ ၂ လုံး သို့မဟုတ် ၃ စင်းရပ်ထားလေ့ရှိပြီး လှည့်လှည်သွားလာနေတဲ့ တက္ကစီဒရိုင်ဘာတွေက လမ်းပေါ်မှ ခရီးသွားများကို အတင်းခေါ်ယူတင်ဆောင်ခြင်းမရှိတာကတော့သိသာထင်ရှားပါတယ်။ ဒီတက္ကစီတွေက ဟိုတယ်ကနေ Services ပေးခိုင်းထားပုံစံမျိုးလုပ်ထားပေမယ့် တစ်ကယ်က ဘယ်ဟိုတယ်ကမှာပေးဆောင်တဲ့ ဝန်ဆောင်မှုမျိုးမဟုတ်ပါဘူး။

တက္ကစီရှာနေတဲ့ ဟိုတယ်ဧည့်သည်တွေကို တွေ့ရှိပြီး သူတို့ရဲဲ့ ဝန်ဆောင်မှုကို ကောင်းမွန်စွာပေးဆောင်မှာပါ။ သူတို့က ဒီမှာ အမြဲရပ်ထားလို့ အဆင်ပြေတယ်လို့ ထင်မိမှာဖြစ်ပြီး ငှားရမ်းမိပါလိမ့်မယ်။ အကယ်လို့ငှားရမ်းမိပါက မီတာပိတ်ထားတာကို တာကိုသတိထားမိတာနှင့် မီတာဖွင့်ပြီးမောင်းပေးဖို့ မေတ္တာရပ်ခံပါ။ အဲ့အချိန်မှာ ယာဉ်မောင်းဟာ လေဆိပ်သို့ ဘတ် ၅၀၀ (ပုံမှန် ၃၀၀ မှ ၃၅၀ အစား) ကဲ့သို့သော ကမ်းလှမ်းမှုတစ်ခု ပြုလုပ်မှာဖြစ်ပြီး မီတာကိုတော့ဖွင့်ပေးမှာမဟုတ်ပါဘူး။ သူ့ရဲ့ကားကိုငှားစီးပြီးသားဖြစ်သွားပြီမို့ ကားကိုရပ်ခိုင်းဖို့ဆိုတာမလွယ်ကူတော့ပါဘူး။

လိမ်လည်မှုကို ရှောင်ရှားနည်း- လမ်းပေါ်မှ တက္ကစီတစ်စီးကို လက်တားပြီးစီးတာကို ပိုအဆင်ပြေပေမယ့် တစ်ခုမှ မရနိုင်ပါက မထွက်မှီတည်းက မီတာကို ဖွင့်ထားရန် တောင်းဆိုပါ။ အခြားအရာများ အဆင်မပြေပါက Grab ကဲ့သို့ ride-hailing appအသုံးပြုပါ။

✅ ကုန်တိုက်တွေမှာတွေ့ တဲ့ မင်းတို့နိုင်ငံပိုက်ဆံမြင်ဖူးချင်လို့ ခဏလောက်ကြည့်လို့ရမလားဆိုတဲ့လူလိမ်

ကုန်တိုက်တွေထဲမှာ တွေ့ရလေ့ရှိတာကတော့ ဘယ်နိုင်င့ကလည်းဆိုပြီး အရင်လာမိတ်ဆက်တဲ့ နိုင်ငံခြားသားတွေပါ။

အထူးသဖြင့် Indiaလူမျိုးတစ်ချို့ လာမေးတာမျိုးကိုမကြာခဏတွေ့ကြုံရတတ်ပါတယ်။

ပြီးလျှင်တော့ မင်းတို့နိုင်ငံကပိုက်ဆံကိုမမြင်ဖူးလို့ ခဏလောက်ကြည့်လို့ရမလားဆိုပြီး ပိုက်ဆံအိတ်ကို ဖွင့်ပြခိုင်းတာပါ။

ကိုယ်သတိမထားလိုက်မိခင်မှာပဲ ပိုက်ဆံတွေက သူ့ဆီရောက်သွားပါပြီ။

ဘယ်လိုကနေဘယ်လို ပါသွားမှန်းမသိပေမယ့် သတိထားမိတဲ့အချိန်မှာ ပိုက်ဆံတွေမရှိတော့ပါဘူး။

ဒါကြောင့် ကုန်တိုက်ထဲမှာ နိုင်ငံခြားသားလာနုတ်ဆက်တယ်ဆိုတိုင်း စကားပြန်မပြောပါနဲ့။

ဒီအဖြစ်အပျက်တွေက နေ့စဉ်ကြုံတွေ့နေရတုန်းပါ။

Adminကိုလာပြောကြတဲ့သူတွေလည်းရှိနေသေးတာမို့ လူလိမ်တွေနဲ့ကင်းဝေးဖ်ု့အတွက် ပြန်တင်ပေးလိုက်ပါတယ်။

03/04/2024

ကဲခုဒီတစ်ခါတော့ ကျွန်တော် Education diplomaမှာ လူများနေတော့ ကျွန်တော်အပ်တဲ့အစီစဉ်လေး ဒီနေ့အပြီးသက်လိုက်ပါပြီး မရတော့ပါဘူး ခင်မျာ့

31/03/2024
အသိနောက်ကျသော သတင်းအချက်လက်စကောလားရှစ်ဆိုတာဘာလဲ နိုင်ငံတကာမှာရှိသော တက္ကသိုလ်အသီးသီးကနေ သူတို့ရဲ့ တက္ကသိုလ်ကို ထူးချွန်က...
17/10/2023

အသိနောက်ကျသော သတင်းအချက်လက်
စကောလားရှစ်ဆိုတာဘာလဲ
နိုင်ငံတကာမှာရှိသော တက္ကသိုလ်အသီးသီးကနေ သူတို့ရဲ့ တက္ကသိုလ်ကို ထူးချွန်ကျောင်းသားများ ရရှိစေရန်နှင့် နိုင်ငံခြား ကျောင်းသားများလာရောက်ရန် လုပ်သော အစီစဉ်တစ်ခုဖြစ်ပါတယ် လူငယ်များသည် ဘွဲ့တစ်ခုခုရထားသည်ဖြစ်စေ မရထားသည်ဖြစ်စေ English ကို အဆင့်မြင့်တင်ထားရန် လိုအပ်ပါသည်။ ထို့မှ့တစ်ဆင့် မိမိစိတ်ပါဝင်စားသော အသက်မွေး‌ဝမ်းကြောင်းကို ဒီပလိုမာ ယူရန်လိုအပ်ပါသည် ထို့ကြောင့် အနှီးပုဂ္ဂိုလ်သည် အင်ဂျင်နီယာကို စိတ်ပါဝင်စားသည်ဆိုပါက ထိုအရာနှင့်ပတ်‌သက်သော online ဒီပလိုမာဘွဲ့ကို ပထမအဆင့်အနေဖြင့် အသိမှတ်ပြုသော တက္ကသိုလ်တစ်ခုခုမှ့ ယူထားရန်လိုအပ်ပါသည်။ ထိုမှ့တစ်ဆင့် အလုပ်လုပ်ရင်း ကျောင်းတက်ပါက ဝါသနာပါပါ ပျော်ရွင်စွာ ဘဝကို ဖြက်သန်းသွားလာနိုင်ပါလိမ့်မည်

30/08/2021
First Read The Story ....A “mouse” was put at the top of a jar filled with grains. He was too happy to find so much food...
12/01/2021

First Read The Story ....

A “mouse” was put at the top of a jar filled with grains. He was too happy to find so much food around him. Now he doesn’t need to run around searching for food and can happily lead his life. As he enjoyed the grains, in a few days’ time, he reached the bottom of the jar. Now he is trapped and he cannot come out of it. He has to solely depend upon someone to put grains in the same jar for him to survive. He may even not get the grain of his choice and he cannot choose either.

Here are FOUR lessons to learn from this:

1) Short term pleasures can lead to long-term traps.

2) If things are coming easy and you are getting comfortable, you are getting trapped into survival mode.

3) When you are not using your skills, you will lose more than your skills. You lose your CHOICES.

4) The right Action has to be taken at the right time, or else you will lose whatever you have.
(Copied)

ที่อยู่

Wang Noi
13170

เวลาทำการ

จันทร์ 00:00 - 16:00
อังคาร 00:00 - 16:00
พุธ 00:00 - 16:00
พฤหัสบดี 00:00 - 16:00
ศุกร์ 09:00 - 16:00
เสาร์ 09:00 - 17:00
อาทิตย์ 09:00 - 17:00

เบอร์โทรศัพท์

+66633028900

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Education visa service in Thailandผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Education visa service in Thailand:

แชร์